ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် တရားခံ၂၉ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

အပြစ်မဲ့ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ရန်နှင့် ဒေသတွင်း ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန် 
ကန်ကြီးထောင့်မြို့နယ် NLD ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဝေယံအောင်က အဓိက စီစဉ်ညွှန်ကြားနေကြောင်းဖော်ထုတ်သိရှိ

 

နေပြည်တော်   အောက်တိုဘာ  ၅


အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရစက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၈ ရက် တွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နှင့် ပန်းတနော်မြို့ကြား အင်းမနယ်မြေရဲစခန်းရှေ့  စစ်ဆေးရေးဂိတ်တွင် ပုသိမ်-မြဝတီ ပြေးဆွဲ သည့် ဒို့ညီနောင်ယာဉ်လိုင်းဖြင့် လိုက်ပါစီးနင်းလာသည့် စည်သူအောင် (၃၅)နှစ်၊ အောင်နိုင်ထွေး(၃၅)နှစ်နှင့် ဘိုဘိုထွန်း (၂၈)နှစ်တို့ကို ဖမ်းဆီး ရမိခဲ့ပြီး စည်သူအောင်၏ ထွက်ဆိုချက်အရ ကန်ကြီးထောင့်မြို့နယ်ကညွတ်ကုန်းကျေးရွာနေ စတာလင်း(၆၁)နှစ်ကို ထပ်မံဖမ်းဆီးရမိခဲ့ သည်။


ဖမ်းဆီးရမိတရားခံ စည်သူအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၁၉ ရက်တွင် သာပေါင်းမြို့နယ် ညောင်ပင်လေးဆိပ်ကျေးရွာနေ စိုးပိုင် (၃၅)နှစ်အား ပစ္စတိုကျည်အိမ် တစ်ခု၊ လက်လုပ်လေသေနတ် တစ်လက်၊ လက်လုပ်မိုင်း နှစ်လုံး၊ ယမ်း တစ်ဘူးတို့နှင့်လည်းကောင်း၊ ကန်ကြီးထောင့်  မြို့နယ် ဆက်ချောင်းကျေးရွာနေ ရဲမိုး(၄၁) နှစ်အား တူမီးသေနတ် တစ်လက်နှင့်လည်းကောင်း၊ ကန်ကြီးထောင့်မြို့ (၁) ရပ်ကွက်နေ အောင်အောင်(၃၈)နှစ်အား လက်လုပ်သေနတ် တစ်လက်နှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။ထပ်မံဖမ်းဆီးရမိဖမ်းဆီးရမိတရားခံ     စည်သူအောင်၏       ထွက်ဆိုချက်အရ စက်တင်ဘာ ၂၀ ရက်တွင် ကန်ကြီးထောင့်မြို့နယ် ကုလားကုန်းကျေးရွာရှိ ထန်းကုန်းလေးကျောင်းတိုက်နေ အောင်မြင့်(၅၃)နှစ်ကိုလည်းကောင်း၊ ကန်ကြီးထောင့်မြို့ (၄)ရပ်ကွက်နေ ရဲလင်းနောင် (၃၁)နှစ်၊(၂)ရပ်ကွက် နေ  အောင်ဓန(၁၉)နှစ်၊   (၁)ရပ်ကွက်နေ ရဲဝင်းသူ (၃၇)နှစ် တို့ကို လည်းကောင်း၊  ပုသိမ်မြို့ (၅)ရပ်ကွက်နေ    ဇော်ထိုက်(၆၂)နှစ်နှင့် သက်ထားဝေ(၂၃)နှစ်တို့ကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ဇော်ထိုက်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၁ ရက်တွင် ကန်ကြီးထောင့်မြို့နယ် ညောင်ပင်ကျေးရွာနေ ထက်ထက် (၂၆)နှစ်အား လမ်းလျှောက်စကားပြောစက် တစ်လုံး၊ ဒူးလေး တစ်လက်၊ မြှား ၃၄ ချောင်း၊ ကန့်မှုန့် တစ်ဘူး၊ ယမ်းမှုန့် ခုနစ်ဘူး၊ သံဘောစေ့ ၁၄၀၀၊ ယမ်းမီးခြစ် အလုံး  ၆၀ တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ စည်သူအောင်၏ ထွက်ဆိုချက်အရ
ဖမ်းဆီးရမိတရားခံ စည်သူအောင်၏ထွက်ဆိုချက်အရ စက်တင်ဘာ ၂၂ ရက်တွင် သာပေါင်းမြို့နယ် သန်လျက်စွန်းကျေးရွာ ပုသိမ်-သာပေါင်း ကားလမ်း မိုင်တိုင်အမှတ် (၀/၄) နှင့်  (၀/၅) ကြားတွင်    Light   Truck အဖြူရောင်ယာဉ်ပေါ်မှ စိုးမင်းထွန်း(၃၅)နှစ်၊ စစိုးမိုးကျော်(၂၉)နှစ်၊ အောင်ကိုကို (၁၉)နှစ်၊ ထွန်းအေး(၆၂)နှစ်၊ နေလင်းအောင် (၂၈)နှစ်၊ လှမျိုးမင်း (၃၈)နှစ်၊   လှကြည်(၄၈)နှစ်၊   ညီဇော်လတ် (၃၅)နှစ်တို့ ရှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ညီဇော်လတ်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၃ ရက်တွင် သာပေါင်းမြို့နယ် ဘုရားဦးပေါက်ကျေးရွာနေ သောင်းမြင့် (၄၆)နှစ်အား ပစ္စတိုတစ်လက်၊  ၉ မမကျည် ၁၅ တောင့်၊   ကျည်အိမ် တစ်ခု၊ တူမီးသေနတ် ငါးလက်၊  လက်လုပ်မိုင်း တစ်လုံးနှင့်   ဖောက်ခွဲ ဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊  ငွေဆောင်မြို့ ရှောက်ချောင်းကျေးရွာနေ အောင်ခင်ဌေး (၃၅) နှစ်အား ပုသိမ်-ငွေဆောင် ကားလမ်း  မိုင်တိုင်အမှတ် (၂၈/၃) တွင်လည်းကောင်း   ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ထွန်းအေးနှင့် စိုးမင်းထွန်းတို့၏ ထွက်ဆိုချက် အရ ၎င်းတို့၏ နေအိမ်များတွင် လက်နက်များဝှက်ထားကြောင်း သိရ သဖြင့် စက်တင်ဘာ ၂၃ ရက်တွင် သွားရောက်ရှာဖွေခဲ့ရာ ထွန်းအေး နေအိမ်အတွင်းမှ လက်လုပ်မိုင်း ၂၂ လုံး၊ တူမီး သေနတ်အတို တစ်လက်၊ တူမီးသေနတ် အရှည် ၁၂ လက်၊ လက်လုပ်လေသေနတ်  နှစ်လက်၊ ယမ်း ၂၈ ဘူး၊ ပြုလုပ်ဆဲလက်လုပ်မိုင်း တစ်လုံး၊ ဗြောက်အိုး အလုံး ၇၀၊ ဆန် ကိုးအိတ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း များကို လည်းကောင်း၊ စိုးမင်းထွန်း နေအိမ်အတွင်းမှ တူမီးသေနတ် အရှည် လေးလက်ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ     နေလင်းအောင်၏    ထွက်ဆိုချက်အရ စက်တင်ဘာ ၂၄ ရက်တွင် ကန်ကြီးထောင့်မြို့နယ် တစ်တစ်တူးချောင်း ကျေးရွာ အနောက်ဘက် ငြိမ်းတင်နေအိမ်ခြံဝင်းအတွင်းမှ လက်လုပ်မိုင်း တစ်လုံး၊ တူမီးသေနတ် ခြောက်လက်၊ လက်လုပ်လေသေနတ် လေးလက် တို့ကို သိမ်းဆည်းရမိခဲ့သည်။ 
အောင်ခင်ဌေး၏ ထွက်ဆိုချက်အရ


ဖမ်းဆီးရမိတရားခံ အောင်ခင်ဌေး၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက်တွင်  ငရုတ်ကောင်းမြို့  သဲဖြူကျေးရွာအနီး တောအတွင်းမှ ချမ်းငြိမ်း(၂၁)နှစ်ကို လက်လုပ် မိုင်း ၃၄ လုံး၊ ယမ်းကြိုး ၈၅ ချောင်း၊ ယမ်းပုံး တစ်ပုံး၊ သံဘောစေ့ ၁၅၀၊  9V ဓာတ်ခဲ ၁၈ လုံး၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။


ဖမ်းဆီးရမိတရားခံ ညီဇော်လတ်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၆ ရက်တွင် ကန်ကြီးထောင့်မြို့နယ် ဒိုးပင်စိတ်ကျေးရွာနေ မင်းမင်း ပိုင်ဆိုင်သော‌ ရော်ဘာခြံအတွင်းမှ  ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမ ကျည် အတောင့် ၅၀၊ လမ်းလျှောက်စကားပြောစက် တစ်လုံး၊ Memory Stick  တစ်ချောင်းတို့အား             
သိမ်းဆည်းရမိခဲ့သည်။     ဖမ်းဆီးရမိတရားခံ ညီဇော်လတ်နှင့် နေလင်းအောင်တို့၏ ထွက်ဆို ချက်အရ စက်တင်ဘာ ၂၇ ရက်တွင် ကန်ကြီး ထောင့်မြို့နယ် မြောင်ကြီးကျေးရွာနေ စိန်ကံ (၃၉)နှစ်အား လက်လုပ်စိန်ပြောင်း သုံးလက်၊ သံကိုယ်ထည်  လက်လုပ်ဆုံလည်  သေနတ် သုံးလက်နှင့်လည်းကောင်း၊ ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ အောင်ချမ်းသာ(၃) ဆန်စက်အား  ရှာဖွေရာ  ဆန်စက်မန်နေဂျာ မင်းစိုး(၄၁)နှစ်အား လက်လုပ်ဗုံး ခြောက်လုံး၊ အသံဗုံးတစ်လုံးတို့နှင့်လည်းကောင်း၊ ရေကြည် မြို့နယ်၊   ငါးသိုင်းချောင်းမြို့၊   အောင်ဆန်း ရပ်ကွက်နေ နေသက်စိုး (၃၉)နှစ်အား Beretta ပစ္စတိုတစ်လက်၊   ကျည်အိမ်နှစ်ခု၊  ပွိုင့် ၂၂ ကျည်အတောင့်  ၃၅၀ ၊ ၉ မမ ကျည်အတောင့်  ၅၀ တို့နှင့်အတူ   ဖမ်းဆီးရမိခဲ့ပြီး   ၎င်း၏ ထွက်ဆိုချက်အရ   ရေကြည်မြို့နယ်၊   ဘွဲ့ငူ ကျေးရွာ လယ်ကွက်အတွင်း မြေမြှုပ်ထားသော ယမ်းစိမ်း ၈၀ ကျပ်သား နှစ်ဘူး၊  ဒီတိုနေတာ အချောင်း ၉၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး မအူပင်မြို့နယ်၊ နွားကြီးကုန်း ကျေးရွာနေသူ သောင်းလှိုင်(၆၅)နှစ်အား  ၎င်း၏   နေအိမ် အနောက်ဘက်ရှိ ကိုင်းတောအတွင်း ဝှက်ထား သော လက်လုပ်တူမီးသေနတ် ၄၆ လက်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင်  တရားခံများ  ဖမ်းဆီးရမိမှု အနေဖြင့် ကျား ၂၇ ဦး၊ မ နှစ်ဦး၊ ပေါင်း ၂၉ ဦး ဖမ်းဆီးရမိခဲ့ပြီး  သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများအနေဖြင့် ပစ္စတို သုံးလက်၊ ကျည် အိမ် ငါးခု၊ တူမီးသေနတ် ၇၅ လက်၊ လက်လုပ် လေသေနတ် ရှစ်လက်၊ လက်လုပ်စိန်ပြောင်း သုံးလက်၊   လက်လုပ်ဆုံလည်   သေနတ် သုံးလက်၊ ဒူးလေးတစ်လက်၊ မြား ၃၄ ချောင်း၊ ၉ မမကျည် ၁၁၅ တောင့်၊ ပွိုင့်-၂၂ ကျည် အတောင့် ၃၅၀၊ လက်လုပ်မိုင်း ၆၇ လုံး၊ အသံ ဗုံး တစ်လုံး၊ ဗြောက်အိုးအလုံး ၇၀၊ ဒီတိုနေတာ ၉၀၊ ယမ်းဘူး ၄၄ ဘူး၊ ကန့် တစ်ထုပ်၊ သံဘောစေ့ ၁၅၅၀၊ လမ်းလျှောက်  စကားပြောစက်နှစ်လုံး၊ ဆန်အိတ်  ကိုးအိတ်၊  လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင်   အသုံးပြုသော ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ 


မီးရှို့ခဲ့


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် အရ ၂၀၂၁ ခုနှစ်၊ မတ် ၁၄ ရက်တွင် ကန်ကြီး ထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာရပ်ကွက် စီမံအုပ်ချုပ်ရေးရုံးအား   အောင်နိုင်ထွေးနှင့် ဝေလင်း(ဖမ်းဆီးရန်ကျန်)တို့နှစ်ဦးက   မီးရှို့ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၉ ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ရွှေကန်သာကားဂိတ်အနီး၌    ပြည်ခိုင်ဖြိုး ပါတီဝင် ဦးမောင်မောင်မြင့်အား ကျော်ဇင်ထွေး (ဖမ်းဆီးရန်ကျန်)နှင့် ဘိုဘိုထွန်းတို့ နှစ်ဦးက သေနတ်ဖြင့်  ပစ်ခတ်၍   လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုသို့ အပြစ်မဲ့ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ရန်နှင့် ဒေသတွင်း ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန် ကန်ကြီးထောင့်မြို့နယ်၊ NLD ပါတီ ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်ဟောင်း ဝေယံအောင်က  အဓိက  စီစဉ်ညွှန်ကြားနေ ကြောင်း ပြည်သူများက သတင်းပေးပို့ခဲ့သဖြင့် ၎င်းတို့၏      အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း  သိရ သည်။


အထက်ပါ ဖမ်းဆီးရမိသူများအား ဥပဒေ အရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံများအား  အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု    သတင်းများရရှိပါက သက်ဆိုင်ရာသို့  လျှို့ဝှက်စွာ   သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန် ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံထားသည်။


သတင်းစဉ်