
ဗစ်တာ(ကေတုမတီ)
Global Centre for Responsibility to Protect (GCR2P) အဖွဲ့ရဲ့ အပတ်စဉ်ထုတ် Atrocity Alert (ရက်စက်ယုတ်မာမှုများအသိပေးချက်) စာစောင်အမှတ် ၂၇၈ မှာ “UN Gravely Concerned as Violence Intensifies in Myanmar” ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။ GCR2P ဆိုတာ Responsibility to Protect (R2P) ကို ထောက်ခံတဲ့နိုင်ငံတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပြီးတော့ အင်အားကြီးနိုင်ငံတွေရဲ့ လိုလားချက်တွေကို အကောင်အထည်ဖော်ဖို့ရာ လိုအပ်တဲ့ အကြောင်း အချက်တွေ၊ အပြစ်အနာအဆာတွေကို ရှာပေးနေတဲ့ အဖွဲ့ဖြစ်တယ်။ ကုလသမဂ္ဂမူဘောင်အောက်မှာ ဖွဲ့စည်းထားတဲ့အဖွဲ့ မဟုတ်ပေမယ့်လည်း မြန်မာနိုင်ငံအပေါ် သတိထားစောင့်ကြည့်နေတဲ့အဖွဲ့ဖြစ်လို့ လျစ်လျူရှုထားလို့မရတဲ့ အဖွဲ့ပါ။ ၎င်းဆောင်းပါးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မဟုတ်မမှန်ဖော်ပြခဲ့တာတွေကို ဖတ်လိုက်ရတော့ မြန်မာပြည်သူတစ်ယောက်အနေနဲ့ အမှန်ကိုတုံ့ပြန်လို စိတ်တွေ ဖြစ်ပေါ်လာမိတယ်။
၂၀၂၀ ရွေးကောက်ပွဲကနေ အစပျိုးလာတဲ့ ပြည်တွင်းမတည်ငြိမ်မှုတွေမှာ ပြည်တွင်းက ကျင့်ဝတ်ပျက်မီဒီယာအချို့နဲ့ ပြည်ပမီဒီယာတွေရဲ့ လိုရာဆွဲရေး မမှန်သတင်းဖြန့်မှုတွေကြောင့် နိုင်ငံ တကာမှာ အထင်အမြင်လွဲမှားတာတွေဖြစ်နေသလို ပြည်တွင်းမှာလည်း ဂယက်ရိုက်ခတ်တာတွေ အများ အပြားရှိနေတယ်ဆိုတာ အားလုံးအသိပဲ။ မြေပြင် အခြေအနေတွေနဲ့ ပြည်ပနိုင်ငံတွေ သိထား ကြားထားတဲ့ ဖြစ်ရပ်တွေက တက်တက်စင်အောင် လွဲမှားနေလေတော့ ဒီအခြေအနေတွေကို လျစ်လျူရှု ထားဖို့ မဖြစ်နိုင်တော့ပါဘူး။
သူတို့ပြောတဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့
ပြောချင်မိတာလေး
၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၀၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ မတူတာကိုတော့ အားလုံးသတိ ထားမိကြမယ်ထင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ပွားခဲ့တယ်ဆိုပြီး အတိုက်အခံပါတီ တွေနဲ့ ကိုယ်စားလှယ်လောင်းတွေက NLD ပါတီ ဦးဆောင်တဲ့အစိုးရက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေအပေါ် ထောင်နဲ့ချီတဲ့ကန့်ကွက် စာတွေပို့ခဲ့ကြတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်စာ ၁၇၄ စောင် ပေးပို့ခဲ့တယ်။ ရွေးကောက်ပွဲ အကြိုမဲဆွယ်ကာလနဲ့ ကြိုတင်မဲပေးကာလတွေမှာ ကတည်းက ရွေးကောက်ပွဲဥပဒေချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ တွေကို ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီက ကန့်ကွက်စာပို့ခဲ့တာတွေလည်းရှိတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ တရားဝင် ကန့်ကွက်စာပို့လာတဲ့ အပေါ်မှာ ဘာတုံ့ပြန်ချက်မှမပေးဘဲ နှုတ်ဆိတ်ပြီး ရွှေအ လုပ်နေခဲ့တယ်လေ။ ရွေးကောက်ပွဲကျင်းပပြီး နှစ်ရက်အကြာ နိုဝင်ဘာလ ၁၀ ရက် ကစလို့ ဇန်နဝါရီ လ ၂၉ ရက်အထိ ကာလအတွင်းမှာလည်း ရွေးကောက်ပွဲကော်မရှင်ကို မြို့နယ်ပေါင်း ၉၉ ခုမှာ ဆန္ဒပြမှု ၁၂၄ ခု ဖြစ်ပွားနေခဲ့တယ်။
တစ်ဖက်မှာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ တွေကို ပြန်ကြည့်မယ်ဆိုရင် ဦးသိန်းစိုးနဲ့ ဦးတင်အေး တို့ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ယူ ဆောင်ရွက်ခဲ့ချိန်က ကြီးကြီးမားမား အငြင်းပွားဖွယ် မဖြစ်ခဲ့တာကို တွေ့ရပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ လွဲမှားတာလေး တွေရှိခဲ့ပေမယ့် ထိုအချိန်က ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူတွေက ဥပဒေ မူဘောင်အတွင်းကနေပဲ ဖြေရှင်းခဲ့ကြတယ်၊ ပြည်သူ ကို ပွင့်ပွင့်လင်းလင်း ချပြကြေညာတာတွေကို တွေ့ရတယ်။ ရွေးကောက်ပွဲမစမီကတည်းကလည်း လေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကို ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ကြိုတင်ဖိတ်ကြားထားခဲ့တာကို တွေ့ရမယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲ ကော်မရှင်ကရော NLD ဦးဆောင်တဲ့အစိုးရကရော မည်သည့်ရှင်းလင်းထုတ်ပြန်မှုမျှ မလုပ်သလို မည်သည့်တုံ့ပြန်မှုမျှလည်း မလုပ်ခဲ့ဘူး။ စောင့်ကြည့် လေ့လာသူတွေလည်း မထားရှိခဲ့ဘူး။ ရွေးကောက်ပွဲ တစ်ခု အောင်မြင်စွာပြီးဆုံးတယ်ဆိုတာ သမာသမတ် ရှိရမယ်၊ ပွင့်လင်းမြင်သာမှုရှိရမယ်၊ လွတ်လပ်ပြီး မျှတမှုရှိရမယ်။ တချို့ကိုယ်စားလှယ်လောင်းတွေ သူတို့ထည့်ခဲ့တဲ့မဲတွေကိုတောင် သူတို့ပြန်မရခဲ့တာ တွေရှိတယ်။ ဒါမျိုးတွေက ဘယ်လိုမှ လျစ်လျူရှုလို့ မရတဲ့ အချက်တွေဖြစ်တယ်။
တပ်မတော်ပါဝင်လာရတယ်ဆိုတာက မဲမသမာမှုနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာ ဆန္ဒပြမှုတွေဖြစ်လာတဲ့အခါ တပ်မတော်ဘက်က လည်း မဲမသမာမှုနဲ့ပတ်သက်ပြီး စစ်ဆေးပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို အကြိမ်ကြိမ်တောင်းဆို ခဲ့တယ်။ သတင်းစာရှင်းလင်းပွဲတွေ လုပ်ခဲ့တယ်။ နိုဝင်ဘာလ ၂ ရက်မှာတော့ မဲစာရင်းတွေပြန်စစ်ဆေး ပေးဖို့၊ ဒီဇင်ဘာလ ၁၀ ရက်မှာ မဲစာရင်းတွေ ကူးယူခွင့်ပြုဖို့ တောင်းဆိုခဲ့တာတွေရှိတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်ဘက်က တုံ့ပြန်မှုမလုပ်ခဲ့ သလို မဲစာရင်းကူးယူခွင့်ကိုလည်း မပေးခဲ့ဘူး။ မိမိတို့နိုင်ငံဟာ ဒီမိုကရေစီမရင့်ကျက်သေးတဲ့နိုင်ငံဖြစ်လို့ မဲစာရင်းမှားယွင်းမှုတွေ ဖြစ်ကောင်းဖြစ်နိုင် တယ်ဆိုပေမယ့် ယခုဖြစ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာတော့ စနစ်တကျရည်ရွယ်ပြီး လုပ်ထားတယ် ဆိုတာကို တွေ့မြင်နေရတယ်။ ဒါကြောင့် တပ်မတော် ဘက်ကလည်း ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ် ပေါင်း ၃၁၅ ခုက မဲစာရင်းတွေကို ရနိုင်သမျှ ကူးယူ ခဲ့ပြီး မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုတွေကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်အထိ ထုတ်ပြန်ရှင်းလင်းမှု (၆)ကြိမ် ပြုလုပ်ခဲ့တယ်။ ဒါ့အပြင် မဲစာရင်းစစ်ဆေး ပေးဖို့ တပ်မတော်နဲ့ ပါတီပေါင်းစုံက အကြိမ်ကြိမ် တောင်းဆိုခဲ့တာကို NLD ပါတီအနေနဲ့ လျစ်လျူရှု ခဲ့ပြီး အစိုးရဖွဲ့စည်းနိုင်ဖို့ ဆက်လက်ဆောင်ရွက်ခဲ့တဲ့ အပြင် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ခေါ်ယူ ပေးဖို့ တပ်မတော်ဘက်က နှစ်ကြိမ် တောင်းဆိုခဲ့ တာကို လျစ်လျူရှုခဲ့တာကြောင့် ပြည်တွင်းဆန္ဒပြမှု တွေ ဖြစ်လာပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်မှာ ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ တပ်မတော်ကို တာဝန် လွှဲအပ်ခဲ့ရတဲ့အခြေအနေကို ရောက်လာတယ်။ NLD အနေနဲ့ နိုင်ငံတော်အာဏာကို မသမာတဲ့နည်းနဲ့ ရယူဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ဘဲ မဲမသမာမှု လုပ်ခဲ့တာ လူမိလေတော့ ရှက်ရမ်းရမ်းပြီး နိုင်ငံ မတည်မငြိမ်ဖြစ်အောင်၊ အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင်၊ ဆူပူမှုတွေဖြစ်အောင်၊ မင်းမဲ့ တိုင်းပြည်ဆန်ဆန် ဖြစ်အောင်လုပ်ပြီး ဇာတ်လမ်း တွေ ဆင်ပါလေတော့တယ်။
NLD ပါတီရဲ့ နိုင်ငံရေး လုပ်စားလာတဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း အနောက်နိုင်ငံတွေရဲ့ ကြိုးဆွဲရာကခဲ့တာတွေကို တွေ့ရပါလိမ့်မယ်၊ အတိုက်အခံလုပ်လာတဲ့ သက်တမ်း တစ်လျှောက်မှာလည်း နိုင်ငံ့ကောင်းကျိုးမှန်သမျှကို တားဆီးဖို့လက်မနှေးခဲ့သလို အစိုးရတာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာလည်း နိုင်ငံ့အတွက်ဆိုတာထက် တစ်ပါတီကောင်းစားရေးကိုသာ ဦးတည်လုပ်ဆောင် ခဲ့တာကို တွေ့ရလိမ့်မယ်။ စက်ဆုပ်ရွံရှာစရာတွေ ပါပဲ။
တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀(စ)အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ဖို့ရာ အဓိကကျတဲ့အဖွဲ့ဖြစ်ပြီး နိုင်ငံတော် အာဏာကို မလွှဲရှောင်သာ လွှဲယူခဲ့ရပြီးနောက်ပိုင်း မဲမသမာမှုတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ ရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲပေးခွင့်ရှိသူ ၃၈ ဒသမ ၂ သန်းကျော်အနက် မဲမသမာမှု ၁၁ သန်း ကျော် (၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) ရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ရတယ်။
ကျွန်တော်တို့ မမေ့သင့်တဲ့အချက်က ဒီမိုကရေစီ လမ်းကြောင်းကို တပ်မတော်ကိုယ်တိုင်က လိုလို လားလားနဲ့ အစပြုဖောက်လုပ်ပေးခဲ့တယ် ဆိုတာ ပဲ။ နိုင်ငံတကာမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့ အသက်သွေးပေါင်းများစွာ စတေးကြရတာ ကို တွေ့ရပါလိမ့်မယ်။ မြန်မာနိုင်ငံဒီမိုကရေစီအကူး အပြောင်းမှာတော့ ညင်ညင်သာသာနဲ့ ကူးပြောင်းနိုင် ခဲ့လို့ ကမ္ဘာ့နိုင်ငံတွေကတောင် ချီးကျူးခဲ့ကြရတယ်။ ဒါကြောင့် တပ်မတော်က ဘာကြောင့် အာဏာ ပြန်သိမ်းရမှာလဲ။ တပ်မတော်အနေနဲ့က နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်ဖို့နဲ့ အခြေခံဥပဒေကို အသက်ပေးကာကွယ် စောင့်ရှောက်နေတာသာဖြစ်တယ်ဆိုတာကို လုံးဝ မမေ့သင့်ပါဘူး။
ဆူပူဆန္ဒပြမှုများမှသည် အကြမ်းဖက်မှုများဆီသို့
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က စတင်တာဝန်ယူခဲ့ပြီး နောက်ပိုင်း သုံးရက်မြောက်ကစလို့ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒ ဖော်ထုတ်မှုတွေသာ ရှိခဲ့တယ်။ နောက်ပိုင်းမှာတော့ ဆန္ဒပြမှုအဆင့်ကနေ ဆူပူမှု၊ အကြမ်းဖက်မှု၊ မီးရှို့ ဖျက်ဆီးမှု၊ လုယက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေနဲ့ မင်းမဲ့စရိုက်အခြေအနေတွေ ဖြစ်လာတယ်။ နိုင်ငံ တကာမှာလည်း ဒီလိုမျိုးအလားတူ ဆန္ဒပြမှုတွေ ဖြစ်လာရင် ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းတွေ ရှိတယ်။ မိမိတို့နိုင်ငံထက် အများကြီးပိုမိုပြင်းထန် တာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒီလို ဆူပူမှုဖြစ် နေတဲ့အချိန်မှာ ပွဲလန့်တုန်းဖျာခင်းတဲ့ EAOs အချို့ က တပ်မတော်စခန်းတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအချို့ကို တိုက်ခိုက်လာခဲ့တယ်။ ဒါတွေဟာ နိုင်ငံရေးခံယူချက်ကြောင့် မဟုတ်ဘဲ နောက်ကွယ် က ပြည်ပနိုင်ငံတွေရဲ့ထောက်ပံ့မှုရယ်၊ ပြည်တွင်း မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ၎င်းတို့အကျိုး အတွက် အမြတ်ထုတ်တာရယ်ကြောင့်ဆိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ဒီအခြေအနေတွေ အပေါ်မှာ တပ်မတော်ဘက်ကလည်း ထိန်းသိမ်း ဆောင်ရွက်နေပေမယ့် မကောင်းမြင်ချင်စိတ်ရှိတဲ့ သူတွေကတော့ မကောင်းမြင်နေကြတာပါပဲ။ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း လို့ခေါ်တဲ့ (Assistant Association for Political Prisioners- AAPP)ရဲ့ အချက်အလက်တွေအရ အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်လို့ လူ ၁၂၀၀ ကျော် သေဆုံးပြီး ၇၀၀၀ ကျော် အဖမ်းခံထားရ တယ်လို့ ကုလသမဂ္ဂဆိုင်ရာမဟာမင်းကြီး မစ္စ မီချဲဘားချလတ်က ပြောဆိုခဲ့တယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်း သူ မစ္စတာ သောမတ် အန်ဒရူး ကလည်း တပ်မတော် ရဲ့ ကျူးလွန်မှုတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက် တယ်လို့ ယူဆရကြောင်းပြောခဲ့ပြီး မြန်မာနိုင်ငံကို ချောက်ကမ်းပါးဆီ တွန်းပို့လာကြတာကို တွေ့ရ တယ်။ ဒီလို အဖွဲ့အစည်းတွေက NUG၊ PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုတော့ လျစ်လျူရှုပြီး တစ်ဖက်စောင်းနင်း ပြောလာတာကိုတွေ့ရတော့ မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာ ကြီးပြင်းလာတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီပြောဆို စွပ်စွဲချက်တွေအပေါ်မှာ လုံးဝခံပြင်းဒေါသထွက်မိ ပါတယ်။
တပ်မတော်ဘက်ကတော့ စတင်တာဝန်ယူပြီး နောက်ပိုင်း ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ပြီး မဲစာရင်းကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေး၊ ကိုဗစ်ကြောင့် ကျဆင်းလာတဲ့ နိုင်ငံ့စီးပွားရေးကို ပြန်လည်တိုးတက်ဖို့၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်း ရေးကို ဆက်လက်ဖော်ဆောင်ဖို့၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့၊ ဒီမိုကရေစီစံနှုန်းနဲ့အညီ နိုင်ငံတော်အာဏာကို ပြန်လည်လွှဲအပ်နိုင်ဖို့ နေ့မနားညမအား ကြိုးပမ်းနေ ကြတယ်။ ဒါ့အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ် ချမှတ်ပြီးတော့လည်း ကြိုးပမ်း အကောင်အထည်ဖော်နေကြတယ်။
ဒါပေမယ့်လည်း တပ်မတော်ရဲ့မဲစာရင်းစိစစ်ပေး ဖို့ တောင်းဆိုခဲ့တာတွေ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာတွေ၊ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီခေါ်ယူပေးဖို့ တင်ပြခဲ့တာတွေ၊ ဆန္ဒပြမှု တွေကို ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့ တာတွေကို လုံးဝလျစ်လျူရှုပြီး တစ်ပါတီအကျိုး အတွက်သာကြည့် ဆန့်ကျင်ဆန္ဒပြမှုတွေကနေ မင်းမဲ့စရိုက်ဆန်ဆန်အခြေအနေတွေ ဖြစ်လာခဲ့ တယ်။ တပ်မတော်ကတော့ ဒီအခြေအနေတွေ ကို အဆင့်ဆင့် ထိန်းသိမ်းဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် NLD ပါတီဝင်အချို့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဖွဲ့စည်းပြီး နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် အွန်လိုင်းပေါ်ကနေ သွေးထိုးပေးရာကနေ နောက်ဆုံး မှာ စင်ပြိုင်အစိုးရ NUG နဲ့ DPF အကြမ်းဖက်တပ်ဖွဲ့ တွေဖွဲ့စည်းလို့ နိုင်ငံကိုမတည်မငြိမ်ဖြစ်ပြီး ပြိုကွဲဖို့ အရေး ဦးတည်လာခဲ့လေတယ်။ PDF တွေကလည်း နိုင်ငံရေးအကြောင်းပြလို့ အကြမ်းဖက်လုပ်ရပ်တွေ ကို ခပ်စိပ်စိပ်လုပ်ဆောင်လာကြတယ်။ ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်တွေ၊ အနန္တဂိုဏ်းဝင် ဆရာ ဆရာမတွေ၊ နိုင်ငံ့ဝန်ထမ်းကောင်းတွေနဲ့ အေးချမ်းစွာနေထိုင် ကြတဲ့ ပြည်သူတွေရဲ့ စီးပွားရေးအဆောက်အဦတွေ၊ နေအိမ်တွေ၊ နိုင်ငံပိုင်အဆောက်အဦတွေ၊ လမ်း၊ တံတားတွေကို CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားတွေက မိုင်းထောင်၊ မီးရှို့ဖျက်ဆီး လာကြတဲ့အတွက် နိုင်ငံတော်အနေနဲ့လည်း ၎င်းတို့ ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မေလ ၈ ရက်မှာ ကြေညာခဲ့ရတယ်။ ပြည်သူတွေကလည်း PDF ရဲ့ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်တွေကို သိလာကြပေမယ့် NLD ပါတီတစ်ဖက်တည်းကို မျက်စိမှိတ်ထောက်ခံပြီး CRPH ၊ NUG ၊ PDF တို့ရဲ့ အွန်လိုင်းပေါ်ကတင်သမျှကို အဟုတ်ထင်နေကြတဲ့ တစ်ယူသန်တွေနဲ့ ထိပ်တိုက် မတွေ့လိုကြဘူး။ ပိုဆိုးတာက ဘက်မလိုက်သူ (ကြားနေ) မှန်သမျှကို ခြိမ်းခြောက်သတ်ဖြတ် လာတာ၊ Non Combatant Civilian အရပ်သား တွေအပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ် လာတာပဲဖြစ်တယ်။
CRPH ၊ NUG ၊ PDF ရဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အထိ လမ်း/တံတား ၃၉၇ ခု၊ ဆေးရုံ/ ဆေးခန်း ၂၅ ခု၊ စာသင်ကျောင်း ၄၄၄ ကျောင်း၊ ဈေး ၁၀ ခု၊ နိုင်ငံပိုင်ဘဏ် ၂၆ ခု၊ ပုဂ္ဂလိက ဘဏ် ၄၁ ခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး ရဟန်းသံဃာ သေဆုံး ၁၂ ပါး၊ ဒဏ်ရာရ ၁၃ ပါး၊ အစိုးရဝန်ထမ်း သေဆုံး ၃၈ ဦး၊ ဒဏ်ရာရ ၇၈ ဦး၊ ကျန်းမာရေး ဝန်ထမ်း သေဆုံး သုံးဦး၊ ဒဏ်ရာရ ရှစ်ဦး၊ ပညာရေး ဝန်ထမ်း သေဆုံး ၁၂ ဦး၊ ဒဏ်ရာရ ၁၅ ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် သေဆုံး ၁၉၈ ဦး၊ ဒဏ်ရာရ ၁၄၈ ဦး၊ အပြစ်မဲ့အရပ်သား သေဆုံး ၆၀၀ ကျော် ရှိခဲ့တယ်။ ဒီအချက်အလက်တွေကို နိုင်ငံပိုင် သတင်းစာတွေမှာ နေ့စဉ်နဲ့အမျှ ဖော်ပြပေးနေသလို ကမ္ဘာ့ကုလသမဂ္ဂထံတင်သွင်းခဲ့တဲ့ ရှင်းလင်းချက် စာတမ်းတွေမှာလည်း အထောက်အထားအချက် အလက်အတိအကျနဲ့ ဖော်ပြခဲ့တယ်။ အလားတူ နိုင်ငံတကာဆွေးနွေးပွဲတွေမှာလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ကြုံတိုင်းပြောပြပေး နေလေတော့ အာဆီယံအစည်းအဝေးတို့၊ ကမ္ဘာလုံး ဆိုင်ရာအစည်းအဝေးတွေမှာ နိုင်ငံတကာရဲ့လေသံ တွေက ပျော့ပြောင်းတဲ့ဘက်ဆီ ယိမ်းလာတာကို တွေ့ရမှာပါ။
အချိန်တန်ရင်တော့ ဖားကဖား ငါးကငါး ဖြစ်လာမှာပါ။ အွန်လိုင်းက ဝါဒဖြန့်နေ တာကလည်း အချိန်တန်တော့ အမှားအမှန် ကွဲပြားသွားမှာပါ။ အခုတောင် PDF ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို စိတ်ပျက်လာတဲ့ ပြည်သူတွေ တဖြည်းဖြည်း များလာတာကို မြင်တွေ့ရမှာပါ။ မကောင်းမှုဆိုတာ ကြာရှည်မခံပါဘူး။ မြန်မာနိုင်ငံ သားမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို ချောက်ထဲဆွဲချမယ့်အရေးတော့ လက်ပိုက်ကြည့် နိုင်မှာမဟုတ်ပါဘူး။ ခဏတာ သတင်းမှားတွေ၊ ပါတီစွဲတွေ အမှောင်ဖုံးနေတာလေးတွေက နေလာရင် နှင်းကွဲသွားမှာပါ။ အခိုက်တန့်ပါပဲ။
ပြည်သူတွေဘေးကင်းဖို့အရေး ကိုဗစ်-၁၉
ကာကွယ်ဆေးထိုးပေး
နိုင်ငံတော်တာဝန် လွှဲပြောင်းရယူပြီးနောက်ပိုင်း မှာ ကိုဗစ်ရောဂါကူးစက်မှု အခြေအနေတွေကို ထိန်းချုပ်ရတာတစ်ဖက်၊ နိုင်ငံရေးမတည်ငြိမ်တာကို ထိန်းသိမ်းရတာတစ်ဖက်၊ အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းရတာတစ်ဖက်၊ အခွင့်ကောင်းယူဖို့ စောင့်နေ ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကိုင်တွယ် ရတာတစ်ဖက်နဲ့ နေ့မနားညမအား အလုပ်လုပ် နေကြတာကို နေ့စဉ်သတင်းစာတွေ၊ ရုပ်သံသတင်း ထုတ်လွှင့်မှုတွေ ကြည့်ရင်သိနိုင်ပါတယ်။ ရှေ့လုပ်ငန်း စဉ်(၅)ရပ်မှာလည်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်း တွေကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။
နေ့စဉ်လည်း ကိုဗစ်ရောဂါစစ်ဆေးမှု၊ ပိုးတွေ့ရှိမှု၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ တွေကို စဉ်ဆက်မပြတ် ထုတ်လွင့်ပေးနေတာကို တွေ့ရမှာပါ။ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ တစ်နိုင်ငံ လုံး အတိုင်းအတာအရ ကိုဗစ်ရောဂါ ဓာတ်ခွဲ နမူနာစုစုပေါင်း ၅၅၈၃၉၀၈ ခု စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း ၅၂၂၄၀၂ ဦး ရှိပြီဖြစ်ပါ တယ်။ အဲဒီအထဲမှာ သေဆုံး ၁၉၁၀၄ ဦး၊ ဆေးရုံ ပြန်ဆင်းခွင့်ရရှိသူ ၄၉၇၂၄၉ ဦး ရှိပြီဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံမှုအနေနဲ့လည်း နိုဝင်ဘာလ ၂၇ ရက်အထိ ပထမအကြိမ်ထိုးနှံပြီးစီးသူ ၄၈၇၀၂၁၉ ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးစီးသူ ၁၁၆၁၅၀၉၆ ဦး ရှိပြီဖြစ်ပါတယ်။ ဒါကြောင့် ဆေးထိုးနှံမှုအကြိမ်ရေ စုစုပေါင်း ၂၈၁၀၀၄၁၁ ကြိမ် ထိုးနှံပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကာကွယ်ရေး အသိပေး နှိုးဆော်ချက်တွေကိုလည်း မပြတ်လုပ်ဆောင်နေခဲ့ တာကို တွေ့ရမှာပါ။ ဒါတွေဟာ မြန်မာနိုင်ငံသား တွေ ကောင်းကျိုးအတွက် ပြည်ပသွေးထိုးမှုတွေနဲ့ အကြမ်းဖက် အနှောင့်အယှက်တွေကြားထဲကနေ ကြိုးပမ်းခဲ့တဲ့ စေတနာတွေဆိုတာ မြင်ရပါလိမ့်မယ်။
စစ်ရာဇဝတ်မှုမြောက်ကြောင်း စွပ်စွဲမှုနဲ့ပတ်သက်လို့တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့ ရာမှာ အာဏာထိန်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်း တိုင်းဒေသကြီးတွေမှာ အကြမ်းဖက်မှုတွေ ပိုမို မြင့်တက်လာနေတယ်၊ တပ်မတော်ဘက်က PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက် ရာမှာ အရပ်သားတွေကို လူသားတံတိုင်းအဖြစ် အသုံးချနေတယ်၊ အဆောက်အဦတွေဖျက်ဆီး နေတယ်၊ ဒါတွေဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်လို့ GCR2P ရဲ့ အပတ်စဉ်ထုတ်ဆောင်းပါးမှာ ဖော်ပြခဲ့ တာနဲ့ပတ်သက်ပြီးလည်း ပြောချင်ပါတယ်။
NUG၊ PDF ရဲ့ မင်းမဲ့စရိုက်ဆန်ဆန် မီးရှို့၊ လူသတ်၊ မိုင်းခွဲဖျက်ဆီးမှုတွေက တော်လှန်ရေး လုပ်နေတာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာလုပ်လုပ် မှန်ကန်တဲ့လုပ်ရပ် ဖြစ်သွားပြီလား၊ စစ်ရာဇဝတ်မှု မမြောက်တော့ဘူးလား၊ တကယ်တော့ အကြမ်း ဖက်မှုက အကြမ်းဖက်မှုပါပဲ၊ ဘယ်လိုပဲ ခေါင်းစဉ် တပ်ပါစေ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလို့မရပါဘူး။ ရေငုံနှုတ်ပိတ်နေလို့လည်း ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေက မပြီးသွားပါဘူး။ လိုရာဆွဲတွေး ခေါင်းစဉ် လှလှတပ်လို့လည်း အကြမ်းဖက်မှုတွေက မှန်ကန် တဲ့လုပ်ရပ်ဖြစ်မသွားပါဘူး။ တပ်မတော်က နိုင်ငံ တော် တည်ငြိမ်အေးချမ်းဖို့ အစွမ်းကုန်ဆောင်ရွက် နေပေမယ့် နိုင်ငံတကာမှာ အခုလို အပုပ်ချ တစ်ဖက် စောင်းနင်းရေးသားဖော်ပြတာတွေ တွေ့လာရတော့ ပြည်သူတစ်ဦးအနေနဲ့ လက်ပိုက်ကြည့်မနေနိုင် တော့ပါဘူး။ ချင်းပြည်နယ်မှာ လတ်တလော တိုက်ကွက် အသည်းအသန်ဖော်နေတဲ့ကိစ္စကလည်း အမှန်တော့ နိုဝင်ဘာလ ၈ ရက်မှာ ကုလသမဂ္ဂမှာ မြန်မာ့အရေးဆွေးနွေးဖို့ရှိနေချိန် စကားပြောကောင်း သွားအောင် အဲဒီရက်မတိုင်ခင် အချိန်ကိုက် လုပ်တာ ပါပဲ။ ဒါတွေက မကြာခဏကြုံဖူးနေကျဖြစ်လို့နေ ပါပြီ။ အွန်လိုင်းပေါ်က ဗီဒီယိုဖိုင်တွေမှာလည်း တွေ့ကြမှာပါ။ PDF အကြမ်းဖက်တွေက မြို့ထဲမှာ တိုက်ပွဲဖြစ်အောင် တမင်ဖန်တီးပြီး ပြည်သူကို ဒိုင်း အဖြစ်ကာရံလို့ တပ်ကို ခွင်ဆင်အပုပ်ချတဲ့အကွက်ပါ။
လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးမှုနဲ့
ပတ်သက်လို့
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး နဲ့ပတ်သက်ပြီး နိုဝင်ဘာလ ၈ ရက်က တံခါးပိတ် အစည်းအဝေးပြုလုပ်ခဲ့ပေမယ့် ထိရောက်တဲ့ အရေး ယူမှုလုပ်ဖို့ သဘောတူညီချက် မရခဲ့ပါဘူး။ လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံအထက်ပိုင်းမှာ မြင့်တက်နေတဲ့ တင်းမာမှုတွေကို တားဆီးဖို့နဲ့ R2P မူကိုဆွဲကိုင်လို့ ပိတ်ဆို့မှုတွေနဲ့ လက်နက်ကုန်သွယ် မှုတွေ ပိတ်ဆို့ဖို့၊ တပ်မတော်အစိုးရရဲ့ကိုယ်စားလှယ် ကို အသိအမှတ်မပြုဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြလိုပါတယ်။
လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက်မှာ အနောက်အုပ်စုရဲ့ ကြားဝင် စွက်ဖက်နှောင့်ယှက်မှုတွေကို အမြဲကြုံခဲ့ကြတာ ပြည်သူတွေလည်း ရိုးအီနေလောက်ပြီ ထင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂဟာ အနောက်အုပ်စုရဲ့ ကြိုးဆွဲရာ ကလိုက်၊ ရေနံသူဌေး အိုအိုင်စီနိုင်ငံတွေက ကြိုးဆွဲရာ ကလိုက်နဲ့ ရုပ်သေးသာသာပဲ ရှိတော့တာပါ။ ကမ္ဘာ့ သမိုင်းပြန်ကြည့်ရင်လည်း ပထမကမ္ဘာစစ်ကြီးအပြီး ၁၉၂၀ မှာ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး နှစ်ပေါင်းနှစ်ဆယ်ကျော်သာ ရပ်တည်နိုင်ခဲ့ရတဲ့ အကြောင်းရင်းက အင်အားကြီးနိုင်ငံတွေရဲ့ ဒီလိုမျိုး တစ်ဖက်စောင်းနင်းပြုမူမှုတွေကြောင့်ပဲ။ ဒါကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ရယ်လို့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး သမာသမတ်ကျစွာရပ်တည်လာခဲ့တဲ့အချိန်တွေရှိခဲ့ပေမယ့် ၂၀ ရာစု နောက်ပိုင်းမှာတော့ ကမ္ဘာ့အရေးနဲ့ပတ်သက်ပြီး ရုပ်သေးသာသာပြုမူ လုပ်ဆောင်လာတာတွေကိုသာ တွေ့ရတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာသတင်း တွေကို နေ့စဉ်ဖတ်ရှုနေတဲ့သူတွေအဖို့တော့ အခြား နိုင်ငံတွေရဲ့အရေးနဲ့ ချိန်ထိုးကြည့်တဲ့အခါ ထင်းခနဲ မြင်တွေ့ရမှာဖြစ်လို့ အထွေအထူးရှင်းပြနေဖို့မလိုတော့တဲ့ ကိစ္စပါ။ ကမ္ဘာတစ်ဝှမ်းမှာ၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အမေရိကန်ရဲ့ နိုင်ငံငယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက် လို့ကတော့ အမှုတွဲတွေ မှိုတက်နေပြီထင်ပါရဲ့ဗျာ။ လုံးဝမဖြစ်ခဲ့သလားပဲ။ ဒါပေမယ့်လည်း ဒါတွေက မြန်မာ့အရေးမဟုတ်လေတော့ ဒီနေရာမှာ အကျယ် တဝင့် မပြောလိုဘူး။ မြန်မာနိုင်ငံနဲ့သက်ဆိုင်တာက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ တရားဝင်ကိုယ်စားလှယ် ကို အသိအမှတ်မပြုလိုဘူးဆိုတဲ့ကိစ္စကတော့ ဘယ်လိုမှ သည်းမခံသင့်တဲ့အရာပဲ။ ဒါပေမယ့် သူများပြည်တွင်းရေးကို ကြိုးကိုင်ခြယ်လှယ်တဲ့ အနောက်အုပ်စုရဲ့ ကြိုးပမ်းချက်တွေက သဲထဲ ရေသွန်သလိုပါပဲ။ ယခင်ကလည်း ဝင်ရောက် စွက်ဖက်ခဲ့တဲ့ အစဉ်အလာရှိတယ်၊ နောင်လည်း ရှိနေဦးမှာပါပဲ။ သို့ပေမယ့် ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူးဗျာ။
နိဂုံး
နိဂုံးချုပ်အနေနဲ့ပြောလိုတာကတော့ မြန်မာ နိုင်ငံဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်ပြီးသွားနေတယ် ဆိုတာပါပဲ။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အုပ်ချုပ်နေတာ ဖြစ်ပြီး ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်(၅)ချက်၊ ဦးတည်ချက်(၉)ရပ်တို့ ချမှတ်ပြီး ဆောင်ရွက် နေတာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံအခြေ အနေတည်ငြိမ်အောင်ကြိုးပမ်းနေသလို ရွေးကောက်ပွဲ အမြန်ဆုံးပြန်လည်ကျင်းပပေးပြီး ဒီမိုကရေစီနည်းနဲ့ တက်လာတဲ့ အစိုးရထံ နိုင်ငံတော်အာဏာ ပြန်လည် လွှဲအပ်ပေးနိုင်ဖို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းနေ ပါတယ်။ ဒီအခြေအနေတွေကို မျက်ကွယ်ပြုပြီး အွန်လိုင်းပေါ်ကနေ အကြမ်းဖက်အားပေးပို့စ်တွေ၊ နိုင်ငံတကာရဲ့ တစ်ဖက်စောင်းနင်းဖော်ပြမှုတွေကို နားယောင်ပြီး NUG နဲ့ PDF တွေရဲ့ နိုင်ငံမတည် မငြိမ်ဖြစ်အောင် လှုံ့ဆော်နေတာတွေ၊ အကြမ်းဖက် နေတာတွေ၊ အင်အားကြီးနိုင်ငံတွေနဲ့ အိုအိုင်စီတို့ရဲ့ ရုပ်သေးဖြစ်တဲ့ ကုလအဖွဲ့ရဲ့ အမှန်တရားကို မျက်ကွယ်ပြုတဲ့ အကြမ်းဖက်အားပေးလုပ်ရပ် တွေကို မြန်မာနိုင်ငံသားတွေအနေနဲ့ ခေါင်းငုံ့ခံပြီး သူများတံတွေးခွက် ပက်လက်မမျောကြဖို့ တိုက်တွန်း လိုက်ရပါတယ်။
- Log in to post comments