ဂျန်-ဇက်တို့ကို သိစေလို

Type
ညိုချော ရာသီစက်ဝိုင်းက တစ်ပတ်ပြီးတစ်ပတ် လည်ပတ် နေပါတယ်။ မွေးစကနေ သေဆုံးသည်အထိ အမြဲ ရပ်တန့်မနေတဲ့အရာက အချိန်တွေဖြစ်ပါတယ်။ အရွယ်အပိုင်းအခြားရဲ့ အဖိုးတန်ဆုံး၊ အလတ်ဆတ် ဆုံး ဆယ်ကျော်သက်ကလေးတွေ၊ အသက် ၂၀ ဝန်းကျင်လူငယ်လေးတွေ ဒီနှစ်နွေဦးမှာ အမည် သစ်တစ်ခု ရရှိလာခဲ့ကြပါတယ်။ ဂျန်နရေးရှင်း ဇက်တွေတဲ့၊ အတိုခေါ်ရရင် ဂျန်-ဇက်တွေ ဆိုပြီး တော့ ဖြစ်ပါတယ်။ သူတို့ဟာ သိပ်ကို ရိုးသားကြပါတယ်။ ပရိယာယ်များတဲ့ နိုင်ငံရေးဇာတ်ခုံအကြောင်း၊ အနိမ့်အမြင့်၊ အတက်အကျတွေ ပြည့်နှက်နေတဲ့ မြန်မာ့နိုင်ငံရေးအကြောင်း၊ သွေးချောင်းစီးခဲ့ရတဲ့ ပြည်တွင်းရန်ကို နှိမ်နင်းရေးကာလတွေအကြောင်း လက်တွေ့မကြုံခဲ့ဖူးကြပါဘူး။ သူတို့ဆီမှာ ပျော်ရွှင် စရာကောင်းတဲ့ ရင်ခုန်သံတွေ၊ ညနေဘက် ချိန်းဆို ကစားကြတဲ့ အွန်လိုင်းဂိမ်းတွေ၊ မိဘတွေရဲ့ မျှော်လင့်ချက်တွေနဲ့ ထုဆစ်ထားတဲ့ အနာဂတ်တွေ ရှိတယ်။ ဒီနေ့တော့ သူတို့တွေလမ်းပေါ်မှာ ခြေကုန်လက်ပန်းကျနေ၊ ကြွေလွင့်နေကြရတယ်။ မိဘတွေ မျက်ရည်မဆည်နိုင်ကြတာတွေ ရှိနေရ ပါတယ်။ နောက်ထပ် ဂျန်-ဇက်တွေကို လမ်းပေါ်ဆွဲတင်နေ မြန်မာ့နွေဦးရဲ့ သူရဲကောင်းဆိုပြီး အဖိတ် အစဉ်ဖြစ်ခဲ့ရတဲ့ ဂျန်-ဇက်တွေရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ မြင်တွေ့ရတယ်။ သူရဲကောင်းတို့…လို့ အစချီထားတဲ့ ချီးမွမ်းခန်းတွေ၊ ငြိမ်းချမ်းစွာ အနားယူပါတော့ဆိုပြီး နောက်ထပ် ဂျန်-ဇက် တွေ ကို လမ်းပေါ်ဆွဲတင်နေကြတဲ့ အွန်လိုင်း သူရဲကောင်းကြီးတွေကို အော့နှလုံးနာမိတယ်။ လူငယ်တွေကို လမ်းပေါ် အတင်းဆွဲတင်နေတဲ့ မျက်ကန်းဆရာ အဆူဆူတို့နဲ့ သူတို့တွေရဲ့ မိသားစု တွေကတော့ လုံခြုံတဲ့နေရာတွေမှာ ရှိနေကြတယ်။ သေဆုံးတဲ့လူငယ်တွေထဲမှာ သူတို့သားသမီး၊ သူတို့ ဆွေမျိုး၊ သူတို့ပတ်သက်ရာ ပတ်သက်ကြောင်းတွေ တစ်ယောက်မှမပါဘူး။ ပြည်သူ့သားသမီးလေး တွေသာ ဘုမသိဘမသိ လမ်းပေါ်ထွက်ကြ၊ ဥပဒေတွေကို နားမလည်ဘဲ မျက်ကွယ်ပြုကြနဲ့ အသက်ပါရင်းကြရတယ်။ သူတို့ဟာ တိုင်းပြည်အတွက် နယ်ချဲ့ကိုလိုနီ ကို တော်လှန်နေတာ မဟုတ်ကြပါဘူး။ ပြည်တွင်း ရန်ကို နှိမ်နင်းရေးမှာ ပါဝင်တိုက်ခိုက်နေကြတာ လည်း မဟုတ်ပါဘူး။ နိုင်ငံနဲ့ လူမျိုးအတွက် ထမ်းရွက်နေကြတာ မဟုတ်ပါဘူး။ လူတစ်စု၊ ပါတီ တစ်ခုအတွက် သူတို့လုပ်ဆောင်နေကြရတယ် ဆိုတာကိုလည်း သူတို့မသိကြပါဘူး။ ရည်ရွယ်ချက် ရှိရှိ မြှောက်ပင့်ပေးကာ ပြည်သူ့အားကို တလွဲအသုံး ချပြီး တိုင်းပြည်မငြိမ်သက်အောင်၊ တည်ငြိမ်အေး ချမ်းမှု ပျက်ပြားအောင် ဖန်တီးနေသူတွေရဲ့ အသုံး ချခံ လူငယ်တွေဖြစ်မှန်းမသိ ဖြစ်နေကြရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဟာ မိမိတို့ပြည်သူအားလုံးရဲ့ အသက်သွေးကြောမှန်း ဂျန်- ဇက်တို့ ကောင်းကောင်းမသိကြပေမယ့် သူတို့ကို မြှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေက မျက်ကန်းခေါင်းဆောင်တွေကတော့ ကောင်း ကောင်း သိကြပါလိမ့်မယ်။ ပြဿနာရဲ့ မူလအစ တာဝန်ရှိသူတွေကတော့ NLD အစိုးရပဲလို့ စာရေး သူကတော့ ပြစ်တင်လိုပါတယ်။ မဲစာရင်းရလဒ် တွေအပေါ် တိကျခိုင်မာတဲ့ စာရင်းဇယားတွေနဲ့ ဝေဖန်ထောက်ပြတာကို လက်သင့်မခံဘဲ တပ်မတော်ရဲ့ တောင်းဆိုချက်တွေအပေါ်ကို လျစ်လျူရှုပစ်ခဲ့တဲ့အတွက် ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးစေဖို့ တပ်မတော်ဟာ နိုင်ငံတော်ကို ဥပဒေနဲ့အညီ တာဝန်ယူထိန်းသိမ်းထားရတာဖြစ် တယ်ဆိုတာကို ဂျန်-ဇက်တို့ သိကြစေလိုပါတယ်။ အကယ်၍ NLD အစိုးရဘက်ကနေ အခုလို တင်းမာမှု၊ အလျှော့မပေးမှု၊ မညှိနှိုင်းမှုတွေ များလာ တဲ့အခါ တပ်မတော်က ဥပဒေနဲ့အညီ လုပ်သင့် လုပ်ထိုက်တာတွေ ဆောင်ရွက်ရမယ်ဆိုတာကို NLD ပါတီက တာဝန်ရှိသူတွေ၊ အစိုးရအဖွဲ့တွေ မသိဘူး ဆိုတာမျိုးတော့ လုံးဝမဖြစ်နိုင်ဘူးလို့ စာရေးသူကတော့ ယူဆပါတယ်။ ဒါဆိုရင် ဘာကြောင့်များ အဲဒီလိုအခြေအနေကို ရောက် အောင်တွန်းပို့ခဲ့ရသလဲဆိုတာနဲ့ နောက်ဆက်တွဲ သူတို့ရဲ့ အန္တိမရည်မှန်းချက်က ဘာလဲဆိုတာကို လက်ရှိတာဝန်ယူနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ စတင်ဖော်ထုတ်နေတာကိုလည်း မြင်တွေ့ရပါတယ်။ အကြမ်းဖက်ဆူပူအောင် တွန်းအားပေး လက်ရှိတာဝန်ယူနေတဲ့ အရေးပေါ်ကာလ အတွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်နေရတဲ့အခါမှာလည်း NLD ပါတီဝင်တွေ၊ ထိပ်သီးတွေ ဦးဆောင်တာ မျိုးထက် နိုင်ငံရေးလောကနဲ့ အဆက်အစပ်မရှိတဲ့ ပညာတတ် အချို့၊ လူငယ်အချို့ကို ရှေ့ထွက်ပြခိုင်း တာဟာလည်း ပုံမှန်မဟုတ်တဲ့ နောက်ကွယ်က အခြေအနေတွေရှိနိုင်တယ်ဆိုတာကို ဖော်ပြနေတာ ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လူငယ်တွေကို နွေဦး တော်လှန်ရေးဆိုပြီး ခေါင်းစဉ်တပ် လမ်းပေါ်ထွက် ခိုင်းလိုက်ကြတယ်။ နောက်မှာတော့ လူများများ ထိခိုက်လေလေ နိုင်ငံတကာက ဝင်ပါလို့ကောင်း လေလေဆိုတဲ့ အိုင်ဒီယာကို ထည့်ပေးလိုက်ကြ တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိအောင် ဆန္ဒပြပွဲကနေ အကြမ်းဖက်ဆူပူသောင်းကျန်းတဲ့အဆင့်ရောက်အောင် လူငယ်တွေကို တွန်းအားပေး လာကြတယ်။ နိုင်ငံလုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်လာတဲ့အခါမှာ မဖြစ်မနေ ဖြိုခွင်းကြရတော့လည်း သွေးဆူတဲ့လူငယ်တွေကို ပိုပြီးသွေးဆူအောင် ထပ်ကာထပ်ကာ မြှောက်ပေး နေကြတော့တယ်လို့ စာရေးသူကတော့ ယူဆပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ခြေကုန်လက်ပန်း ကျနေတဲ့၊ လမ်းပေါ်ထွက်နေရတဲ့ လူငယ်တွေကို ပွဲသိမ်းတိုက်ပွဲဆိုပြီး မြှောက်ပေးတာကအစ ပြန်လည်ခုခံဆိုပြီး ရရင်ရ မရရင်ချဆိုတဲ့ သွေးထိုး လှုံ့ဆော်တဲ့အဆင့်အထိ ဖြစ်လာခဲ့ပါတယ်။ အဖျက် အမှောင့်လုပ်ရပ်တွေဖြစ်တဲ့ လမ်းတွေ၊ တံတားတွေ ကို ဖျက်ဆီးဖို့အတွက် မြှောက်ပင့်ပေးကြသလို ရရာလက်နက်ကိုင်စွဲတိုက်ကြဖို့အထိ နိုင်ငံတော်ကို ပျက်စီးစေဖို့၊ လူငယ်တွေ သွေးမြေကျစေဖို့ သွေးထိုးလှုံ့ဆော်နေကြတာကိုလည်း စိတ်မသက် သာဖွယ် မြင်တွေ့နေရပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို တာဝန်မထမ်းဆောင် ကြဖို့နဲ့ ဌာနတွေကိုပုန်ကန်ကြဖို့ သွေးထိုးကြပြီး ထင်သလောက်ခရီးမပေါက်တဲ့အခါ အွန်လိုင်းကနေ ကြေညာချက်အမျိုးမျိုးနဲ့ အကြောက်တရား ဖြစ်လာအောင် ထည့်သွင်းဖိအားပေးစည်းရုံးကြ တယ်။ နိုင်ငံ့ဝန်ထမ်းတွေကို ဥပဒေနဲ့အညီ အရေး ယူတာ၊ ဌာနကနေ ထုတ်ပယ်တာတွေ ဆောင်ရွက် တဲ့အခါမှာလည်း သူတို့စီမံအုပ်ချုပ်နေသယောင် အွန်လိုင်းကနေ သတိပေးစာတွေထုတ်ကြပြန် ပါတယ်။ တကယ်တမ်းမှာ နိုင်ငံ့ဝန်ထမ်းတွေနဲ့ မှီခိုနေရတဲ့ မိသားစုတွေကို ထည့်သွင်းမစဉ်းစားဘဲ လူတစ်စုအာဏာရရှိရေးအတွက်သာ ကြည့်ရှုတဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ လူငယ်တွေကို False Hope လို့ခေါ်တဲ့ ရွှေရည် စိမ် မျှော်လင့်ချက်တွေပေးပြီး အမှားနဲ့အမှန်ကို ခွဲခြားရခက်အောင် မြှောက်ပင့်ပေးနေကြတဲ့ အွန်လိုင်းပေါ်ကထင်တိုင်းကြဲ အစိုးရအတုနဲ့ လော်ဘီတွေဟာ နေ့စဉ်ခေါင်းစဉ်အမျိုးမျိုးနဲ့ လူထုကို ပင်ပန်းစေခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ထူးခြားတော့မလိုလို ကူးယူဖော်ပြနေလိုက်ကြတဲ့ လူငယ်တွေ အများကြီးတွေ့ရတယ်။ အမှန်က နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် ဆောင်ရွက်ရန် မသင့်ကြောင်း ပယ်ချလိုက်တဲ့အပြင် စုပေါင်း ကြေညာချက်တောင်မထုတ်နိုင်တဲ့ တံခါးပိတ် ဆွေးနွေးပွဲဆိုတာကို သိရှိသူအတော်နည်းပါတယ်။ လူငယ်တွေရဲ့ အနာဂတ်ဖျက်ဆီးနေ ဂျန်-ဇက်တွေရဲ့ အွန်လိုင်းပေါ်ကတွေ့ဆုံရာတစ်ခုမှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့ဖမ်းဝရမ်းထုတ်ထားခြင်းခံရတဲ့ ဒေါက်တာဆာဆာ ပြောတယ်ဆိုပြီး တင်ထားတဲ့စာသားတွေရှိပါတယ်။ “နိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးပေါင်းစုံကို မကစားရ ဘူး။ ဥယျာဉ်တစ်ခုမှာ ပန်းပင်လိုသဘောထားပြီး ပန်းလိုပဲ ပျိုးထောင်ပြုစုရမယ်”ဆိုပြီး ဖော်ပြထား တာကို တွေ့လိုက်ရပါတယ်။ တကယ်တမ်းတော့ အဲဒီလိုကြွေးကြော်နေသူတွေကပဲ လူငယ်တွေရဲ့ ဘဝ၊ လူငယ်တွေရဲ့အနာဂတ်တွေကို ဖျက်ဆီးနေ တာ၊ လမ်းမှားကိုမြှောက်ပေးနေတာ၊ အဖူးအပွင့် တွေနဲ့ ပန်းပင်ကလေးတွေကို နင်းချေဖျက်ဆီး နေကြတယ်ဆိုတာကို သိကြစေလိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလက လစ်ဗျားနိုင်ငံ မှာ အဆိုးရွားဆုံးအခြေအနေတစ်ရပ် ဖြစ်ပေါ်ခဲ့ ဖူးပါတယ်။ UN လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ R2P ဆိုပြီး အမေရိကန်တပ်တွေ ဝေဟင်ကနေ ဝင်ရောက်သွားခဲ့တာပါ။ ဒါပေမယ့် ပြည်သူတွေ မျှော်လင့်တဲ့ အေးချမ်းတဲ့နိုင်ငံအဖြစ်ကိုတော့ ယနေ့ အထိ မရောက်နိုင်ခဲ့ပါဘူး။ အစွန်းရောက်အကြမ်း ဖက်သမားတွေ ပိုများလာတာ၊ တိုင်းပြည်အစိတ်စိတ် အမြွှာမြွှာကွဲတာနဲ့ လူသောင်းနဲ့ချီ သေကျေပျက်စီး တာတွေအပြင် နောက်ဆက်တွဲ အလုပ်လက်မဲ့ဘဝ၊ မျှော်လင့်ချက်မဲ့ ဘဝပေါင်းများစွာ ကြုံခဲ့ရပါတယ်။ စစ်ရေးအရ အခြားနိုင်ငံတစ်ခုကနေ ဝင်ရောက် စွက်ဖက်ခဲ့ခြင်းဟာ ပိုမိုပျက်သုဉ်းသွားဖို့ပဲ ဆိုတာ ကို ဂျန်-ဇက်တို့ သတိချပ်စေလိုပါတယ်။ လက်ရှိမှာ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်း မှုရှိအောင်၊ တရားဥပဒေစိုးမိုးအောင် အဘက်ဘက် ကနေ ကိုင်တွယ်နေသလို လမ်းပြမြေပုံတွေထားရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက် ပွဲကြီး ပြန်လည်ကျင်းပနိုင်ဖို့ဆိုတဲ့ မှန်ကန်တဲ့ အသိ၊ မှန်ကန်တဲ့လမ်းကြောင်းကို လူငယ်တွေ အားလုံးက ပါဝင်ပူးပေါင်းပြီး နိုင်ငံအတွက် အုတ်ချပ်၊ သဲပွင့်လေးတွေအဖြစ်သာ မြင်တွေ့လိုလှပါတော့ တယ်။ ။