ဂျပန်နိုင်ငံ အယ်လ်ဒီပီပါတီ ဥက္ကဋ္ဌသစ် ရွေးချယ်ပွဲ

Type
1

 

တက္ကသိုလ် မောင်ရူပ

ဂျပန်နိုင်ငံမှာ အာဏာရ အယ်လ်ဒီပီပါတီ (Liberal Democratic Party-LDP) ရဲ့ ဥက္ကဋ္ဌသစ်ရွေးချယ်မှုကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မနှစ်က ကျန်းမာရေးအခြေအနေကြောင့် အယ်လ်ဒီပီပါတီဥက္ကဋ္ဌဝန်ကြီးချုပ် ရှင်ဇိုအာဘေး  ရာထူးကနုတ်ထွက်သွားပြီးနောက်  အယ်လ်ဒီပီပါတီဥက္ကဋ္ဌဖြစ်လာတဲ့   လက်ရှိဝန်ကြီးချုပ် ယိုရှီဟီဒေး ဆူဂဟာ မစ္စတာရှင်ဇိုအာဘေးရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကာလအတွက်သာ ထမ်းဆောင်နေရတာဖြစ်လို့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာ  ဖြစ်ပါတယ်။ ဒါကြောင့်  အယ်လ်ဒီပီပါတီဥက္ကဋ္ဌသစ်ရွေးချယ်မှုကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ အယ်လ်ဒီပီပါတီ ဥက္ကဋ္ဌသစ်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။


အစောပိုင်းမှာ     အယ်လ်ဒီပီပါတီ ဥက္ကဋ္ဌသစ်ရာထူးအတွက်     ဝင်ရောက် ယှဉ်ပြိုင်ကြမယ့်   ကိုယ်စားလှယ်လောင်း စုစုပေါင်း  ခုနစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။ ပထမတစ်ဦးကတော့  လက်ရှိဝန်ကြီးချုပ် ယိုရှီဟီဒေးဆူဂ ကိုယ်တိုင်ဖြစ်ပါတယ်။ သို့သော်လည်း  ဝန်ကြီးချုပ်  ယိုရှီဟီဒေး ဆူဂအနေနဲ့   နောက်ပိုင်းမှာ   အဆိုပါ ရာထူးအတွက်  ပါဝင်ယှဉ်ပြိုင်သွားတော့ မှာ   မဟုတ်ကြောင်း    စက်တင်ဘာလ ၃ ရက်နေ့က    ထုတ်ဖော်ပြောကြားခဲ့ပါ တယ်။ ဒုတိယတစ်ဦးကတော့  အယ်လ်ဒီ ပီပါတီရဲ့         မူဝါဒရေးရာအကြီးအကဲ (Chairman of the Policy Research Council) ဖြစ်တဲ့ Mr. Hakubun Shimo-mura    ဖြစ်ပါတယ်။      သို့သော်လည်း ၎င်းအနေနဲ့    အယ်လ်ဒီပီပါတီ ဥက္ကဋ္ဌ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်တော့ မှာမဟုတ်ကြောင်း   ဩဂုတ်လ ၃၀ ရက် နေ့က    ထုတ်ဖော်ပြောကြားခဲ့ပါတယ်။  တတိယတစ်ဦးကတော့  ကာကွယ်ရေး ဝန်ကြီးဟောင်း  Mr. Shigeru Ishiba ဖြစ်ပါတယ်။ Mr. Shigeru Ishiba ဟာ ၂၀၂၀ ပြည့်နှစ်၊     စက်တင်ဘာလမှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး     ရာထူးက နုတ်ထွက်သွားတော့   လစ်လပ်သွားတဲ့ အယ်လ်ဒီပီပါတီဥက္ကဋ္ဌ   ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်     လက်ရှိ ဝန်ကြီးချုပ် ယိုရှီဟီဒေးဆူဂက  အနိုင်ရရှိ သွားခဲ့ပါတယ်။ Mr. Shigeru Ishiba ကလည်း    နောက်ပိုင်းမှာ    ဝင်ရောက် ယှဉ်ပြိုင်တော့မှာ  မဟုတ်ကြောင်း  ပြော ကြားခဲ့တဲ့အတွက်     အယ်လ်ဒီပီပါတီ ဥက္ကဋ္ဌသစ်ရွေးချယ်ပွဲအတွက်   ကိုယ်စား လှယ်လောင်းလေးဦးသာ ကျန်ရှိခဲ့ပါတယ်။


ကိုယ်စားလှယ်လောင်းလေးဦး


ပထမ     ကိုယ်စားလှယ်လောင်းက တော့      နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အယ်လ်ဒီပီပါတီ  မူဝါဒရေးရာအကြီးအကဲ ဟောင်း Mr. Fumio Kishida ၊ ဒုတိယ ကိုယ်စားလှယ်လောင်းက        လက်ရှိ အုပ်ချုပ်မှုစနစ်    ပြုပြင်ပြောင်းလဲရေး ဝန်ကြီးနဲ့    ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးဆိုင်ရာ    တာဝန်ခံဝန်ကြီး Mr. Taro Kono၊    တတိယကိုယ်စားလှယ် လောင်းက  ပြည်ထဲရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း   Ms. Sanae Takaichi နဲ့ နောက်ဆုံးနဲ့   စတုတ္ထမြောက် ထွက် ပေါ်လာတဲ့     ကိုယ်စားလှယ်လောင်းက အယ်လ်ဒီပီပါတီရဲ့     ခေတ္တအထွေထွေ အတွင်းရေးမှူး     Ms. Seiko Noda တို့ ဖြစ်ကြပါတယ်။ အယ်လ်ဒီပီဥက္ကဋ္ဌရာထူး အတွက်   ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်သူ တွေအနေနဲ့    မဲဆွယ်စည်းရုံးမှုတွေကို စက်တင်ဘာလ ၁၇ ရက်နေ့က    စတင် ဆောင်ရွက်နေကြပြီ          ဖြစ်ပါတယ်။  အယ်လ်ဒီပီပါတီဥက္ကဋ္ဌသစ်    ရွေးချယ်ဖို့  အယ်လ်ဒီပီပါတီ  လွှတ်တော်အမတ် ၃၈၂ ဦးရဲ့ ၃၈၂ မဲ၊ အယ်လ်ဒီပီ ပါတီဝင်တွေရဲ့ မဲတွေကို   ရာခိုင်နှုန်းနဲ့   တွက်ချက်မယ့် ၃၈၂ မဲ၊     စုစုပေါင်း ၇၆၄ မဲနဲ့    မဲပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။   ဒါကြောင့် ကိုယ်စားလှယ်လောင်းတွေ     အနေနဲ့ အယ်လ်ဒီပီပါတီတွင်း    ဩဇာလွှမ်းမိုး မှုရှိတဲ့      ဝါရင့်လွှတ်တော်အမတ်တွေ၊ ပါတီအတွင်း   အစုအဖွဲ့ (faction) တွေရဲ့ ထောက်ခံမှုရရှိဖို့   စည်းရုံးမှုတွေ ဆောင် ရွက်နေကြပြီ ဖြစ်ပါတယ်။ 


အစုအဖွဲ့ (faction) ခုနစ်ခု


အယ်လ်ဒီပီပါတီအတွင်းမှာ  အဓိက ကျတဲ့ အစုအဖွဲ့ကြီး ခုနစ်ခုရှိပါတယ်။ ပထမဆုံးနဲ့  အင်အားအကြီးဆုံးအစုအဖွဲ့ က   ဝန်ကြီးချုပ်  Junichiro Koizumi လက်ထက်မှာ အစိုးရအဖွဲ့အတွင်းရေးမှူး ချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Hiroyuki  Hosoda ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ Hosoda faction ဖြစ်ပါတယ်။   လက်ရှိအချိန် မှာတော့ Hosoda faction ကို  ဝန်ကြီး ချုပ်ဟောင်း ရှင်ဇိုအာဘေးက ဦးဆောင် နေပြီး အဖွဲ့ဝင်စုစုပေါင်း ၉၆ ဦးရှိပါတယ်။ ဒုတိယ   အင်အားအကြီးဆုံးကတော့ လက်ရှိဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေး ဝန်ကြီး Taro Aso  ဦးဆောင်လျက်ရှိတဲ့ Aso faction ဖြစ်ပါတယ်။ Aso faction မှာ  အဖွဲ့ဝင် ၅၃ ဦးရှိပါတယ်။ တတိယ အင်အားအကြီးဆုံးကတော့ ၂၀၁၁ ခုနှစ်၊ အင်အားပြင်း   တိုဟိုကုမြေငလျင်ကြီး လှုပ်ခတ်ပြီး   ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းခဲ့ တဲ့   ပြန်လည်တည်ဆောက်ရေးဝန်ကြီး ဌာနရဲ့ ဝန်ကြီးအဖြစ်  ထမ်းဆောင်ခဲ့တဲ့ Wataru Takeshita   ဦးဆောင်တဲ့ Takeshita faction    ဖြစ်ပါတယ်။ Takeshita factionမှာ အဖွဲ့ဝင် ၅၂ ဦးရှိပါတယ်။  စတုတ္ထအင်အားအကြီးဆုံး ကတော့      လက်ရှိအယ်လ်ဒီပီပါတီရဲ့ အထွေထွေအတွင်းရေးမှူး    Toshihiro Nikai   ဦးဆောင်တဲ့    Nikai faction ဖြစ်ပါတယ်။ Nikai faction မှာ အဖွဲ့ဝင် ၄၇ ဦး    ရှိပါတယ်။     ပဉ္စမအင်အား အကြီးဆုံးကတော့  နိုင်ငံခြားရေးဝန်ကြီး ဟောင်း  Fumio Kishida ဦးဆောင် လျက်ရှိတဲ့ Kishida faction ဖြစ်ပါတယ်။ Kishida faction မှာ   အဖွဲ့ဝင် ၄၆ ဦး ရှိပါတယ်။   ဆဋ္ဌမ  အင်အားအကြီးဆုံး ကတော့  ကာကွယ်ရေးဝန်ကြီးဟောင်း Shigeru Ishiba  ဦးဆောင်လျက်ရှိတဲ့ Ishiba faction ဖြစ်ပါတယ်။  Ishiba faction မှာ  အဖွဲ့ဝင် ၁၇ ဦး ရှိပါတယ်။ သတ္တမ    အင်အားအကြီးဆုံးကတော့ အယ်လ်ဒီပီပါတီရဲ့       အထွေထွေ အတွင်းရေးမှူးဟောင်း     Nobuteru Ishihara ဦးဆောင်တဲ့  Ishihara faction ဖြစ်ပါတယ်။ Ishihara faction မှာ  အဖွဲ့ဝင် ၁၀ ဦးရှိပါတယ်။  ဘယ်အစုအဖွဲ့ မှာမှ    အဖွဲ့ဝင်အဖြစ်    ပါဝင်ခြင်းမရှိဘဲ သီးခြားလွတ်လပ်စွာ     ရပ်တည်နေတဲ့ အယ်လ်ဒီပီအောက်လွှတ်တော်အမတ် ၆၂ ဦး ရှိပါတယ်။


အယ်လ်ဒီပီပါတီဟာ  အာဏာရပါတီ ဖြစ်တဲ့အတွက်    အယ်လ်ဒီပီပါတီဥက္ကဋ္ဌ ဟာ       ဝန်ကြီးချုပ်တာဝန်ကိုလည်း ထမ်းဆောင်ရမှာ   ဖြစ်ပါတယ်။     အခု အယ်လ်ဒီပီပါတီဥက္ကဋ္ဌ    ကိုယ်စားလှယ် လောင်းတွေဟာ     လက်ရှိဂျပန်နိုင်ငံရဲ့ အခြေအနေတွေအရ  ကိုဗစ်-၁၉ ကူးစက် ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး၊ ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းတွေ၊  ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရတဲ့    နိုင်ငံရဲ့စီးပွားရေး ပြန်လည်နာလန်ထူလာရေး ဆောင်ရွက် ရမယ့် လုပ်ငန်းတွေ  စတဲ့ကိစ္စတွေအပေါ် မှာ    ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ဦးစားပေးရှင်းလင်းချပြလျက်ရှိပါတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးအတွက်   တတိယအကြိမ်မြောက် အရေးပေါ်အခြေအနေ         (State of Emergency) ကို        တိုကျိုအပါအဝင် မြို့ကြီးများနဲ့     ဒေသအများအပြားမှာ ပြဋ္ဌာန်းထားရှိရာမှာ  စက်တင်ဘာလ ၁၂ ရက်နေ့က  သက်တမ်းကုန်ဆုံးခဲ့ပေမယ့် နောက်ထပ်ရက်သတ္တနှစ်ပတ်     ထပ်မံသက်တမ်းတိုးမြှင့်ထားရှိပါတယ်။ ဂျပန် နိုင်ငံဟာ    အခုအချိန်မှာ    ပြင်းထန်တဲ့ ကိုဗစ်-၁၉ ပဉ္စမလှိုင်းရဲ့  ရိုက်ခတ်မှုဒဏ် ကို   ခံစားနေရပြီး   နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်        အကြီး အကျယ် ရိုက်ခတ်မှုရှိခဲ့ပါတယ်။

 

ဒါ့အပြင်    နိုင်ငံတကာ  ဆက်ဆံရေး နယ်ပယ်မှာ    တရုတ်နိုင်ငံ၊    တောင် ကိုရီးယားနိုင်ငံတို့အပါအဝင်  အိမ်နီးချင်း နိုင်ငံများနဲ့ သံတမန်ဆက်ဆံရေး  အခြေ အနေ၊       မြောက်ကိုရီးယားနိုင်ငံက စက်တင်ဘာလ  ဒုတိယပတ်အတွင်းက မဟာဗျူဟာမြောက်        တိုက်ချင်းပစ် ဒုံးကျည်     အမျိုးအစားသစ်တစ်ရပ်ကို အောင်မြင်စွာ    စမ်းသပ်ပစ်လွှတ်ခဲ့တာ ကြောင့်   နိုင်ငံလုံခြုံရေးအခြေအနေတွေ၊ အမေရိကန်နိုင်ငံနဲ့   ကာကွယ်ရေးအရ မဟာမိတ်ဖွဲ့စည်းထားမှု     အခြေအနေ တွေ  စတဲ့မြောက်မြားလှစွာသော  အရေး ကိစ္စတွေကို  ကိုင်တွယ်ဖြေရှင်းသွားမယ့် မူဝါဒ သဘောထားတွေကို  ရှင်းလင်းပြော ကြားခဲ့ကြပါတယ်။    စက်တင်ဘာလ ၂၉   ရက်နေ့မှာ        အယ်လ်ဒီပီပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲပြီးတာနဲ့     နိုဝင်ဘာလ အတွင်း အောက်လွှတ်တော် ရွေးကောက် ပွဲတွေ ပြုလုပ်ဖို့ရှိတဲ့အတွက် အယ်လ်ဒီ ပီလွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ အယ်လ်ဒီပီပါတီဥက္ကဋ္ဌ    ရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်သွားကြမယ့် ကိုယ်စားလှယ်တစ်ဦးချင်းစီရဲ့    မူဝါဒ သဘောထားတွေကို   လေ့လာလျက်ရှိကြ တာကို တွေ့ရပါတယ်။       


မစ္စတာ ဖူမီယို ကီရှီဒါ 
(Mr. Fumio Kishida)


မစ္စတာ ဖူမီယို ကီရှီဒါဟာ     အယ်လ် ဒီပီပါတီဥက္ကဋ္ဌသစ်ရာထူးအတွက်    ဝင် ရောက်    ယှဉ်ပြိုင်မယ်လို့    ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့တဲ့ ကိုယ်စားလှယ် လောင်းဖြစ်ပါတယ်။  အသက် ၆၄နှစ် ရှိပြီဖြစ်တဲ့  မစ္စတာ ကီရှီဒါဟာ ဝါဆေဒ တက္ကသိုလ်က  ဥပဒေဘာသာရပ်နဲ့ ဘွဲ့ ရရှိခဲ့ပြီး   ၁၉၉၃ ခုနှစ်မှာ   အောက် လွှတ်တော်အမတ်အဖြစ်  ရွေးချယ်ခံရပြီး နိုင်ငံရေးလောကကို စတင်ဝင်ရောက်လာ ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ  ဆောက်လုပ် ရေး ဒုတိယဝန်ကြီး၊ ၂၀၀၁ ခုနှစ်မှာ ပညာ ရေး၊  ယဉ်ကျေးမှု၊   အားကစား၊    သိပ္ပံနဲ့ နည်းပညာ  ဒုတိယဝန်ကြီး၊ ၂၀၀၇ ခုနှစ် မှာ အိုကီနာဝါနဲ့   မြောက်ပိုင်းဒေသများ ရေးရာ  ဒုတိယဝန်ကြီး၊  ၂၀၀၈ ခုနှစ်မှာ စားသုံးသူရေးရာဝန်ကြီးနဲ့    အာကာသ မူဝါဒရေးရာဝန်ကြီးအဖြစ်    တာဝန်တွေ အသီးသီးထမ်းဆောင်ခဲ့ပါတယ်။  ၂၀၁၁ ခုနှစ်မှာ   အယ်လ်ဒီပီပါတီ လွှတ်တော် ရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ်    ထမ်း ဆောင်ခဲ့ပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဒုတိယအကြိမ်    အစိုးရသက်တမ်းမှာ ၂၀၁၂ ခုနှစ်ကနေ   ၂၀၁၇ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို  ထမ်း ဆောင်ခဲ့ပါတယ်။    ဒါကြောင့်   မစ္စတာ ကီရှီဒါဟာ      ဂျပန်နိုင်ငံရဲ့သမိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး        တာဝန်ကို သက်တမ်းအရှည်ကြာဆုံး   ထမ်းဆောင်ခဲ့ သူတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။   


မစ္စတာ ကီရှီဒါဟာ ယခင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက်မှာ   နိုင်ငံခြား ရေး  ဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က ဝန်ကြီးချုပ် အာဘေးက မစ္စတာဖူကူဒါကို သူ့နေရာကို ဆက်ခံမယ့်သူတစ်ဦးအဖြစ် လက်ခံထားတာဖြစ်ပါတယ်။   သို့သော် ၂၀၂၀ စက်တင်ဘာလ  အယ်လ်ဒီပီပါတီ ဥက္ကဋ္ဌရာထူးအတွက်   ရွေးချယ်ရာမှာ မစ္စတာအာဘေးဟာ  အခြေအနေအရ မစ္စတာ ဖူကူဒါအစား မစ္စတာ ယိုရှီဟီဒေး ဆူဂကိုပဲ      ထောက်ခံမှုပြုခဲ့ပါတယ်။ မစ္စတာ ကီရှီဒါ က သူသာ အယ်လ်ဒီပီပါတီ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် ကိုဗစ်-၁၉   ကူးစက်ရောဂါကို     ထိန်းချုပ်နိုင် ဖို့အတွက်         ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်   ထိန်းချုပ်စီမံခန့်ခွဲရေးအေဂျင်စီ  (Health Crisis Management Agency)    တစ်ရပ်ကို    ဝန်ကြီးချုပ်ရုံး အောက်မှာ  သီးခြားဖွဲ့စည်း ကိုင်တွယ် ဆောင်ရွက်သွားမှာ        ဖြစ်ကြောင်း၊  ဒါ့အပြင်    ဂျပန်နိုင်ငံမှာ လူသွားလူလာ များပြားမှုတွေကို ထိန်းချုပ်နိုင်ဖို့ ဥပဒေ ပိုင်းဆိုင်ရာပြင်ဆင်မှုတွေ   ပြုလုပ်သွား မှာဖြစ်ကြောင်း၊    စီးပွားရေးကဏ္ဍမှာ လည်း      ဖွံ့ဖြိုးတိုးတက်ရေးအပြင် အလယ်အလတ် ဝင်ငွေရှိသူတွေအတွက် ဝင်ငွေပိုမိုတိုးတက်ရရှိရေး၊     ဝင်ငွေကိုမျှတစွာဖြန့်ဖြူးနိုင်ရေး၊  ဂျပန်နိုင်ငံပုံစံ ဈေးကွက်စီးပွားရေးစနစ်တစ်ရပ်  ဖော် ဆောင်ရေးအပြင် စီးပွားရေးလုံခြုံမှုရှိရေးဝန်ကြီးတစ်ဦးကို     သီးခြားခန့်အပ် သွားမှာဖြစ်ကြောင်း၊  အလားတူ အယ်လ် ဒီပီပါတီတွင်းမှာ ဗဟိုအလုပ်အမှုဆောင် ရာထူးကြီးတွေမှာ သုံးနှစ်ထက် ပိုမထမ်း ဆောင်ရေးအပါအဝင်  ပါတီပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေ   ဆောင်ရွက်သွား မယ်လို့ ပြောကြားထားပါတယ်။


နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ တိုင်ဝမ်ရေလက်ကြား    ပြဿနာဟာ ဂျပန်နိုင်ငံအတွက်      အကြီးမားဆုံး သံတမန်ရေးဆိုင်ရာ အခက်အခဲဖြစ်လာ နိုင်ကြောင်း    ပြောကြားထားပြီး  နိုင်ငံ ကာကွယ်ရေးနဲ့ပတ်သက်လို့      ဂျပန်-အမေရိကန်မဟာမိတ်ဖွဲ့စည်းမှု မူဘောင် အောက်ကနေ    ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ကြောင်း၊      တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာလည်း         နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား ပုံမှန်ထိတွေ့ ဆွေးနွေးမှုတွေ ရှိသင့်ကြောင်း၊   ဂျပန်၊ အမေရိကန်၊   ဩစတြေးလျနဲ့ အိန္ဒိယ လေးနိုင်ငံအကြား Quad ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းစဉ်ဟာလည်း  အရေးပါ ကြောင်း၊    ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ ဩစတြေးလျ၊   ကနေဒါ၊   ဗြိတိန်၊ နယူး ဇီလန်နဲ့   အမေရိကန် ငါးနိုင်ငံအကြား ဖွဲ့စည်းထားတဲ့       ထောက်လှမ်းရေး သတင်းမဟာမိတ်အဖွဲ့    (Five Eyes) နဲ့လည်း     ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း     ထုတ်ဖော်ပြောကြား ထားပါတယ်။     မစ္စတာ ကီရှီဒါဟာ အယ်လ်ဒီပီပါတီ   ဥက္ကဋ္ဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်     ကိုယ်စား လှယ်လောင်း လေးဦးအနက်    အယ်လ် ဒီပီပါတီတွင်း     အဖွဲ့ဝင် ၄၆ ဦးရှိတဲ့ Kishida     faction         အစုအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။  


မစ္စ တာကာချီ ဆာနာအဲ 
(Ms. Takaichi Sanae)


အသက် ၆၀ နှစ်ရှိပြီဖြစ်တဲ့   မစ္စ တာကာချီဆာနာအဲဟာ ကိုဘေးတက္ကသိုလ် က     စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ  နာရာမဲဆန္ဒ နယ်ကနေ      တစ်သီးပုဂ္ဂလအောက် လွှတ်တော်အမတ်အဖြစ်  ရွေးချယ်ခံရပြီး နိုင်ငံရေးလောကကို    စတင်ဝင်ရောက် လာခဲ့ပါတယ်။    ၁၉၉၆ ခုနှစ်မှာ   New Frontier Party အောက်ကနေ    နာရာ မဲဆန္ဒနယ်မှာပဲ    အောက်လွှတ်တော် အမတ်အဖြစ်    ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလမှာ  အယ်လ် ဒီပီပါတီကို    ဝင်ရောက်ခဲ့ပြီး   ၂၀၀၀ ပြည့်နှစ်မှာ    အယ်လ်ဒီပီပါတီအောက် ကနေ အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။  ၂၀၀၅ ခုနှစ်မှာ ကုန်သွယ်ရေးနဲ့   စက်မှုဒုတိယဝန်ကြီး၊ ၂၀၁၂ ခုနှစ်မှာ စီးပွားရေး၊ ကုန်သွယ်ရေး နဲ့စက်မှု ဒုတိယဝန်ကြီးအဖြစ်  တာဝန် တွေ  အသီးသီးထမ်းဆောင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်    ရှင်ဇိုအာဘေးရဲ့   ဒုတိယ အကြိမ် အစိုးရသက်တမ်းမှာ ၂၀၁၉ ခုနှစ် ကနေ ၂၀၂၀ ပြည့်နှစ်အထိ ပြည်ထဲရေး ဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။


မစ္စ တာကာချီ ဆာနာအဲက   သူသာ အယ်လ်ဒီပီပါတီဥက္ကဋ္ဌနဲ့     ဝန်ကြီးချုပ် ဖြစ်လာခဲ့ရင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကို ထိထိရောက်ရောက်  ထိန်းချုပ်နိုင်ဖို့ အတွက်    နိုင်ငံတွင်း   ဒေသအလိုက် lockdown ချမှတ်နိုင်ဖို့ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ    ပြုလုပ်သွားမှာ   ဖြစ် ကြောင်း၊ ဒါ့အပြင်  ကိုဗစ်-၁၉ ကာကွယ် ဆေးကို   ဂျပန်နိုင်ငံတွင်းမှာ   ထုတ်လုပ် သွားနိုင်ဖို့လည်း    စက်ရုံတွေ    တည် ဆောက်သွားမှာဖြစ်ကြောင်း၊  စီးပွားရေး ကဏ္ဍမှာလည်း နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု   ဆက်လက်ရရှိရေးအတွက် ဆောင်ရွက်သင့်တာမှန်သမျှ ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊  ယခင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက်မှာ ချမှတ်ခဲ့တဲ့ Abenomics စီးပွားရေး မူဝါဒတွေအတိုင်း Sanaenomics ခေါင်းစဉ်အောက်ကနေ အကောင်အထည်     ဖော်သွားမှာဖြစ် ကြောင်း၊ ကာကွယ်ရေးကဏ္ဍမှာ  ဂျပန် နိုင်ငံဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့အချုပ်အခြာ အာဏာကို       ခြိမ်းခြောက်လာတဲ့ရန်သူ ကို   စတင်တိုက်ခိုက်နိုင်ဖို့   ခွင့်ပြုရေး အတွက်     ဥပဒေပိုင်းဆိုင်ရာ   ပြင်ဆင်မှု တွေ ဆောင်ရွက်သွားမှာ     ဖြစ်ကြောင်း၊ အထူးသဖြင့်  နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၉ ကို ပြင်ဆင်ဖို့လိုအပ်မှာဖြစ်ကြောင်း    ပြောကြားထားပါတယ်။


ဒါ့အပြင်     ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်မယ့်  စွမ်းအားမြှင့်တင်သွားနိုင် ဖို့အတွက်   အမေရိကန်နိုင်ငံရဲ့  တာလတ် ပစ်ဒုံးကျည်တွေ    ဂျပန်နိုင်ငံမှာ   ဖြန့်ချ သွားဖို့      စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ကြောင်း     ပြောကြားခဲ့ပါတယ်။ ၎င်းအနေနဲ့     ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့    ဂျပန်စစ်သည်တွေရဲ့ အရိုးပြာတွေ မြှုပ်နှံထားတဲ့  တိုကျိုမြို့ရှိ ယာဆုကုနိဘုရားကျောင်းကို မကြာခဏ သွားရောက်       ဆုတောင်းလေ့ရှိသလို အယ်လ်ဒီပီပါတီဥက္ကဋ္ဌ    ဖြစ်လာပါက လည်း  ယုံကြည်မှုအရ   ဆက်လက်သွား ရောက်မှာဖြစ်ကြောင်း   ထုတ်ဖော်ပြော ကြားထားပါတယ်။   ဒါ့အပြင်   မစ္စတာ ကာချီ ဆာနာအဲဟာ   စက်တင်ဘာလ ၂၀ ရက်နေ့က       တရုတ်တိုင်ပေရဲ့ ခေါင်းဆောင် Tsai In-wen နဲ့ ဗီဒီယို ကွန်ဖရင့်စနစ်နဲ့    ဆွေးနွေးခဲ့ရာမှာ တရုတ်တိုင်ပေအနေနဲ့ ဒေသတွင်းအရေး ပါတဲ့    CPTPP   ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်မှာ    ပါဝင်နိုင်ဖို့ အတွက် ဂျပန်နိုင်ငံမှ   အထောက်အကူ ပြုသွားရေးအပါအဝင်    စီးပွားရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ  ပူးပေါင်းဆောင် ရွက်သွားနိုင်မယ့်  အလားအလာတွေကို ဆွေးနွေးခဲ့ကြတယ်လို့    ဖော်ပြထားပါ တယ်။   အယ်လ်ဒီပီပါတီဥက္ကဋ္ဌလောင်း တစ်ဦးအနေနဲ့   အခုလိုတွေ့ဆုံမှုဟာ တရုတ်တိုင်ပေကိစ္စနဲ့      ပတ်သက်ရင် အလေးထားတဲ့    တရုတ်နိုင်ငံအတွက် အမျက်ဒေါသဖြစ်စေနိုင်တဲ့ အချက်ဖြစ်ပါ တယ်။ 


မစ္စတာ တာရို ကိုနို (Mr. Taro Kono)


အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ တာရို ကိုနိုဟာ အမေရိကန်ပြည်ထောင်စု၊ ဂျော့ချ်တောင်းတက္ကသိုလ်က    သိပ္ပံဘွဲ့ ရရှိခဲ့ပြီး  ၁၉၈၆ ခုနှစ်မှာ Fuji Xerox Co. မှာ  ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ         ကာနာဂါဝါမဲဆန္ဒနယ် ကနေ  အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပြီး     နိုင်ငံရေးလောကကို စတင်ဝင်ရောက်လာခဲ့ပါတယ်။    ၂၀၀၈ ခုနှစ်မှာ  အောက်လွှတ်တော်  နိုင်ငံခြား ရေးရာကော်မတီဥက္ကဋ္ဌအဖြစ်          ထမ်း ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ    အုပ်ချုပ်မှု စနစ်ပြုပြင်ပြောင်းလဲရေးနဲ့   ပြည်သူ့ ဝန်ဆောင်မှု ပြုပြင်ပြောင်းလဲရေးဝန်ကြီး၊ ၂၀၀၈ ခုနှစ်မှာ စားသုံးသူရေးရာဝန်ကြီးနဲ့ အာကာသမူဝါဒရေးရာဝန်ကြီး   အဖြစ် တာဝန်တွေ   အသီးသီးထမ်းဆောင်ခဲ့ ပါတယ်။   ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ ဒုတိယအကြိမ်    အစိုးရသက်တမ်းမှာ ၂၀၁၇ ခုနှစ်ကနေ   ၂၀၁၉ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး၊ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ကာကွယ်ရေးဝန်ကြီး၊ ၂၀၂၀ ပြည့်နှစ်ကနေ  လက်ရှိအချိန်အထိ အုပ်ချုပ်မှုစနစ်    ပြုပြင်ပြောင်းလဲရေး ဝန်ကြီးအဖြစ်     တာဝန်ထမ်းဆောင် လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လမှာ ဝန်ကြီးချုပ် ယိုရှီဟီဒေး ဆူဂ က ကိုဗစ်-၁၉    ကာကွယ်ဆေးထိုးနှံရေး တာဝန်ခံဝန်ကြီးအဖြစ်လည်း     ထပ်မံ တာဝန်ပေးအပ်ခဲ့ပါတယ်။  


(ဆက်လက်ဖော်ပြပါမည်)