ဟာလန်း၏ ပယ်နယ်တီဂိုးဖြင့် ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့သည့် မန်စီးတီး

 

နိုဝင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ် (၁၅) မှ မန်စီးတီးအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ ပွဲစဉ်တွင် မန်စီးတီးက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

 


ပယ်နယ်တီကန်သွင်းခွင့်ရ


နိုင်ပွဲရရှိရေးဦးတည်လာသည့် မန်စီးတီးအသင်းသည် ပွဲစသည် နှင့်တစ်ပြိုင်နက်  ဖူလ်ဟမ်အသင်းကို  ဖိအားပေးကစားနိုင်ခဲ့သည်။ မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၇ မိနစ်တွင် အယ်ဘာ ရက်ဇ်က သွင်းယူပေးနိုင်ခဲ့သော်လည်း ပွဲချိန် ၂၆ မိနစ်တွင် အသင်းမှ ခံစစ်ကစားသမားက   ပြိုင်ဘက်ကို   ကစားပုံကြမ်းခဲ့သည့်အတွက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။  
ပွဲချိန်   ၂၈  မိနစ်တွင်    ဖူလ်ဟမ်အသင်း  ပယ်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး ပါရဲရားက အမှားအယွင်းမရှိ  အဆုံးသတ်နိုင်ခဲ့သည့်အတွက် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ ပထမပိုင်းတွင်   မန်စီးတီးအသင်း  ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်ထက်မနည်း ပြုလုပ်နိုင်ခဲ့သော်လည်း ဖူလ်ဟမ် အသင်းက တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။ 

 


ဟာလန်း အနိုင်ဂိုးသွင်း


ပွဲချိန် ၇၄ မိနစ်တွင် မန်စီးတီးအသင်းမှ လူစားဝင်ကစားသမား ဟာလန်း ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သည့် အတွက် နစ်နာခဲ့ရသည်။ သို့သော်လည်း ပွဲချိန်ပြည့်ခါနီးတွင် ပယ်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ပြီး ဟာလန်းက အမှားအယွင်းမရှိ   အဆုံးသတ်နိုင် ခဲ့သည့်အတွက် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲစဉ် အပြီး မန်စီးတီးတို့ ရမှတ် ၃၂ မှတ် ရရှိထားသည်။ 

 


 အခြားပွဲစဉ်ရလဒ်များ


အခြားသော ပွဲစဉ်ရလဒ်များတွင် လိဒ်စ်က ဘုန်းမောက်ကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး ရမှတ် ၁၅ မှတ် ရရှိထားသည်။  
ဘရိုက်တန်က ဝုဖ်ကို အကြိတ်အနယ် ကစားပြီး သုံးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဘရိုက်တန်တို့ ယခုပွဲအပြီး ရမှတ် ၂၁ မှတ် ရရှိပြီး ဖြစ်သည်။ 

 


နော်တင်ဟမ်နှင့် ဘရန့်ဖို့ဒ်အသင်းတို့ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။ နော်တင်ဟမ်တို့ ယခုပွဲ သရေကျသော်လည်း ရမှတ် ၁၀ မှတ်ဖြင့် တန်းဆင်းဇုန်အောက်ဆုံ၌ ရပ်တည်နေသည်။ 


အောင်ဇော်