
ဂါဇာ ဇူလိုင် ၁၂
အစ္စရေးနှင့် ဟားမားစ်တို့သည် ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲ ရေး သဘောတူညီမှု ရရှိပြီး ဟားမားစ်အဖွဲ့က ဖမ်းဆီးထား သည့် ဓားစားခံများကို ပြန်လွှတ် ပေးလိမ့်မည်ဟု မျှော်လင့်ထား ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော် ပြောကြားသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ၎င်းတင်ပြခဲ့သည့်မူဘောင်ကို အစ္စရေးနှင့်ဟားမားစ် နှစ်ဖက် စလုံးက သဘောတူထားကြောင်း ဝါရှင်တန်ဒီစီတွင် ဇူလိုင် ၁၁ ရက် က သတင်းထောက်များကို ပြောကြားခဲ့သည်။ အသေးစိတ် အချက်အလက်များ ထုတ်ပြန်ရန် အတွက် အဆိုပါဒေသသို့ ၎င်း၏ အဖွဲ့များ စေလွှတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
သဘောတူညီချက် ကိစ္စရပ် များမှာ ရှုပ်ထွေးပြီး ခက်ခဲမှုများ ရှိနေသေးသည့်အတွက် ကွာဟ ချက်များ ကျန်ရှိနေသေးကြောင်း အမေရိကန်သမ္မတက ပြောသည်။
တိုးတက် အောင်မြင်မှုများ ရရှိနေပြီဖြစ်ကြောင်းနှင့် အပြု သဘောဆောင်သည့် လုပ်ဆောင် မှုများ လုပ်ဆောင်နေကြောင်း၊ သဘောတူညီချက်ကို ပြီးမြောက် အောင် လုပ်ဆောင်ပြီး စစ်ပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်ထား ကြောင်း ၎င်းက ပြောကြား သည်။
ဗဟို ထောက်လှမ်းရေး အေဂျင်စီညွှန်ကြားရေးမှူး ဘေးလ် ဘန်းနှင့် အခြားသောအမေရိကန် အရာရှိများသည် အပစ်အခတ် ရပ်စဲရေးဆွေးနွေးရန် ယခုသီတင်း ပတ်အတွင်း အရှေ့အလယ်ပိုင်း ဒေသသို့ သွားရောက်ကာ ဒေသ တွင်း အရာရှိကြီးများနှင့် တွေ့ဆုံ ခဲ့သည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ