ဟောင်ကောင်နှင့် ခြေစမ်းပွဲအတွက်  မြန်မာ့လက်ရွေးစင်အသင်း စက်တင်ဘာ ၁၆ ရက် စတင်လေ့ကျင့်မည်

 

ရန်ကုန်    စက်တင်ဘာ     ၁၃


မြန်မာ့လက်ရွေးစင်အသင်းသည်    ဟောင် ကောင်     လက်ရွေးစင်အသင်းနှင့်   ခြေစမ်းပွဲ ကစားရန် စက်တင်ဘာ ၁၆ ရက်တွင် စတင် လေ့ကျင့်မည်ဖြစ်သည်။

 


ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့်    MNL အမှတ်ပေးပြိုင်ပွဲကို     အပတ်စဉ်ကျင်းပနေ သဖြင့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ဟောင်ကောင်အသင်းနှင့်    ခြေစမ်းပွဲအတွက် ပြင်ဆင်ချိန်  အနည်းငယ်သာရရှိမည်ဖြစ်ပြီး ခြေစမ်းပွဲကစားမည့်         ပဏာမလူစာရင်း ကို    မကြာမီထုတ်ပြန်မည်ဖြစ်သည်။    မြန်မာ့ လက်ရွေးစင်အသင်းနှင့်       ဟောင်ကောင် လက်ရွေးစင်အသင်းသည်  စက်တင်ဘာ ၂၁၊ ၂၄ ရက်တွင် ဟောင်ကောင်၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမပွဲကို ပရိသတ် မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်ကာ ဒုတိယပွဲ ကိုမူ ပရိသတ်များကွင်းအတွင်း ကြည့်ရှုခွင့် ရမည်ဖြစ်သည်။    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က သတ်မှတ်ထားသည့်  နိုင်ငံတကာ ရက်သတ္တပတ်တွင် ခြေစမ်းပွဲကစားခြင်း ဖြစ်ပြီး နှစ်ပွဲယှဉ်ပြိုင်ကစားရန် စီစဉ်ထား ခြင်းဖြစ်သည်။ မြန်မာနှင့် ဟောင်ကောင် အသင်းသည်  ယခုနှစ်အတွင်း  ဒုတိယ အကြိမ် ခြေစမ်းခြင်းဖြစ်ပြီး ပထမအကြိမ် အဖြစ် မေ ၂၄ ရက်က ထိုင်းနိုင်ငံ၌ Train-ing  Match  ယှဉ်ပြိုင်ကစားရာ   ဂိုးမရှိ    သရေကျခဲ့သည်။    မြန်မာအသင်းနှင့် ဟောင်ကောင်အသင်းသည် ၂၀၁၅ ခုနှစ် တွင် ဟောင်ကောင်၌  ခြေစမ်းပွဲကစားပြီး နောက်    ယခုနှစ်မှ      ဟောင်ကောင်၌ ထပ်မံခြေစမ်းခြင်းဖြစ်သည်။    မြန်မာ့ လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲ ကစားထားပြီး     မေလတွင်  ဟောင်ကောင် လက်ရွေးစင်၊  ဘာရိန်း           လက်ရွေးစင်အသင်းတို့နှင့်   ယှဉ်ပြိုင်ကစားထားခြင်း     ဖြစ်သည်။

 

မြန်မာအသင်းသည်      ဟောင်ကောင် အသင်းနှင့် ဂိုးမရှိသရေကျကာ ဘာရိန်း အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။      

                         

 ရဲရင့်လွင်