
မိုးဇက် - ရေးသားသည်
ခရိုအေးရှား & အယ်ဘေးနီးယား
ခရိုအေးရှားရော အယ်ဘေးနီးယားအသင်းပါ အဖွင့်ပွဲစဉ်မှာ ရှုံးပွဲကြုံ တွေ့ထားတာကြောင့် ဒီပွဲစဉ်က နောက်တစ်ဆင့်တက်ရေးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်တယ်။
နာမည်ကြီးစပိန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခရိုအေးရှားရဲ့ ခြေစွမ်း ထက်မြက်မှုရှိပြီး သာလွန်တဲ့ကစားဟန်နဲ့ ကစားနိုင်ခဲ့တယ်။ အယ် ဘေးနီးယားရဲ့ခြေစွမ်းက ခရိုအေးရှားလောက် ကောင်းမွန်မှုမရှိပေမယ့် အဆုံးသတ်သေချာတယ်။ သို့သော်လည်း ခရိုအေးရှား နိုင်ပွဲရမယ်။
ဂျာမနီ & ဟန်ဂေရီ
ဒီပွဲစဉ်က ဟန်ဂေရီအတွက် မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ်နေပေမယ့် ခြေစွမ်းသာလွန်တဲ့အပြင် အိမ်ရှင်အသင်းလည်းဖြစ်တဲ့ ဂျာမနီကို ကျော် ဖြတ်ဖို့ မဖြစ်နိုင်ဘူး။
ဂျာမနီက ဒီပွဲစဉ်နိုင်ရင် နောက်တစ်ဆင့်တက်လှမ်းဖို့ နီးစပ် သွားမှာဖြစ်တာကြောင့် အမှားခံမှာ မဟုတ်ဘူး။ ပြိုင်ဘက်ဟန်ဂေရီ အသင်းက ဒီပွဲစဉ်ရှုံးနိမ့်ရင် နောက်တစ်ဆင့်တက်လှမ်းခွင့် မှေးမှိန်သွား မှာဖြစ်တယ်။ မည်သို့ပင်ဆိုစေ ဂျာမနီ နိုင်ပွဲရမယ်။
စကော့တလန် & ဆွစ်ဇာလန်
အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့ စကော့တလန်က ဒီပွဲစဉ်မှာ ဆွစ်ဇာလန်ကို အနိုင်မရခဲ့ရင်တောင် ထပ်ပြီးမရှုံးဖို့ လိုအပ်တယ်။ ဆွစ်ဇာလန်အသင်းက ဒီပွဲစဉ်နိုင်ရင် နောက်တစ်ဆင့်တက်လှမ်းဖို့ နီးစပ်သွားမှာဖြစ်တယ်။
စကော့တလန်ရဲ့ခြေစွမ်းက ပြီးခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန်တစ်လျှောက် လုံးမှ ဂိုးကန်သွင်းခွင့် တစ်ကြိမ်ပဲရတဲ့အထိ အတော်လေး ဆိုးရွား တယ်။ ကစားပုံမာကျောပြီး ခြေစွမ်းသာလွန်မှုရှိတဲ့ ဆွစ်ဇာလန်ကို စကော့တလန်အသင်း နိုင်ပွဲရဖို့ ခက်မယ်။