ဟုမ္မလင်း၊ ပခုက္ကူ၊ သင်္ဃန်းကျွန်း၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

 

နေပြည်တော်  စက်တင်ဘာ  ၇ 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၅ ရက် ည ၁၁ နာရီခွဲတွင် ဟုမ္မလင်းမြို့နယ် စံကပ်ကျေးရွာအနီး၌ မောင်မောင်လွင်မောင်းနှင်ပြီး အားခေ(ခ)အားခီး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၅၅ ကီလို ဖမ်းဆီးရမိသည်။ 
အလားတူ        စက်တင်ဘာ ၆ ရက်  နံနက် ၈ နာရီ  မိနစ် ၂၀ တွင်    မူးယစ်ဆေးဝါး   တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပခုက္ကူမြို့   အမှတ်(၁)ရပ်ကွက် တွင်   မဥမ္မာလင်း  မောင်းနှင်ပြီး မသန်းဌေးမြင့်  လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ကျော်စိုး မောင်းနှင်လာသည့်   မော်တော် ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၈၀ ပြားကို လည်းကောင်း။
ထို့အတူ      ယင်းနေ့    ညနေ ၄ နာရီတွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည်      သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်ရှိ    တည်းခို ခန်းအနီးတွင်    စောသန်းစိုး(ခ)ပေါင်မုန့်နှင့် မိုးသူတို့အား မသင်္ကာ ဖွယ်တွေ့ရှိရသဖြင့်     စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀၀ ကို လည်းကောင်း။
အလားတူ       စက်တင်ဘာ ၆ ရက် ည ၈ နာရီတွင် မူးယစ် ဆေးဝါးတားဆီး      နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ကျောက်မဲ မြို့အဝင် အိုရီယမ်တယ် တိုးဂိတ် အနီး၌    ဝင်းလှိုင်(ခ)မိုဟာမတ် ဟာဆန်    မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို  ရပ်တန့် စစ်ဆေးရှာဖွေရာ      စိတ်ကြွ ရူးသွပ်ဆေးပြား     ၁၀၀၀၀  ကို လည်းကောင်း။
စက်တင်ဘာ ၅ ရက် နံနက် ပိုင်းတွင် သီပေါမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သီပေါမြို့နယ် သီပေါ-လားရှိုးသွားကားလမ်း  ကုန်းသာ ကျေးရွာအနီး၌  Mark II  အမျိုး အစား     မော်တော်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်း အရ    သွားရောက်စစ်ဆေးရာ ယာဉ်မောင်းကို     မတွေ့ရှိရဘဲ ယာဉ်နောက်ခန်းရှိ ဆာလာအိတ် အတွင်းမှ  ငွေကျပ်  သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀  ကို    လည်းကောင်း (အပေါ်ပုံ)      သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး  နှင့်      စိတ်ကို   ပြောင်းလဲစေ သော  ဆေးဝါးများဆိုင်ရာ   ဥပဒေ အရ  အရေးယူထားကြောင်း သိရ သည်။    
သတင်းစဉ်