
နေပြည်တော် ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်တွင် ဟုမ္မလင်း ရပ်ကွက် ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးဘိုချစ်၏ နေအိမ်၌ လက်လုပ်ဗုံးများ စုဆောင်းထားကြောင်း သတင်း အရ ဇူလိုင် ၂ ရက်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေ ခဲ့ရာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့ သော ပြည်သူ့လွှတ်တော် ဆန္ဒမဲ လက်မှတ်စောင်ရေ (၅၀)ပါ ဆန္ဒမဲလက်မှတ် စာအုပ် ၂ အုပ်နှင့် ဆန္ဒမဲပေးရာတွင် အသုံးပြုခဲ့သော UEC တံဆိပ်ပါ တံဆိပ်တုံး ၃ ခု သိမ်းဆည်းရမိခဲ့သည်။ ဦးဘိုချစ် မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ ပြီး သိမ်းဆည်းရမိခဲ့သော ရွေးကောက်ပွဲသုံး ပစ္စည်းများကို ဟုမ္မလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အပ်နှံ ထားကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဟုမ္မလင်းမြို့နယ်၏ ဆန္ဒမဲလက်မှတ်များကို မြေပြင် စစ်ဆေးခဲ့စဉ်က ပျောက်ဆုံးဆန္ဒမဲ လက်မှတ် ၇၈၂၂ စောင်နှင့် အပို ၃၈၅၇ စောင်ရှိကြောင်း မေ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ သတင်းစဉ်