(၁၀) ကြိမ်မြောက် အာဆီယံ - တရုတ် လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲကျင်းပ

နေပြည်တော်  မေ  ၂၅
ပိုမိုတိုးတက်ကောင်းမွန်သော        လူငယ်များနှင့် အနာဂတ်အတွက်ဟူသော    ဆောင်ပုဒ်ဖြင့်    ကျင်းပ သည့် အာဆီယံ-တရုတ်  လူငယ်ခေါင်းဆောင်များ   အပြန်အလှန်တွေ့ဆုံပွဲအခမ်းအနားကို  မေ ၂၁ ရက် မှ  ၂၄   ရက်အထိ   ကွမ်ရှီးပြည်နယ်    နန်နင်းမြို့၌  ကျင်းပရာ မြန်မာ - တရုတ်   ချစ်ကြည်ရေးအသင်း  (ဗဟို)   မှ အလုပ်အမှုဆောင်နှစ်ဦးနှင့်   လူငယ်ငါးဦး ပါဝင်သောအဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာလူငယ်အဖွဲ့သည်  အာဆီယံနိုင်ငံအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များနှင့်  အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ     တွေ့ဆုံခြင်း၊     အတွေ့အကြုံနှင့် ယဉ်ကျေးမှုဗဟုသုတများ  ဖလှယ် ဆွေးနွေးခြင်း၊   နိုင်ငံအလိုက် အမျိုးသားယဉ်ကျေးမှု အဆိုအကများ  တင်ဆက်ပြသခြင်းများ ဆောင်ရွက် ခဲ့ကြပြီး ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများတွင်   မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်းမှ လူငယ်ကိုယ်စားလှယ်     အဖွဲ့က   နှစ်ပြည်ထောင်အကြား    အစောဆုံးစတင် ခဲ့ကြသော ပျူခေတ်ယဉ်ကျေးမှုအနုပညာအက အစီ အစဉ်များ တင်ဆက်ပြသခဲ့ကြသည်။
အာဆီယံ    လူငယ်ကိုယ်စားလှယ်အဖွဲ့များကို ကွမ်ရှီးမြို့တော်နန်နင်းနှင့်    စက်မှုဇုန်       လှူကျို့ Liuzhou မြို့များသို့ လေ့လာရေးခရီးများ လှည့်လည် ပို့ဆောင်ပြသခဲ့ကြောင်း သိရသည်။      သတင်းစဉ်