
တိုကျို နိုဝင်ဘာ ၉
ဂျပန်အစိုးရသည် ၁၀ လတာ ကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် နိုင်ငံရပ်ခြားမှ ဆိုက်ရောက် လာမည့်သူများအတွက် နယ်စပ် တံခါးများ ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။ ဂျပန်နိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်ရရန် စောင့်ဆိုင်း နေကြသည့် ကျောင်းသားများနှင့် အလုပ်သမားများအတွက် အလား အလာကောင်းတစ်ခုပင် ဖြစ် သည်။
သို့သော်လည်း နေ့စဉ်ထောင် နှင့်ချီ၍ ဝင်လာမည့်သူများ အတွက် တင်းကျပ်သည့် စည်းကမ်းများ ရှိနေဆဲဖြစ်သည်။ စီးပွားရေးသမားများနှင့် ကျောင်း သားများသည် ဂျပန်နိုင်ငံအတွင်း သို့ ဝင်ရောက်ခွင့်ရရန် ကာလ ရှည်ကြာ စောင့်ဆိုင်းနေရသည် ဖြစ်ရာ ယခုလို လုပ်ဆောင်ပေး လိုက်သည့်အတွက် ကောင်းမွန် သည့် ကိစ္စဖြစ်ကြောင်း နာရီတာ လေဆိပ်သို့ ရောက်ရှိလာသော မက္ကဆီကိုနိုင်ငံမှ စီးပွားရေး ခရီးသွားတစ်ဦးက ပြောသည်။
စီးပွားရေးကိစ္စ သို့မဟုတ် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ချက် ဖြင့် သုံးလကြာနေထိုင်မည့်သူများ၊ နိုင်ငံခြား ကျောင်းသားများနှင့် နည်းပညာ လေ့ကျင့်ရေးသမား များအတွက် စည်းကမ်းအသစ် များမှာ နိုဝင်ဘာ ၈ ရက်မှ စတင်ကာ အသက်ဝင်ပြီ ဖြစ် သည်။
ရိုးရိုး ခရီးသွားများအတွက် ကန့်သတ်ချက်များမှာမူ မပြောင်း လဲသေးပေ။ စီးပွားရေးခရီးသွား များသည် ဂျပန်အစိုးရက ခွင့်ပြု ပေးထားသော ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ထိုးနှံထားရ မည်ဖြစ်ပြီး သုံးရက်ကြာ အသွား အလာစောင့်ကြည့် ကန့်သတ်မှု ခံယူရမည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ