(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကျင်းပ

 

နေပြည်တော်    ဇူလိုင်   ၆
(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်   သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊    ဒုတိယဝန်ကြီးများ၊  အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်     (သန်လျင်၊ စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်း လီမိတက် မှ      ဒါရိုက်တာအဖွဲ့ဝင်များ၊ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့မှ ကျောင်းအုပ်ကြီး များ၊  တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနများမှ    ညွှန် ကြားရေးမှူးများ၊    သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေး ပညာ     သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသ ကြီး/ပြည်နယ် သမဝါယမအသင်း စုချုပ်   ဥက္ကဋ္ဌများ၊   သမဝါယမ အသင်းသားများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက  အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်   (Interna-tional  Cooperative   Alliance -ICA)ကို ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ၌ စတင်ဖွဲ့စည်းခဲ့ရာ သက်တမ်း ၁၂၉ နှစ်ရှိပြီဖြစ်ကြောင်း၊ ၁၉၂၃ ခုနှစ်မှ   စတင်၍   အပြည်ပြည် ဆိုင်ရာ   သမဝါယမနေ့အထိမ်း အမှတ်ပွဲများ ကျင်းပလာခဲ့သည် မှာ ယနေ့ဆိုလျှင် (၁၀၂)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊  ၁၉၉၄  ခုနှစ်တွင် ကျင်းပခဲ့သည့်     ကုလသမဂ္ဂ အထွေထွေညီလာခံက     နှစ်စဉ် ဇူလိုင်ပထမပတ်     စနေနေ့ကို အပြည်ပြည်ဆိုင်ရာ   သမဝါယမ နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရှိ ဗဟိုသမဝါယမ အသင်းသည် ၁၉၉၃ ခုနှစ် စက်တင် ဘာ ၇  ရက်တွင်   အပြည်ပြည် ဆိုင်ရာ   သမဝါယမအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ်      စတင်ဝင်ရောက် ခဲ့ပါကြောင်း၊   မြန်မာနိုင်ငံတွင် ၁၉၀၄ ခုနှစ်၌        သမဝါယမအသင်း အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၀၅ ခုနှစ်   ဇန်နဝါရီ   ၃   ရက်တွင် စစ်ကိုင်းခရိုင် မြင်းမူ ငွေစုငွေချေး သမဝါယမအသင်းကို     စတင် ဖွဲ့စည်းသည်မှစ၍   သမဝါယမ လုပ်ငန်းများ သန္ဓေတည်လာခဲ့ပါ ကြောင်း၊     ခေတ်အဆက်ဆက် သမဝါယမအသင်းများ    ရှင်သန် ဖွံ့ဖြိုးရေးအတွက်    ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ပြီး လမ်းညွှန်     ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၂၁ ခုနှစ် ဇွန် ၁၇  ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို   ဝန်ကြီးဌာန အသစ်အဖြစ်    ပြန်လည်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး   ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့်  (၃)  နှစ်တာ ကာလအတွင်း သမဝါယမလုပ်ငန်း များ   ရှင်သန်ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်း များကို    လုပ်ငန်းအမှန်တကယ် လုပ်ကိုင်သူများကိုသာ ပြန်လည် ပြုပြင်ဖွဲ့စည်းခြင်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့အထိ သမဝါယမ အသင်းပေါင်း    ၃၈၆၅၉   သင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။
၂၀၂၄   ခုနှစ်     အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ် ဖြစ်သည့် “Cooperatives Build a Better Future for All”  (အနာ ဂတ်ဘဝ      ပိုမိုကောင်းမွန်ရေး သမဝါယမက   ဆောင်ရွက်ပေး) ဆိုသည့်အတိုင်း     နိုင်ငံတကာ သမဝါယမများက   မျှဝေခံစားတတ် သော  လူ့ကျင့်ဝတ်  ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ် အခြေတည် ထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံး       ကြိုးစား အားထုတ် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက်  ဗဟိုသမဝါယမ အသင်း လီမိတက်ဥက္ကဋ္ဌ ကိုယ်စား ဒါရိုက်တာအဖွဲ့ဝင် ဦးထွန်းလှိုင်က အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့   ဂုဏ်ပြုစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ   သမဝါယမ အဖွဲ့ချုပ်မှ  ပေးပို့သော  သဝဏ် လွှာကို   ဗဟိုသမဝါယမအသင်း လီမိတက်      ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာ     တိုးနန္ဒာတင်က ဖတ်ကြားကာ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့      ဂုဏ်ပြုတေး သီချင်းနှင့်  သမဝါယမလုပ်ငန်း ဆောင်ရွက်မှု   Video Clip   ကို ပြသသည်။
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သမဝါယမဖွံ့ဖြိုးရေး ဆောင်ရွက် မှုများအတွက်   ဆုအမျိုးအစား ပေါင်း ၂၇ ဆုကို ပေးအပ်ချီးမြှင့်ပြီး အပြည်ပြည်ဆိုင်ရာ   သမဝါယမ နေ့    အထိမ်းအမှတ်ပြခန်းများ ကို   လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း         သတင်းရရှိ သည်။
သတင်းစဉ်