
နေပြည်တော် နိုဝင်ဘာ ၁၆
(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 17th China-ASEAN Expo) နှင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး (The 17th China-ASEAN Business and Investment Summit) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ Online ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ Online CAEXPO ၌ B2B အစီအစဉ်များတွင် one- on-one match meeting ပွဲနှင့် Business Matching များ၊ Online Business Talks များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကုန်စည်ပြပွဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာ လုပ်ငန်းရှင်ကုမ္ပဏီများ သွားရောက်မပြသနိုင်သော်လည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်ငန်းရှင် ကုမ္ပဏီခွဲ ၁၆ ခုက မြန်မာ့ထွက်ကုန်နမူနာပစ္စည်းများကို မြန်မာသံရုံး (ပေကျင်း)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (နန်နင်း)တို့၏ ပူးပေါင်းမှုဖြင့် ပြခန်း ၂၈ ခန်း ပါဝင်ပြသရန် စီစဉ်ထားသည်။
နန်နင်းကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် တရုတ်-အာဆီယံကုန်စည် ပြပွဲ၌ ၈၁ စတုရန်းမီတာ အကျယ်အဝန်းရှိ မြန်မာပြခန်းဆောင်၌ မြန်မာနိုင်ငံအရပ်ရပ်ရှိ ထင်ရှားသောမြို့များ၏ မြန်မာ့ရှုခင်း၊ မြန်မာ့ ရိုးရာပွဲတော်များ၊ စီးပွားရေး ကဏ္ဍများအား ဓာတ်ပုံများဖြင့် ပြသရန် စီစဉ်ထားရာ မြန်မာလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်း များကို မိတ်ဆက်ပြသလိုပါက မြန်မာလုပ်ငန်းရှင်များ၏ တရားဝင် တည်ထောင်ထားသော လုပ်ငန်းများ၏ လုပ်ငန်း/ကုန်စည်/ ဝန်ဆောင်မှု/ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဗီဒီယို ဖိုင် (ကြာမြင့်ချိန်- ၅ မိနစ်မှ ၁၀ မိနစ်ခန့်၊ ဖိုင် အမျိုးအစား- mp4၊ နောက်ခံစကားပြောအဖြစ် အင်္ဂလိပ် (သို့မဟုတ်) တရုတ်စကားပြော ဖြစ်ရမည်။ မြန်မာစကားပြောနောက်ခံဖြစ်ပါက အင်္ဂလိပ်ဘာသာ သို့မဟုတ် တရုတ်ဘာသာဖြင့် sub-title ရေးထိုးရမည်) ပြုစု၍ ပြသနိုင်သည်။ သို့ပါ၍ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ econo-micattachenanning @outlook.com နှင့် economicattachena-nning@ gmail.com တို့သို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ရက်ထက် နောက်မကျစေဘဲ ပေးပို့ပြသနိုင်ပါကြောင်း သိရသည်။ သတင်းစဉ်