၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image not available
နေပြည်တော်   မတ်   ၄
 
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၂၀-၂၀၂၁)   ပညာသင်နှစ်အတွက်  ကျောင်းသုံး  စာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
 
လုပ်ငန်းအပ်နှံဆောင်ရွက်
 
အစည်းအဝေးတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ  ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  ပညာရေးဝန်ကြီးဌာန၏ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်ခြင်းလုပ်ငန်းစဉ် တွင် ပြန်ကြားရေးဝန်ကြီးဌာနက အစဉ်အမြဲ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊  ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေမှု၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ပုံနှိပ်နိုင်သည့်အရေ အတွက်ထက် ကျော်လွန်သည့်စာအုပ်များကို  ပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းရှင်များထံ  တင်ဒါစိစစ်ရေးကော်မတီမှတစ်ဆင့် တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းအပ်နှံဆောင်ရွက်နေမှုနှင့်   နောင်လာမည့် ပညာသင်နှစ်များအတွက် ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့  စေရေးအတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်သည်ကို ပြောကြား သည်။
 
အရည်အသွေးပိုမိုကောင်းမွန်
 
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေးဝန်ကြီးဌာန၌ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊  ဘုန်းတော်ကြီးသင်ကျောင်းများ  စသည်ဖြင့်  အခြေခံပညာ  ကျောင်းသား ကျောင်းသူ ၉ ဒသမ ၇ သန်း ကျော်ရှိမှု၊ အခြေခံပညာကျောင်းသား ကျောင်းသူ များအတွက် နှစ်စဉ်ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ပေးခြင်း၊ ဖြန့်ဝေ ပေးခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ပေးနေမှု၊  သင်ရိုးသစ်များပြုစုရေးဆွဲရာတွင် နိုင်ငံတကာ  သင်ရိုးညွှန်းတမ်းများနှင့်အညီ အရည်အသွေးပြည့်မီစေရန် အချိန်ယူဆောင်ရွက် နေမှု၊ ပုံနှိပ်မှုလုပ်ငန်းများ၊ ဖြန့်ဝေမှုလုပ်ငန်းများ နှောင့်နှေးနိုင်သည့်အတွက် လည်း  အချိန်မီပြီးစီးနိုင်စေရန်  ပညာရေးဝန်ကြီးဌာနက   ကြိုးပမ်းဆောင် ရွက်လျက်ရှိမှု၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို  နှစ်စဉ်နှစ်တိုင်း  ရိုက်နှိပ် ဖြန့်ချိရာတွင်    တစ်နှစ်ထက်တစ်နှစ်   အရည်အသွေး    ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက်   အတူတကွ     ကြိုးပမ်းဆောင်ရွက်နေမှုတို့ကို  ပြောကြားသည်။
 
ယင်းနောက်   ကျောင်းသုံးစာအုပ်များ   ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ အတွင်းရေးမှူး   ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ အတွင်း ရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က (၂၀၂၀-၂၀၂၁) ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်နှင့် နောင်လာမည့် ပညာသင် နှစ်များအတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြ သည်။
 
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်သွားသင့် သည့် လုပ်ငန်းအစီအမံများကို အကြံပြုဆွေးနွေးသည်။
 
ထို့နောက်    အမြဲတမ်းအတွင်းဝန်   ဦးမျိုးမြင့်မောင်နှင့်   အစည်းအဝေး တက်ရောက်လာကြသူများက    အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ  ရိုက်နှိပ်ထုတ်ဝေဖြန့်ချိခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
 
သတင်းစဉ်