
နေပြည်တော် မတ် ၁၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကြီးအတွက် မဲပေးနိုင်ရေး ပညာပေးရန် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် မဲပေး နိုင်ရေး ပညာပေးရန် ဆောင်ရွက်သွားမည့် အစီအစဉ်များ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ တာဝန်ရှိသူများက ဌာန အလိုက် ဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မဲပေးနိုင်ရေး ပညာပေးရန်နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထား သော မီဒီယာနှင့်သက်ဆိုင်သည့် လမ်းညွှန်ချက်များကို လိုက်နာနိုင်ရေး စုစည်းပြုစုထားရန်၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သီချင်းများ၊ ပညာပေးအစီအစဉ်များ၊ အင်တာဗျူးများကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဆောင်ရွက် သွားရန်နှင့် ယင်းတို့အား စောနိုင်သမျှ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ရန်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်