
နေပြည်တော် အောက်တိုဘာ ၁၈
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက် တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒ ရှင် ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်း များ၊ Volunteer များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေး ဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံ ဖြန့်ဖြူးရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး များ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးမောင်မောင်ဝင်း၊ ဦးကျော်မျိုး၊ ဦးမြင့်ကြိုင်၊ ဦးစိုးအောင် နှင့်အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိ သူများ တက်ရောက်ကြပြီး ဗဟို ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးများနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများသည် Virtual Meeting (Zoom) ဖြင့် တက်ရောက်ကြသည်။
အလေးထားဆောင်ရွက်
ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလျက်ရှိရာ နိုင်ငံတော်အစိုးရ အနေဖြင့် မိမိတို့ နိုင်ငံအတွင်း ဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက် နေသကဲ့သို့ မကြာမီ ကျင်းပတော့ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုလည်း အောင်မြင် စွာ ကျင်းပနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်း သို့ ဆောင်ရွက်ရာတွင် အထွေထွေ ရွေးကောက်ပွဲ၌ မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျ သူများနှင့် Volunteer များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ အချိန်မီ ဖြန့်ဝေပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ် နိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား ရန်ကုန် နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ရောက်ရှိလာပါက ပစ္စည်းများ လက်ခံရယူခြင်း၊ ယင်း ပစ္စည်းများအား သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေ လွှဲပြောင်းခြင်း စသည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် ကွပ်ကဲကြပ်မတ်ရန် မိမိမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် ကိုဗစ်-၁၉ ကာကွယ် ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီးဖြစ်ရာ အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည့် ဗဟို ကော်မတီဝင်များဖြင့် ယခုအစည်း အဝေးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေးစီမံချက်ရေးဆွဲပြီး လုပ်ငန်း များ အောင်မြင်ရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ COVID-19 ကာကွယ် ရေး ပစ္စည်းများသည် တရုတ်နိုင်ငံ မှ အောက်တိုဘာလ တတိယပတ် အတွင်း လေယာဉ်ခေါက်ရေ ၄၀ ခန့် ဖြင့် ရန်ကုန်နှင့် မန္တလေးလေဆိပ်များ သို့ ဖြန့်ခွဲရောက်ရှိမည်ဖြစ်ရာ ယမန် နေ့ အောက်တိုဘာ ၁၇ ရက်မှ စတင် ရောက်ရှိလာပြီဖြစ်ပါကြောင်း။
ကြိုတင်စီမံ ဆောင်ရွက်
အဆိုပါ ပစ္စည်းများကို နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ် ဖြင့် သက်ဆိုင်ရာမဲရုံများအရောက် အချိန်မီ ပို့ဆောင်ပေးနိုင်ရန် လိုအပ် ပါကြောင်း၊ အဆိုပါပစ္စည်းများမှာ ပမာဏများပြားသဖြင့် လေဆိပ်များ သို့ ရောက်ရှိလာမည့် ပစ္စည်းအမျိုး အမည်နှင့် ပမာဏအား ကြိုတင်သိရှိ နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ရန်ကုန်လေဆိပ်နှင့် မန္တလေး လေဆိပ်၌ တာဝန်ပေးအပ်ထားသည့် လုပ်ငန်းကော်မတီများက သက်ဆိုင် ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေပေးရမည့် အရေအတွက်ပေါ် မူတည်၍ လုပ်ငန်းများ ကြိုတင်စီမံ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပိုလျှံ ပစ္စည်းများအား စာရင်းအင်းနှင့်တကွ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ စနစ်တကျပြန်လည်အပ်နှံ မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးတို့ အနေဖြင့် သက်ဆိုင်ရာလေဆိပ်များသို့ ရောက်ရှိ မည့် ပစ္စည်းအမျိုးအမည်၊ အရေ အတွက်တို့ကို လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် များအလိုက် ဖြန့်ဝေပေးရမည့် ပစ္စည်း အမျိုးအမည်နှင့် အရေအတွက်တို့ကို လည်းကောင်း ပြန်လည်စိစစ်ညှိနှိုင်း၍ အတည်ပြု ပြန်ကြားပေးရန် ဆွေးနွေး လိုပါကြောင်း။
ညှိနှိုင်းဆောင်ရွက်ထား
ထို့ပြင် သက်ဆိုင်ရာ လေဆိပ် များတွင် ပစ္စည်းလက်ခံခြင်း၊လွှဲပြောင်း ခြင်း၊ ဖြန့်ဝေခြင်း၊ ငွေပေးချေခြင်း နှင့် အကောက်ခွန်ဆိုင်ရာ ကိစ္စရပ် များ၊ လေဆိပ်တွင် ပစ္စည်းများခေတ္တ ထိန်းသိမ်းထားရေး ကိစ္စရပ်များကို ရန်ကုန်လေဆိပ်နှင့် မန္တလေးလေဆိပ် တို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းလက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီတွင် ပါဝင်သည့် ဆက်စပ် ဝန်ကြီးဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လေဆိပ်များသို့ ရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ အား ပစ္စည်းများ စတင်ရောက်ရှိသည့် ရက်မှစ၍ အမြန်ဆုံးဆက်လက် ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ဆောင်ရွက် ထားရာ ယင်းပစ္စည်းများ အဆင်ပြေ စွာ သယ်ယူဖြန့်ဝေနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ကြိုတင်စီစဉ်ထားရှိကြရန် လိုအပ် ပါကြောင်း၊ လေကြောင်းဖြင့် သယ်ယူ ရမည့် တိုင်းဒေသကြီး/ ပြည်နယ် များအတွက်လည်း လေယာဉ်ရရှိရေး ညှိနှိုင်းဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် များကလည်း သက်ဆိုင်ရာ လေဆိပ် များသို့ ပစ္စည်းများ လာရောက်ထုတ်ယူ ရာတွင် ကော်မတီဖွဲ့စည်း၍ တာဝန် ပေးအပ်ထားသူများကို ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ ကြိုတင်စစ်ဆေး ခြင်း၊ မော်တော်ယာဉ်များ ကြံ့ခိုင်ရေး ကြိုတင်စစ်ဆေးထားရှိခြင်းတို့ ဆောင် ရွက်ထားရှိရန် လိုအပ်မည့်အပြင် လေဆိပ်မှ ပစ္စည်းများ ထုတ်ယူပြီး သယ်ယူရာ လမ်းတစ်လျှောက်ရှိ မြို့နယ်များသို့ တစ်ပါတည်း ဖြန့်ဝေ နိုင်ရေးအတွက်လည်း ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန် လိုအပ် ပါကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
လမ်းခရီးတစ်လျှောက် သယ်ယူ ရာတွင် ကြန့်ကြာမှု မရှိစေရေးနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်များမှ တာဝန်ရှိ သူများ အချင်းချင်း ဆက်သွယ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လည်း လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို သက်ဆိုင် ရာ မိမိဒေသအတွင်း ပို့ဆောင်ဖြန့်ဖြူး ရာတွင် ကုန်ကျမည့် ကုန်ကျစရိတ် များကို စနစ်တကျမှတ်တမ်းတင်၍ ဗဟိုကော်မတီသို့ ပြန်လည်တင်ပြ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပစ္စည်းများ ခေတ္တထိန်းသိမ်းထားရှိခြင်း၊ ဒေသ အသီးသီးသို့ ပြန်လည်သယ်ဆောင် ခြင်းတို့ ဆောင်ရွက်ရာတွင် ပျက်စီး၊ ဆုံးရှုံးမှု၊ လျော့နည်း၊ ပျောက်ဆုံးမှု မရှိစေရေး စနစ်တကျ စိစစ်လက်ခံ သယ်ဆောင်သွားကြရန်နှင့် ပစ္စည်း လက်ခံ/ ထုတ်ပေး ၊ လက်ကျန် စာရင်း များအား စာရင်းဇယား စနစ်တကျ ထားရှိဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ တက်ရောက်လာသော ကော်မတီဝင်များအနေဖြင့် တရုတ် နိုင်ငံမှ ပစ္စည်းပေးပို့မည့်နေ့အလိုက် ခရီးစဉ်များနှင့် ဆင်းသက်မည့် လေဆိပ်၊ လေယာဉ် တစ်စင်းချင်း အလိုက် ပါရှိမည့် ပစ္စည်းအမျိုးအမည် နှင့် အရေအတွက်၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ခွဲဝေပေးမည့် ပစ္စည်းအမျိုးအစား၊ အရေအတွက်၊ လေဆိပ်များတွင် လာရောက်ထုတ်ယူ ရာ၌ တွေ့ကြုံနိုင်မည့် အခက်အခဲ များ၊ သယ်ယူပို့ဆောင်မည့် နည်းလမ်း၊ ဦးစားပေးအစီအစဉ်အလိုက် အဆင် ပြေနိုင်ခြင်း ရှိ/ မရှိ စသည်တို့ကို အသေးစိတ် ဆွေးနွေးပေးစေလို ပါကြောင်း၊ အဓိကအားဖြင့် ကိုဗစ်- ၁၉ ကာကွယ်ရေးပစ္စည်းများကို အထွေထွေရွေးကောက်ပွဲ ကျင်းပ သည့်ရက် မရောက်မီ သုံးရက်ခန့် ကြိုတင်၍ သက်ဆိုင်ရာ မဲရုံအသီးသီး သို့ အရောက်ပို့ဆောင်ရမည်ဖြစ်သည့် အတွက် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ၍ လိုအပ်သည့် အကြံပြုချက်များဖြင့် ဆွေးနွေးပေးနိုင်ပါရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
အချိန်မီဖြန့်ဖြူး
ထို့နောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများ၊ Virtual Meeting (Zoom) ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တာဝန်ခံဝန်ကြီး များက ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း များ လက်ခံ/ဖြန့်ဖြူးရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက် သွားမည့်အစီအစဉ်များ၊ ဒေသအလိုက် မဲရုံများနှင့် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ၊ ပစ္စည်းလိုအပ်ချက် များ၊ သယ်ယူဖြန့်ဖြူးရာတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ စေလွှတ်ဆောင်ရွက်မည့်အခြေအနေ၊ သယ်ယူဆောင်ရွက်မည့် အစီအစဉ် များနှင့် လုပ်ငန်းဆိုင်ရာ အခက် အခဲများ၊ သက်ဆိုင်ရာ မဲရုံများသို့ အချိန်မီ ဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက်သွားမည့်အခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
တက်ညီလက်ညီ ကြိုးပမ်း
ယင်းနောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုလုပ်ငန်းစဉ်သည် နိုင်ငံတော် အတွက် အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး ဖြန့်ဝေပေးပို့မည့် COVID-19 ကာကွယ်ရေးပစ္စည်း များအား အထွေထွေရွေးကောက်ပွဲ မကျင်းပမီ သတ်မှတ်ကာလအတွင်း သတ်မှတ်နေရာ အသီးသီးသို့ ပျက်စီး ဆုံးရှုံးမှု မရှိစေဘဲ ရောက်ရှိစေရေး အတွက် အားလုံးက ကဏ္ဍအလိုက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက် ကြရန်နှင့် လုပ်ငန်း လိုအပ်ချက် များ၊ လုပ်ငန်းအခက်အခဲများအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင် ရွက်ကြရန်လိုကြောင်း ပြောကြား သည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူ များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများ၊ Volunteer များအတွက် တရုတ်နိုင်ငံ မှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဖြစ်သည့် လက်အိတ်၊ Mask ၊ FaceShield နှင့် PPE ဝတ်စုံတို့ကို ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာ သည့် ပစ္စည်းများအား ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်၊ ကယား၊ မွန်၊ ရခိုင်ပြည်နယ် တို့သို့ လည်းကောင်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် ပစ္စည်းများအား ပြည်ထောင်စုနယ်မြေ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်၊ ချင်း၊ ရှမ်းပြည်နယ်တို့သို့ လည်းကောင်း သတ်မှတ်ကာလ အတွင်း အချိန်မီဖြန့်ဖြူး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်