
နေပြည်တော် မတ် ၈
၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ တေးသံရှင်က ထူးမခြားနားသီချင်းခံကို မြန်မာ့ရိုးရာစောင်းသံဖြင့် သီဆိုတီးခတ်ပူဇော်ပြီး ဒုတိယဝန်ကြီး ဦးကြည်မင်း က အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထားသည်။
ငါးပါးသီလ ခံယူဆောက်တည်
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ကြသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ချောင်းဒေါင်းပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကေလာသက သမ္မောဒနီယဩဝါဒ ကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထား သည်။
ဆက်ကပ်ပူဇော်
ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ချောင်းဒေါင်းစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကေလာသထံ ဘွဲ့တံဆိပ်တော် နှင့် အဆောင်အယောင်များ ဆက်ကပ် ပူဇော်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ ပန်းငွေရုံတောရ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တသုမနထံ ဘွဲ့တံဆိပ် တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြို့လယ်ကျောင်း စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဇောတိပါလနှင့် ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကျောက်ကုန်းတောရမေဒိနီ စာသင် တိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒဓဇ တို့ထံ လည်းကောင်း၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မကွေး တိုင်းဒေသကြီး မကွေးမြို့ သံဃာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စိန္တာသာရနှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံ တိုက်သစ် စည်ရှင်ကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဉာဏာဘိဝံသ တို့ထံ လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် ပူဇော်ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသထံ လည်းကောင်း၊ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦးက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ် ရွာသာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာဝံသနှင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ သီတဂူဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရတို့ထံ လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့ ရွှေမင်းဝန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလ နှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ စေတျာရာမဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသူရိယဓဇတို့ထံ လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်က အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မင်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝေဠုရိယ နှင့် ရှမ်းပြည်နယ် မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဆရာတော် ဘဒ္ဒန္တဘဒ္ဒိယတို့ထံ လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် ပူဇော်ကြသည်။
ဆက်ကပ်ပူဇော်
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့က အဂ္ဂ မဟာပဏ္ဍိတနှင့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် ပူဇော်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန် များနှင့် ညွှန်ကြားရေးမှူးချုပ်များက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာ စရိယ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္ထဝါစ ကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ဘွဲ့တံဆိပ်တော် နှင့် အဆောင်အယောင်များ ဆက်ကပ် ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချိုက အဂ္ဂ မဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ဂူနီချောင်မှ သီလရှင် ဆရာကြီး ဒေါ်ကေတုဝတီ၊ မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ သဒ္ဓမ္မပါလ သီလရှင်စာသင်တိုက်မှ သီလရှင် ဆရာကြီး ဒေါ်ကုလဉာဏီနှင့် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ သာသနာ့ မဉ္ဇူ ယင်းမာမြိုင် သီလရှင်စာသင် တိုက်မှ သီလရှင်ဆရာကြီး ဒေါ်သုစာရီ တို့ထံ ဘွဲ့တံဆပ်တော်နှင့် အဆောင် အယောင်များ ဆက်ကပ်ပူဇော်သည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ ရွှေလွှမ်းက အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်း ဒေသကြီး နတ်တလင်းမြို့ မဟာစည် သာသနာ့ရိပ်သာမှ သီလရှင်ဆရာကြီး ဒေါ်စန္ဒာသိရီ၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ဓမ္မဂုဏ်ရည်စာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်ဂုဏထေရီနှင့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ခေမေသကချောင်မှ သီလရှင်ဆရာကြီး ဒေါ်အဉ္စနဝတီ တို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ ဆက်ကပ်ပူဇော်သည်။
ဆက်ကပ်ပူဇော်
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ဇနီး နန့်ကြင်ကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်း သန်းနွယ်၊ ပြည်သူ့ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၏ဇနီး ဒေါက်တာစိန်စိန်သိမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ က မဟာဂန္ထဝါစကပဏ္ဍိတ၊ ဂန္ထဝါစ ကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ နှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ ဆက်ကပ်ပူဇော်ကြ သည်။
ပေးအပ်ချီးမြှင့်
ထို့နောက် လူပုဂ္ဂိုလ်အမျိုးသားများ အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် များ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ ဦးမောင်သိန်း၊ ဦးဇော်မိုးခိုင်၊ ဦးဝိတ်၊ ဦးစိုင်းမျိုးဝင်း၊ ဦးထွန်းဖေ၊ ဦးကိုကို ထွေး၊ ဦးသိန်းဟန်နှင့် ဦးဇော်ဝင်းထွန်း တို့အား ဘွဲ့တံဆိပ်နှင့် အဆောင် အယောင်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် လူပုဂ္ဂိုလ်အမျိုးသမီး များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ ဒေါ်စမ်းစမ်း၊ ဒေါ်လှလှဝေ၊ ဒေါ်ရင်ရွှင်၊ ဒေါ်လွင်လွင် ဝေ၊ ဒေါက်တာခင်ခင်ရီ၊ ဒေါ်တင်လတ် မင်း၊ ဒေါ်နန်းခင်မြင့်ရီ၊ ဒေါ်တင်(ခ)ဒေါ်တင်တင်၊ ဒေါ်ခင်သန်းမြင့်၊ ဒေါ်တင်မေလတ်နှင့် ဒေါ်ချောချော(ခ) ဒေါ်အေးချောတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို က အဂ္ဂ မဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ ဒေါ်ခင်ဝါဝါ၊ ဒေါ်ခင်ညွန့်၊ ဒေါ်လယ် လယ်အောင်၊ ဒေါ်မီမီစိန်၊ ဒေါ်မြင့်မြင့် နွယ်၊ ဒေါ်ချိုမာလွင်နှင့် ဒေါ်စိုးသန္တာတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ က သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ ဦးမိုး၊ ပါမောက္ခ ဒေါက်တာကြည်စိုး၊ ဒေါက်တာ မောင်မောင်ဦး၊ ဦးဇော်ဝင်းနှင့် ဦးဟန်ရှင်တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ် ချီးမြှင့်သည်။
ပေးအပ်ချီးမြှင့်
အလားတူ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းက သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ ဒေါ်ယဉ် ထွေး၊ ဒေါ်မြသန်း၊ ဒေါ်တင်အုန်း၊ ဒေါ်ခင်စိုးရီနှင့် ဒေါ်ခင်ခင်စုတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သီရိသုဓမ္မမဏိ ဇောတဓရဘွဲ့တံဆိပ်ရ ဦးကျော်စိုးဦး၊ ဦးတင်ဝင်းညို၊ ဦးကျော်စွာဝင်း(ခ) ဦးမြကျော်စွာဝင်း၊ ဦးအောင်တိုးနှင့် ဦးမောင်မောင်တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ် ချီးမြှင့်သည်။
ပေးအပ်ချီးမြှင့်
ထို့အတူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ဇနီး နန့်ကြင်ကြည်က သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ ဒေါ်သင်းသင်း၊ ဒေါ်ကြည် ခင်၊ ဒေါ်ဆွေဆွေဦး၊ ဒေါ်ခင်ရွှေနှင့် ဒေါ်ခင်အုန်းမြင့်တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုး ညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က သီရိ သုဓမ္မ မဏိဇောတဓရ၊ သီဟသုဓမ္မ မဏိ ဇောတဓရ၊ သုဓမ္မမဏိဇောတဓရ၊ မဟာသဒ္ဓမ္မဇောတိကဓဇနှင့် သဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အမျိုးသားများအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ် ချီးမြှင့်ကြသည်။
ထို့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ဇနီး ဒေါ်အေးသီတာ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ဇနီး ဒေါက်တာစိန်စိန် သိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများက သီရိသုဓမ္မသိင်္ဂီ၊ သီဟ သုဓမ္မသိင်္ဂီ၊ သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီးများအား ဘွဲ့ တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန် စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိ သတ်များက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာန နာယက ဆရာတော်အမှူးပြုသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ လောင်းလှူ ကြသည်။
ယနေ့ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနား တွင် ဆရာတော် ၃၂၂ ပါး၊ သီလရှင် ဆရာကြီး ၂၄ ပါးတို့အား သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ခဲ့ပြီး လူပုဂ္ဂိုလ်အမျိုးသား ၅၀ နှင့် အမျိုးသမီး ၉၁ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရ သည်။
သတင်းစဉ်