
ရန်ကုန် မတ် ၁၈
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု ပွဲစဉ်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး မြန်မာ အသင်းသည် ဗီယက်နမ်နှင့် အုပ်စုအဖွင့်ပွဲ ကစားရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ထိုင်း နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး ဧပြီ ၂ ရက်မှ ၁၀ ရက်အထိ ကျင်းပ မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အသင်းစုစုပေါင်း ကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရူ နိုင်း၊ အုပ်စု(ခ)တွင် ဗီယက်နမ်၊ မြန်မာ၊ တီမော၊ သြစတြေးလျတို့ ပါဝင်နေသည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာသည် ဧပြီ ၄ ရက်တွင် ဗီယက်နမ်၊ ဧပြီ ၅ ရက်တွင် သြစတြေးလျ၊ ဧပြီ ၆ ရက်တွင် တီမောတို့နှင့် ကစားရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဧပြီ ၂ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာပါဝင်သည့် အုပ်စု (ခ)တွင် လေးသင်း သာပါဝင်သဖြင့် ယင်းအုပ်စုပွဲစဉ်များကို ဧပြီ ၄ ရက်မှသာ စတင်ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ ဆီမီးဖိုင်နယ်ပွဲစဉ် များကို ဧပြီ ၈ ရက်၊ ဗိုလ်လုပွဲနှင့် တတိယလု ပွဲကို ဧပြီ ၁၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာသည် အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ဒုတိယတစ်ကြိမ်၊ တတိယနှစ်ကြိမ် ရရှိဖူးပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၉ ပြိုင်ပွဲတွင် တတိယလုပွဲ၌ အရေးနိမ့်ပြီး စတုတ္ထနေရာ ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ရဲရင့်လွင်