၂၀၂၂ အာရှဘိလိယက် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပေါက်စ ပူးတွဲတတိယဆုရရှိ

 

ရန်ကုန်   မတ်  ၁၉


၂၀၂၂  အာရှဘိလိယက်   ချန်ပီယံရှစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို မတ်  ၁၈ နှင့် ၁၉  ရက်က     ကာတာနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာဘိလိယက်ကစား သမား ပေါက်စ ပူးတွဲတတိယဆုရရှိသည်။

 


ယင်းပြိုင်ပွဲတွင်     မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမားနှစ်ဦး ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်တွင်  ရလဒ်ကောင်းများရရှိကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်တွင် မြန်မာကစားသမားများ ဖြစ်သည့်   ပေါက်စနှင့်  မင်းစည်သူထွန်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး  ပေါက်စက လေးပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။ ပေါက်စသည် ဆီမီး ဖိုင်နယ်တွင် ကမ္ဘာ့ချန်ပီယံဖြစ်သူ အိန္ဒိယနိုင်ငံ သား အက်ဗာနီနှင့် တွေ့ဆုံခဲ့ပြီး ပွဲငယ်ကိုးပွဲ ပြည့်သည်အထိ ယှဉ်ပြိုင်ခဲ့ရသည်။ ပထမနှင့် ဒုတိယပွဲငယ်တွင် အက်ဗာနီက အနိုင်ရသော် လည်း ပေါက်စက တတိယနှင့် စတုတ္ထပွဲငယ် တွင် ပြန်လည်အနိုင်ရခဲ့သဖြင့် နှစ်ပွဲစီဖြစ်ခဲ့ သည်။  ယင်းနောက်ပိုင်းတွင်  အက်ဗာနီက နှစ်ပွဲဆက်အနိုင်ပြန်ရသော်လည်း ပေါက်စက နှစ်ပွဲပြန်လည်အနိုင်ယူကာ   လေးပွဲစီသရေ ဖြစ်သွားပြီး ကိုးပွဲမြောက်ဖြစ်သည့် နောက်ဆုံး ပွဲမှာ အဆုံးအဖြတ်ဖြစ်လာသည်။ ယင်းပွဲတွင် အက်ဗာနီက ၁၀၀-၄၈ မှတ်ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲ   တက်ရောက်နိုင်ခြင်းဖြစ်သည်။  ပေါက်စသည် အကောင်းဆုံးယှဉ်ပြိုင်နိုင်သော် လည်း အက်ဗာနီက ကမ္ဘာ့ချန်ပီယံနှင့် အာရှ ချန်ပီယံဆု  အကြိမ်ကြိမ်ရရှိဖူးသူဖြစ်သော ကြောင့်     အတွေ့အကြုံပိုင်းအသာယူကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။ အခြားဆီမီးဖိုင်နယ် တွင် ဆစ်ဝါလာ (အိန္ဒိယ)က ပရာပွတ် (ထိုင်း) ကို ၅-၄ ပွဲဖြင့် အနိုင်ရသည်။ ဗိုလ်လုပွဲတွင် အိန္ဒိယနိုင်ငံသား နှစ်ဦး တွေ့ဆုံခဲ့ပြီး အက်ဗာနီ က ဆစ်ဝါလာကို ၆-၂ ပွဲဖြင့် အနိုင်ရခဲ့သည်။

 


ယခုပြိုင်ပွဲတွင် မြန်မာဘိလိယက်ကစား သမားနှစ်ဦး ယှဉ်ပြိုင်ရာ ပေါက်စက ပူးတွဲ တတိယဆုရရှိပြီး မင်းစည်သူထွန်းက ကွာတား ဖိုင်နယ် တက်ရောက်ခဲ့သည်။  အာရှစနူကာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကစားသမား နှစ်ဦး  ယှဉ်ပြိုင်ခဲ့ရာ   အောင်ဖြိုးက  ပူးတွဲ တတိယဆုရရှိပြီး ဝင်းကိုကိုက ၁၆ ဦး ရှုံးထွက် အဆင့် တက်ရောက်နိုင်ခဲ့သည်။ ယင်းကစား သမားများသည်   မေလတွင်   ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင် မှုအဖြစ် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခြင်းဖြစ်သည်။                              

ရဲရင့်လွင်