၂၀၂၂ ခုနှစ် မေ ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အမှတ်(၃)ရပ်ကွက် အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ဖော်ထုတ်ချက်

 

နေပြည်တော်    ဇွန်    ၁


၂၀၂၂ ခုနှစ် မေ ၃၁ ရက် ညနေ ၃ နာရီ မိနစ် ၂၀ တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်  အမှတ် (၃) ရပ်ကွက်   အနော်ရထာလမ်းပေါ်ရှိ   ဘားလမ်းကားမှတ်တိုင်၌  ပေါက်ကွဲမှုဖြစ်ပွား၍  အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားကိုးဦး ထိခိုက် ဒဏ်ရာများရရှိခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

 


ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအနီး တစ်ဝိုက်အား   လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ      အသေးစိတ် သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာ အနီးမှ မပေါက်ကွဲသေးသည့် 91 အမျိုး အစား လက်ပစ်ဗုံးတစ်လုံးအား  တွေ့ရှိရ သဖြင့်   စနစ်တကျ    ဖောက်ခွဲဖျက်ဆီး ခဲ့သည်။ 

 


လွယ်အိတ်အတွင်းမှ ပေါက်ကွဲမှုဖြစ်


ဖြစ်စဉ်နှင့်     ပတ်သက်၍    ပြစ်မှု ကျူးလွန်သူများကို    ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး       လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်စဉ်တွင်     သေဆုံးခဲ့သူ အမည်မသိ   အမျိုးသားမှာ  ရှပ်အင်္ကျီ အဝါရောင်လက်ရှည်၊ ပုဆိုးအပြာနုကွက် စိပ်၊  အနက်ရောင်  လျှာထိုးဦးထုပ်တို့ ဝတ်ဆင်ထားပြီး ဘေးလွယ်အိတ်အနက် ရောင်တစ်လုံးကို     ရင်ဘတ်တွင်ကပ်၍ လွယ်ကာ    အနော်ရထာလမ်းအတိုင်း ပန်းဆိုးတန်းလမ်းဘက်မှ   ဘားလမ်း ကားမှတ်တိုင်ဘက်သို့ လမ်းလျှောက်လာ ပြီး “Cover King” ဖုန်းအပိုပစ္စည်းအရောင်း ဆိုင်အရှေ့မှ ဖြတ်သွားကာ တစ်မိနစ်ခန့် အကြာ        ဘားလမ်းကားမှတ်တိုင် အရောက်တွင် အနော်ရထာလမ်းဘက်သို့ မျက်နှာမူ၍ ရပ်ကာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ  တစ်စုံတစ်ခုအား နှိုက်ယူစဉ် အဆိုပါလွယ်အိတ်အတွင်းမှ ပေါက်ကွဲမှု  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအထောက်အကူပြု မှတ်တမ်း များအရ တွေ့ရှိခဲ့သည်။

 


ပေါက်ကွဲမှုဖြစ်ပွားပြီး     သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား   ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့    ပို့ဆောင်ရန် အတွက် လူနာတင်ယာဉ်များ ရောက်ရှိ လာပြီး သယ်ဆောင်စဉ် အဆိုပါအမျိုးသား မှာ ပုဆိုးနှင့် အင်္ကျီအောက်တွင် အနက် ရောင်   တီရှပ်အင်္ကျီနှင့်  အနက်ရောင် ကွာတားဘောင်းဘီတို တို့ကို   အောက်မှ ခံ၍ ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရပြီး ၎င်း၏    ဝမ်းဗိုက်တွင်   ရရှိထားသော ဒဏ်ရာများအနက်   ၎င်း၏ ရင်ဘတ်၌ ကပ်၍ လွယ်ထားသည့် လွယ်အိတ်နေရာ တွင် ရရှိထားသည့် ဒဏ်ရာများမှာ ပိုမို ပြင်းထန်နေသည်ကို တွေ့ရှိခဲ့သည်။

 


လက်နက်ကိုင်အဖွဲ့များနှင့်ချိတ်ဆက်


၎င်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က သေဆုံးခဲ့သူ အမျိုးသားနှင့် ပတ်သက် ပြီး  စိစစ်ခဲ့ရာ   ၎င်းမှာ  ဒေါပုံမြို့နယ် ကျည်စုရပ်ကွက် ရတနာသိဒ္ဓိလမ်း အမှတ် (၁၄၁/ခ)နေ အောင်ကြီး (ခ) ထိန်လင်း ထွန်း  (၂၆)  နှစ်   (ဘ)   ဦးတင်ထွန်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်၌ လက်နက်၊ ခဲယမ်းများအား ရှာဖွေတွေ့ရှိ ခြင်းမရှိသော်လည်း ၎င်းကိုင်ဆောင်သည့် Redmi 6A နှင့် Oppo F3 Plus အမျိုးအစား လက်ကိုင်ဖုန်း    နှစ်လုံးတို့ကို    တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး   Oppo  F3  Plus ဖုန်းအတွင်းမှ ၎င်း၏ သူငယ်ချင်းဖြစ်သူ PDF အကြမ်းဖက်အဖွဲ့မှ သန့်ဇင်ဆိုသူနှင့် KNU    လက်နက်ကိုင်  အဖွဲ့များနှင့် ချိတ်ဆက်၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ရန်၊   မြို့ပေါ်တွင်  တည်ငြိမ် အေးချမ်းမှု   ပျက်ပြားစေရေး  အဖျက် အမှောင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များ လုပ်ဆောင်မည့်      အခြေအနေများကို မေးမြန်း      ပြောဆိုထားသည်များကို Screenshot ရိုက်၍ သိမ်းဆည်းထားသည် ကို တွေ့ရှိခဲ့သည်။

 


မိုင်းသယ်ဆောင်စဉ်ပေါက်ကွဲ


ပေါက်ကွဲမှုဖြစ်စဉ်တွင်   သေဆုံးခဲ့ သည့် အောင်ကြီး (ခ) ထိန်လင်းထွန်းသည် PDF   အကြမ်းဖက်အဖွဲ့နှင့်  ဆက်နွှယ် ပတ်သက်သူဖြစ်ပြီး   အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်သေကျေ ဒဏ်ရာရရှိ စေရန် ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲရန် လက်လုပ်မိုင်းအား သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍   သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်းနှင့်    အဆိုပါပေါက်ကွဲမှု ဖြစ်စဉ်နှင့်   ပတ်သက်၍  နောက်ကွယ်မှ ကြိုးကိုင်ခိုင်းစေသူ၊ ပူးပေါင်းပါဝင်သူများ အား      ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက    ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်