
ရောမ အောက်တိုဘာ ၃၁
ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ- ၂၀) ခေါင်းဆောင်များက ဖွံ့ဖြိုးဆဲ နိုင်ငံများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့ပေး ရန်နှင့် ၂၀၂၂ ခုနှစ်နှစ်လယ်ပိုင်း မတိုင်မီ ကမ္ဘာ့လူဦးရေ ၇၀ ရာခိုင် နှုန်းအား ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီးဖြစ်ရန် ယနေ့ အစည်းအဝေး၌ ဆွေးနွေး အတည်ပြုကြောင်း သိရသည်။
ကျင်းပလျက်ရှိ
ဂျီ-၂၀ ထိပ်သီး အစည်းအဝေး ကို အီတလီနိုင်ငံ ရောမမြို့၌ အောက်တိုဘာ ၃၀ ရက်မှစတင်ကာ နှစ်ရက်တာ ကျင်းပလျက်ရှိသည်။ အဆိုပါ လူကိုယ်တိုင် တက်ရောက် သည့် အစည်းအဝေးသည် နှစ်နှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။
ခေါင်းဆောင်များက ကမ္ဘာ့ နိုင်ငံများ ရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို လျင်မြန် စွာ ထိန်းချုပ်နိုင်ရေးနှင့် စီးပွားရေး ပြန်လည် ဦးမော့လာစေရေး အတွက် ဆွေးနွေးကြောင်း သိရ သည်။
သဘောတူညီ
ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ကာကွယ်ဆေးရရှိမှု မညီမျှမှု အပေါ် အလေးထားဆောင်ရွက် သွားရန်ကိုလည်း ခေါင်းဆောင် များက သဘောတူညီကြ သည်။
အနိမ့်ဆုံး အခွန်အခပေး ဆောင်မှုနှင့်ပတ်သက်ပြီး ဝန်ကြီး အဆင့် အစည်းအဝေး၌ လက်ခံ သဘောတူညီခဲ့သည့် ကိစ္စရပ် များကိုလည်း ခေါင်းဆောင်များ က ထပ်လောင်းအတည်ပြုခဲ့ သည်။
အဆိုပါ သဘောတူညီချက် အရ ကုမ္ပဏီကြီးများသည် ၎င်းတို့၏ အခွန်အခနှုန်းထား များကို မျှတစွာပေးဆောင်ရမည် ဖြစ်သည်။
ရာသီဥတု ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ခေါင်းဆောင်များက ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ခ်ျကေ ဘာသာပြန်- အောင်ကျော်ကျော်