၂၀၂၂ ခုနှစ်တွင် ခရီးသွားများ ပြန်လည်ကြိုဆိုနိုင်ရေး လာအိုနိုင်ငံပြင်ဆင်

 

နှင်းမိုးအိမ်

 

လာအိုနိုင်ငံသည် နှစ်သစ်တွင်  နိုင်ငံခြားခရီးသွား များကို ပြန်လည်လက်ခံကြိုဆိုနိုင်ရေး  စီစဉ်လျက် ရှိသည်ဟု  အတည်ပြုခဲ့သည်။ 

 


နိုင်ငံခြားခရီးသွားများကိုလက်ခံနိုင်ရေးပြင်ဆင် 


ကိုဗစ် -၁၉ ကူးစက်မှုများကြောင့် ၁၈ လကြာ  ပိတ်ထားခဲ့ရသည့်    နိုင်ငံ၏     ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရပ်တည်နိုင်ရေးအတွက်  လာအို နိုင်ငံသည်  နိုင်ငံခြားခရီးသွားများကို   ပြန်လည် လက်ခံနိုင်ရေး  ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။  
ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသား   ဖြစ်ပြီး လာအိုနိုင်ငံသို့   လာရောက်ရန်    ကြိုတင်စာရင်း ပေးသွင်းထားသည့် ခရီးသွားများသည် ဇန်နဝါရီ ၁ ရက်မှစတင်ကာ  လာအိုနိုင်ငံမြို့တော်   ဗီယင်ကျန်း၊ ခရီးသွား အချက်အချာနေရာများဖြစ်သည့် ဗန်ဗီ ယန်နှင့်   ယူနက်စကို   ယဉ်ကျေးမှုစာရင်းဝင် လူအန်ပရာဘန်  ဒေသတို့သို့ ခရီးသွားများလာရောက် လည်ပတ်ခွင့်ပြုမည်ဟု       နိုင်ငံပိုင်မီဒီယာတွင် ဒီဇင်ဘာ ၁၇ ရက်က  ဖော်ပြထားခဲ့သည်။  

 


အခြားနေရာများကိုပါ ခွင့်ပြုပေးသွားရန် အစီအစဉ်ရှိ


တိုင်းပြည်အတွင်း   ကာကွယ်ဆေးထိုးနိုင်မှု မြှင့်တင်လာနိုင်ပါက    ဧပြီလနှင့်  ဇူလိုင်လတို့တွင်  အခြားသော ခရီးသွားများနှစ်ခြိုက်သည့်နေရာများ ကိုလည်း သွားရောက်ခွင့်ပြုမည်ဟု အာဏာပိုင်များ က ပြောသည်။  

 


ယခုခွင့်ပြုချက်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ခရီး သွားများကိုသာ  လာအိုနိုင်ငံသို့  ဝင်ရောက်ခွင့်ပြု ဦးမည်ဖြစ်သည်။         ခွင့်ပြုပေးထားသည့်     နိုင်ငံ  အများစုမှာ   အရှေ့တောင်အာရှနိုင်ငံများဖြစ်ပြီး ဥရောပနိုင်ငံများ၊    တရုတ်နိုင်ငံ၊     အမေရိကန် ပြည်ထောင်စု၊  ဩစတြေးလျနှင့်   ကနေဒါနိုင်ငံတို့ ဖြစ်သည်။

 


တိုက်တွန်းလျက်ရှိ 


ခရီးသွားများအားလုံး လာအိုနိုင်ငံသို့ ဝင်ရောက် သည့်အခါ ကိုဗစ် - ၁၉ ကင်းစင်ကြောင်း  ဆေး လက်မှတ်လိုအပ်သည်။ လာအိုနိုင်ငံသည် ယခုလ အတွင်း ဒေါ်လာ  ၆ ဘီလီယံတန် မီးရထားလိုင်း ကို တည်ဆောက်ထားပြီး တရုတ်နိုင်ငံကူမင်းမြို့နှင့် လာအိုမြို့တော်တို့ကို      ချိတ်ဆက်ထားသည်။  ကျန်းမာရေးအာဏာပိုင်များသည်  ယခုအခါ   ခရီး သွားများ    အများဆုံးဝင်ရောက်မည့် နေရာများရှိ ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးတတိယ အကြိမ်     ထိုးနှံမှုခံယူကြရန်       တိုက်တွန်းလျက် ရှိသည်။ 

 


ခရီးသွားဝင်ရောက်မှုနှုန်းကျဆင်း 


ခရီးသွားအများအပြား       လာရောက်မည်ဟု ယူဆရသောနေရာများတွင်     နေထိုင်ကြသည့် ပြည်သူများ  ကိုဗစ်- ၁၉ ကာကွယ်ဆေးကို တတိယ အကြိမ် ထိုးနှံမှုခံယူကြရန် တိုက်တွန်းလျက်ရှိသည်။  ကပ်ရောဂါကာလမတိုင်မီက   လာအိုနိုင်ငံသို့ နှစ်စဉ် ခရီးသွား ၄ ဒသမ ၇ သန်း  ဝင်ရောက်လေ့ရှိသည်။ သို့သော်လည်း ကိုဗစ်-  ၁၉   ကပ်ရောဂါကာလ အတွင်း ၂၀၂၀ ပြည့်နှစ်တွင်  အပြည်ပြည်ဆိုင်ရာမှ ခရီးသွားဝင်ရောက်မှုနှုန်းမှာ   ၈၀ ရာခိုင်နှုန်းအထိ  ကျဆင်းခဲ့ရသည်။ 

 


သဲထဲရေသွန်ဖြစ်ခဲ့ရ 


ကပ်ရောဂါကာလ အစောပိုင်းတွင် လာအိုနိုင်ငံ ၌   ကူးစက်မှုအနည်းသာရှိခဲ့သော်လည်း   စီးပွား ရေးမှာမူ ကျဆင်းခဲ့ရသည်။  ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ ဖော်ပြချက်အရ  သိရသည်။  ၂၀၂၁ ခုနှစ်တွင် စီးပွား ရေးပြန်လည်ဦးမော့လာမည်ဟု မျှော်လင့်ခဲ့သော် လည်း မကြာသေးမီလများအတွင်း  ကူးစက်ခံရသူ အရေအတွက်  တစ်ရှိန်ထိုး    များပြားလာသည့်အတွက် မျှော်လင့်ချက်မှာ  သဲထဲရေသွန်ဖြစ်ခဲ့ရသည်။

 


တတိယအကျော့နှင့်ကြုံတွေ့ 


လာအိုနိုင်ငံတွင်   ကာကွယ်ဆေးထိုးပေးနိုင်မှု အခြေအနေမှာလည်း   အောက်တိုဘာလအတွင်း တရုတ်နိုင်ငံမှ  လှူဒါန်းပေးသည့်  ဆီနိုဖမ်း  ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ခြောက်ကြိမ်မြောက်အဖြစ် လာအိုနိုင်ငံသို့ ရောက်ရှိခဲ့သည်။ အောက်တိုဘာလ အတွင်းက  လာအိုနိုင်ငံသည် ကိုဗစ်- ၁၉ တတိယ အကျော့နှင့် ကြုံတွေ့ခဲ့ရသည်။ 

 


ဝင်ငွေကျဆင်း 


 ယခင်ကာလက ခရီးသွားများဝင်ရောက်သည့် ကာလဆိုလျှင်  မိုးပျံပူဖောင်းစီး   ခရီးစဉ်အတွက် တစ်နေ့လျှင် နှစ်စင်းအငှားလိုက်သော်လည်း ယခု ရက်များအတွင်း  စနေ၊  တနင်္ဂနွေနေ့များတွင်ပင် အငှားတစ်ခုရရန်  ခက်ခဲလှသည်ဟု  မိုးပျံပူဖောင်း  ခရီးစဉ်လုပ်ငန်းမှ မန်နေဂျာကပြောသည်။

 


 ဗန်ဗီယန်မှ ဟိုတယ်ပိုင်ရှင်ဖြစ်သူ  အဲလက် ထရန်ကလည်း     နယ်စပ်များ ပိတ်ထားရခြင်း ကြောင့် ဝင်ငွေ ၉၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ပြောသည်။ ဗန်ဗီယန်ဒေသမှ ဟိုတယ်အများစုမှာ တည်းခိုမည့်သူမရှိဘဲ အလွတ်ဖြစ်နေသည်။ ခရီးသွားများလာရောက်ခြင်းမရှိသည့်အတွက် နှစ်နှစ် နီးပါးကြာ ယာယီပိတ်ထားရသည်ဟုလည်း   ၎င်းက အေအက်ဖ်ပီသို့  ပြောသည်။ 

 


ပြည်တွင်းခရီးသွားများနှင့်မလုံလောက် 


ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို  ဆက်လက် ထိန်းထားနိုင်ရေးအတွက် ပြည်တွင်းခရီးသွားများ ဖြင့်   မလုံလောက်ဟုလည်း     ၎င်းက  ဆက်ပြော သည်။  နှစ်သစ်ကူးကာလပြီးလျှင် အခြေအနေများ မှာ ယခုထက်ပို၍ တိုးတက်လာနိုင်ရန် မျှော်လင့် ထားကြောင်းလည်း  ၎င်းက  ဆက်လက်ပြောကြား ခဲ့သည်။  ယခုအခါ   အစိမ်းရောင်နယ်မြေအဖြစ်  သတ်မှတ်ထားသည့်နေရာများတွင်  ခရီးသွားများကို  လာရောက်လည်ပတ်ခွင့်ပေးမည်ဖြစ်သည်။ 

 


အတော်လေးကျယ်ပြန့်မှုရှိ 


 ခရီးသွားများအနေဖြင့် ၂၄ နာရီအတွင်း သီးခြား ခွဲနေကာ  စစ်ဆေးထားသည့် ပီစီအာရ်စစ်ဆေးမှု  ရလဒ်ကိုလည်း    ပြသရန်လိုအပ်သည်။    သွားလာ ခွင့်ပေးထားသည့်        ခရီးသွားနယ်မြေအတွင်း ဝင်ရောက်ခြင်းမပြုမီ ပြသရမည်ဖြစ်သည်။ 
လာအိုနိုင်ငံတစ်လွှား   သွားလာခွင့်ပေးခြင်း မျိုး   မဟုတ်သေးသော်လည်း  သတ်မှတ်ထားသည့် အစိမ်းရောင်နယ်မြေသည်ပင်လျှင်  အတော်လေး ကျယ်ပြန့်မှုရှိသည်ဟု  ခရီးသွားအုပ်စု ဂျမ်းစ်မမ်ဒီ က  ပြောသည်။ 

 


ဖြေလျှော့မှုပြုလုပ် 


ဒီဇင်ဘာလအတွင်း   ခရီးသွားကဏ္ဍအတွက် သတင်းကောင်းများ   ရှိလိမ့်မည်ဟုလည်း    ၎င်းက ဆက်ပြောသည်။   လာအိုနိုင်ငံအတွက်   အလား အလာကောင်းသည့် သတင်းကောင်းဟုလည်း ပြော သည်။ 

 


ကန့်သတ်မှုအချို့    ရှိနေဆဲဖြစ်သော်လည်း  လာအိုနိုင်ငံအတွက်  သင့်လျော်သည့် ကန့်သတ်မှု များပင်ဖြစ်သည်။  ထိုင်းနိုင်ငံသည်  ခရီးသွားများ အတွက် တစ်စိတ်တစ်ပိုင်း  ပြန်လည်ဖွင့်လှစ်ခြင်း  နှင့်   ကမ္ဘောဒီးယားနိုင်ငံသည်  ကာကွယ်ဆေး အပြည့်ထိုးပြီးသူများကို    နိုင်ငံအတွင်းဝင်ရောက် ခွင့်ပေးခြင်း    အစရှိသည့်သတင်းများအပြီးတွင်  လာအိုနိုင်ငံကလည်း  ဖြေလျှော့မှုပြုလုပ်ခဲ့ခြင်း  ဖြစ်သည်။ 

 


မျှော်လင့်ထား 


မလေးရှားနိုင်ငံသည်လည်း ဇန်နဝါရီလအတွင်း မှစတင်ကာ     အပြည်ပြည်ဆိုင်ရာ   ခရီးသွားများ  အတွက်   ပြန်လည်ဖွင့်လှစ်ပေးရန်   အစီအစဉ်ရှိ သည်ဟု သိရသည်။ လာအိုနိုင်ငံတွင်လည်း ခရီးသွား များ ပြန်လည်ဝင်ရောက်ခွင့် ပေးလိုက်သည့်အတွက် ပြည်တွင်းခရီးသွား ၁ ဒသမ ၉ သန်းနှင့် နိုင်ငံခြား ခရီးသွား တစ်သန်းခန့်ကို ၂၀၂၂ ခုနှစ်တွင် ဆွဲဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။      ။


ကိုးကား-အေအက်ဖ်ပီ၊ ဆင်ဟွာ