
လင်းဟန်သစ်
အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတွေပါဝင်တဲ့ လေးပွင့်ဆိုင်လုံခြုံရေးမိတ်ဖက်နိုင်ငံ (QUAD) အနေနဲ့ ၂၀၂၂ ခုနှစ်ကုန်မှာ ကမ္ဘာ့အဆင့်ကာကွယ်ဆေးထောက်ပံ့မှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ အတွက် အိန္ဒိယမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ အနည်းဆုံး တစ်ဘီလီယံထုတ်လုပ်နိုင်ဖို့ လမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပါတယ်။
တစ်ဘီလီယံထုတ်လုပ်ဖို့ လမ်းကြောင်းပေါ် ရောက်ရှိနေ
ကမ္ဘာ့ကိုဗစ်-၁၉ တိုက်ဖျက်ရေး အွန်လိုင်းအစည်းအဝေးပွဲမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကိုယ့်နိုင်ငံအလျောက် ကာကွယ်ဆေး ထုတ်လုပ်နိုင်စွမ်းတွေ တိုးမြှင့်ဖို့၊ ထုတ်လုပ်တဲ့ နေရာမှာလည်း ဘေးအန္တရာယ်ကင်းကင်းနဲ့ ထုတ်လုပ် နိုင်ဖို့၊ အစွမ်းထက်ထိရောက်တဲ့ ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ မိမိတို့ဟာ မိတ်ဖက်နိုင်ငံတွေ၊ ဆေးဝါး ကုမ္ပဏီတွေ၊ တခြားထုတ်လုပ်သူတွေနဲ့ အတူတကွလုပ်ဆောင်လျက်ရှိတယ်လို့ ပြောပါတယ်။
ဥပမာအနေနဲ့ မိမိတို့ရဲ့ လေးပွင့်ဆိုင် မိတ်ဖက်နိုင်ငံတွေဟာ ၂၀၂၂ ကုန်မှာ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ထောက်ပံ့မှုကို တိုးမြှင့်နိုင်ဖို့ အိန္ဒိယ နိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ဘီလီယံ ကူညီထုတ်လုပ် ဖို့ လမ်းကြောင်းပေါ် ရောက်ရှိနေပြီလို့ ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ သီးသန့်ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါ တယ်။
ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးဖို့ မျှော်မှန်း
နောက်ထပ် ကာကွယ်ဆေးတွေကို ဘယ်လိုထိုးမလဲဆိုတာက ကိုဗစ်-၁၉ အတွက် နောက်ဆုံးအဖြေဖြစ်လိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါ တယ်။ အမေရိကန်မှာ ကိုဗစ်-၁၉ ကပ် ရောဂါကို တိုက်ဖျက်နေသလို နေရာတိုင်း မှာလည်း မိမိတို့တိုက်ဖျက်ဖို့ လိုအပ်နေ ပြီလို့ ဘိုင်ဒင်က ပြောပါတယ်။
သူ့ရဲ့ ကတိကဝတ်တွေနဲ့ ပတ်သက် ပြီး ပြောကြားရာမှာတော့ အမေရိကန်မှာ အခုချိန်အထိ လူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးပြီးပြီ။ တခြား ကျန်ရှိနေတဲ့ ကမ္ဘာ့နေရာတွေကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံ နိုင်ဖို့ မိမိတို့ ကတိပေးခဲ့တယ်လို့ ဘိုင်ဒင် က ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ လာမယ့်နှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ မျှော်မှန်းချက်ကို ရင်ဝယ်ပိုက်ထားပါ တယ်။
ဂါဗီကို အမေရိကန်ဒေါ်လာ
သန်း ၃၈၀ ထောက်ပံ့
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကမ္ဘာကြီးနဲ့ မျှဝေတဲ့နေရာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ တစ်ဘီလီယံ အထိရောက်ဖို့ အမေရိကန်အနေနဲ့ ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို နှစ်ဆတိုးမြှင့်ဝယ်ယူမယ်လို့ ကြေညာ ခဲ့ပါတယ်။
ထို့အတူ အမေရိကန်ဟာ ဒေသတွင်း မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကောင်းဆုံး ဖြန့်ဝေပေးနိုင်ဖို့ ဂါဗီလို့ ခေါ်တဲ့ ကမ္ဘာ့ကာကွယ်ဆေးမဟာမိတ် အဖွဲ့ကို အမေရိကန်ဒေါ်လာ သန်း ၃၈၀ ထောက်ပံ့ပေးခဲ့ပါတယ်။
နှောင်ကြိုးမပါတဲ့လှူဒါန်းမှုမျိုးဖြစ်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကမ္ဘာ့အဆင့် ကာကွယ်ဆေးများကို ပိုမိုချဲ့ထွင်ထိုးပေးနိုင်ဖို့ ဥရောပ-အမေရိ ကန် မိတ်ဖက်အဖွဲ့ကို စတင်လိုက်ပါ တယ်။
မိမိတို့တွေဟာ စည်းမျဉ်းနည်းနည်း ကလေးပေါ်အခြေခံပြီး ကမ္ဘာတစ်ဝန်းလုံး စုစုစည်းစည်း ပေါင်းစည်းသင့်ကြောင်း၊ ဒီလိုမျိုး လုပ်ဆောင်တာကလည်း ကာကွယ်ဆေးတွေကို ရောင်းဖို့မဟုတ်ဘဲ လှူဖို့ဖြစ်ကြောင်း၊ ဝင်ငွေအတော်နည်းတဲ့ နိုင်ငံတွေကို လှူဖို့ဖြစ်ကြောင်း၊ အဲဒီလို လှူတဲ့နေရာမှာလည်း နိုင်ငံရေး နှောင်ကြိုးမပါတဲ့ လှူဒါန်းမှုမျိုးဖြစ် ကြောင်း ဂျိုးဘိုင်ဒင်က ပြောပါတယ်။
ပွင့်လင်းမြင်သာအောင် လုပ်မယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အတည်ပြု ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို မျှဝေရာမှာ အဓိကဖြန့်ဖြူးသူအဖြစ် ကိုဗက်အစီအစဉ်ကို မိမိတို့ ထောက်ခံ အားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးသတင်းမှားတွေ၊ လုပ်ကြံ သတင်းတွေကို တိုက်ဖျက်သွားမှာဖြစ်ပြီး ပြည်သူ့ယုံကြည်ချက်ရရှိအောင်၊ ပွင့်လင်း မြင်သာမှုရှိအောင်လည်း လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ဂျိုးဘိုင်ဒင်က ပြော ပါတယ်။
ကိုဗစ်ရှီးဟာ ပြဿနာမဟုတ်
နောက်တစ်ခါ အိန္ဒိယကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်တဲ့ ကိုဗစ်ရှီးရဲ့ ကျန်းမာရေးအာမခံလက်မှတ်နဲ့ ပတ် သက်ပြီး ကိုဝင်းအပ်စ်တည်ထောင်သူ တွေနဲ့ ဆွေးနွေးခဲ့တဲ့ကိစ္စကို ပြောရမယ် ဆိုရင် ကိုဗစ်ရှီးဟာ ပြဿနာမဟုတ်တဲ့ အကြောင်း၊ ကိုဗစ်ရှီးနဲ့ ပတ်သက်ပြီး အင်္ဂလန်နိုင်ငံက ကင်းလွတ်ခွင့် ပြုထားတယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ ဗြိတိန်မဟာမင်းကြီး အဲလက်အီလစ်က ပြောကြားထားပါတယ်။
အင်္ဂလန်နိုင်ငံဟာ ခရီးသွားတွေကို ခွင့်ပြုထားပါတယ်။ မိမိတို့တွေအနေနဲ့ အိန္ဒိယက အင်္ဂလန်ကို သွားတဲ့သူတွေ အများကြီးကို တွေ့မြင်နေရပါတယ်။ တချို့ကလည်း အလည်အပတ်၊ တချို့ ကလည်း စီးပွားရေးကိစ္စအဖြစ်၊ တချို့ ကလည်း ကျောင်းသားတွေအဖြစ်သွား နေတာကို မိမိတို့တွေ့နေရတယ်လို့သူက ပြောပါတယ်။
ခရီးသွားကိစ္စကို လွယ်ကူဆုံးဖြစ်အောင် လုပ်ဆောင်
ကိုဝင်းနဲ့ အင်န်အိတ်ချ်အက်စ် အက်ပလီကေးရှင်း တည်ထောင်သူတွေနဲ့ ကျန်းမာရေးအာမခံလက်မှတ်ထုတ်ပေးဖို့ နဲ့ ပတ်သက် ပြီး နည်းပညာပိုင်းဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာတွေကို အသေး စိတ်ဆွေးနွေးနေပါတယ်လို့ အဲလက် အီလစ်က ပြောပါတယ်။ သူတို့တွေ လျင်လျင်မြန်မြန် လုပ်ဆောင်နေကြပါ တယ်။ နှစ်နိုင်ငံအနေနဲ့ ထုတ်ပေးလိုက်တဲ့ ကျန်းမာရေး အာမခံလက်မှတ်တွေကို အသိအမှတ်ပြုဖို့လည်း အရေးကြီးပါ တယ်။
၂၀၂၁ ခုနှစ် ဇွန်လကုန်မှာ ကျောင်းသား ဗီဇာ ၆၂၅၀၀ ထုတ်ပေး ခဲ့ပါတယ်။ ဒါဟာ အရင်နှစ်နဲ့နှိုင်းယှဉ် လိုက်ရင် ၃၀ ရာခိုင်နှုန်းပိုများပါတယ်။ ခရီးသွားကိစ္စကို လွယ်ကူနိုင်သမျှ လွယ်ကူဆုံးဖြစ်အောင် လုပ်ဆောင်နေပါ တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ ဗြိတိန် မဟာမင်းကြီးက ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးထိုးလှုပ်ရှားဆောင်ရွက်မှုဟာ အရှိန်ရနေ တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝ သံသယမရှိပါဘူးလို့လည်း သူကပြောပါ တယ်။ အိန္ဒိယနိုင်ငံဟာ green list စာရင်းထဲမှာတော့မပါသေးပါဘူး။ သူ့မှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ရှိနေ ပါသေးတယ်။ တချို့ ဥရောပနိုင်ငံတွေမှာ တော့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ကျဆင်းလာတဲ့အတွက် green list စာရင်းထဲမှာတော့ပါဝင်လာပါတယ်။ အိန္ဒိယနိုင်ငံဟာ လက်ရှိမှာတော့ ပယင်း ယောင်အဆင့် (amber list) ထဲမှာပါဝင် နေပါသေးတယ်။ ။
အိန္ဒိယတူဒေး