
ကိုပင်ဟေဂင် နိုဝင်ဘာ ၂၄
လက်ရှိ ကိုဗစ်-၁၉ အလားအလာ များကို အခြေခံပြီး နောက်နှစ် နွေဦးရာသီမတိုင်ခင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက် ၂ ဒသမ ၂ သန်းကျော် ရှိလာ နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ဥရောပဒေသရုံးက ထုတ်ပြန်လိုက်သော ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဥရောပတွင် ကိုဗစ်-၁၉ ကပ် ရောဂါ စွဲကပ်ဖြစ်ပေါ်နေခြင်း ကြောင့် တစ်နေ့လျှင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၂၀၀ နီးပါး ရှိလာခဲ့သည်။
ဥရောပတစ်ဝန်း ကိုဗစ်-၁၉ ဆက်စပ် သေဆုံးနှုန်းသည် ဥရောပ၏ နိုင်ငံပေါင်း ၅၃ နိုင်ငံ၌ ၁ ဒသမ ၅ သန်း ကျော်လွန်လာ ပြီဖြစ်သည်။
ဥရောပနှင့် အာရှအလယ်ပိုင်း တွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် သေဆုံးမှုဖြစ်ပေါ်စေသည့် နံပါတ် တစ် အကြောင်းရင်းဖြစ်ကြောင်း ကျန်းမာရေး တိုင်းတာမှုနှင့် အကဲဖြတ်ခြင်းဆိုင်ရာ အင်စတီ ကျု့က ထုတ်ပြန်လိုက်သော အချက်အလက်များအရ သိရသည်။
ဒေသတွင်း ဆေးရုံများ အတွက်မူ သေရေးရှင်းရေးကဲ့သို့ ဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ ခန့်မှန်းချက်အရ သိရသည်။
ဒေသတွင်း ၂၅ နိုင်ငံရှိ ဆေးရုံ များပေါ်တွင် အလွန်ဆိုးသည့် ဖိအားများ သက်ရောက်နိုင်ပြီး ဒေသတွင်း ၅၃ နိုင်ငံအနက် ၄၉ နိုင်ငံရှိ အထူးကြပ်မတ်ကုသ ဆောင်တွင် အခုမှစပြီး ၂၀၂၂ ခုနှစ် မတ် ၁ ရက်အတွင်း အလွန် ဆိုးသော ဖိအားများ သက်ရောက် နိုင်ကြောင်း သိရသည်။
ဆင်ဟွာ