၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးထူးချွန်စွာ အောင်မြင်ကြသူ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ၊ မိဘများ၏ ရင်တွင်းစကားသံများ

တွေ့ဆုံမေးမြန်း  
မေချို 
ဓာတ်ပုံ - ချိုကြီး
 

ရန်ကုန်  ဇွန်   ၁၁


၂၀၂၃-၂၀၂၄        ပညာသင်နှစ်  တက္ကသိုလ်ဝင်         စာမေးပွဲ အောင်စာရင်းများကို  တစ်နိုင်ငံလုံး ၌ ဇွန် ၁၁ ရက်က    ထုတ်ပြန်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အနေဖြင့်  ဖြေဆိုသူပေါင်း  ၁၈၀၅၆ဦး ရှိပြီး အောင်မြင်သူ    ၉၆၅၆  ဦးရှိရာ ရာခိုင်နှုန်းအားဖြင့်  ၅၃ ဒသမ ၄၈ ရာခိုင်နှုန်းဖြစ်ကြောင်း   ရန်ကုန် တိုင်းဒေသကြီး   ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၃-၂၀၂၄    ပညာသင်နှစ်  တက္ကသိုလ်ဝင်        စာမေးပွဲတွင် အခြေခံပညာ        ကျောင်းများမှ မြန်မာတစ်နိုင်ငံလုံး   ထူးချွန်စွာ အောင်မြင်ကြသူ     ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ၊ မိဘများ၏ ရင်တွင်းစကားသံများ ကို ဖော်ပြလိုက်ရပါသည်။
ဒေါက်တာစန္ဒာမြငြိမ်း
အထက(၁) ဒဂုံ၊ 
ကျောင်းအုပ်ဆရာမကြီး 
ကျွန်မတို့         ကျောင်းက Grade-12  တက္ကသိုလ်ဝင်စာမေးပွဲ မှာ  ၁၅၉ ဦးဖြေဆိုပြီး   ၁၄၇    ဦး အောင်မြင်ခဲ့တဲ့အတွက် ရာခိုင်နှုန်း အားဖြင့် ၉၂ ဒသမ ၄၅ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်။       မြန်မာ တစ်နိုင်ငံလုံး     အမှတ်အများဆုံး ထူးချွန်အဆင့် (၁၁) ယောက်ထဲမှာ ကျွန်မတို့ကျောင်းက လေးယောက် ထူးချွန်စွာ     အောင်မြင်ခဲ့တယ်။ ခြောက်ဘာသာ           ဂုဏ်ထူးနဲ့ အောင်မြင်သူ ၂၆ ဦး ရရှိခဲ့ပါတယ်။ ကျောင်းသား  ကျောင်းသူတစ်ဦး တိုင်းရဲ့ ယခင်နှစ် Grade-11 က ကျောင်းတွင်း      စာမေးပွဲရလဒ် တွေကို   မိဘတွေကို   သိရှိစေခဲ့ပါ တယ်။       အားနည်းချက်တွေ ဖြည့်ဆည်းပံ့ပိုးနိုင်အောင်   မိဘ တွေ    တွေ့ဆုံဖို့     ဖိတ်ခေါ်ပြီး တစ်ဘာသာချင်းအလိုက်     ရမှတ် တွေကို             အသိပေးခဲ့တယ်။ ကျောင်းသား   ကျောင်းသူတွေ ကိုလည်း      ကိုယ်တိုင်သိရှိပြီး အားနည်းတဲ့         ဘာသာတွေကို ဖြည့်ဆည်း  လေ့လာကြပ်မတ်နိုင် အောင်    ဘာသာရပ်မှူးတွေနဲ့ အုပ်ထိန်းသူစနစ်နဲ့      လေ့ကျင့် သင်ကြားစေခဲ့ပါတယ်။   အကြို စစ်ဆေးတဲ့ ကျောင်းတွင်းစာတတ် မြောက်မှု စစ်ဆေးတဲ့မေးခွန်းတွေ ကိုလည်း ကျောင်းသား ကျောင်းသူ တွေအတွက်   အထောက်အကူ ဖြစ်စေဖို့      ပြဋ္ဌာန်းစာအုပ်ကို အခြေခံပြီး        အထက်တန်းပြ ဆရာမတွေကို     သက်ဆိုင်ရာ ဘာသာရပ်အလိုက်  အလှည့်ကျ မေးခွန်းပြုစုစေခဲ့ပါတယ်။   ဒါမှ ဆရာမတွေရော     သင်ရိုးသစ် သင်ခန်းစာတွေကို လေ့လာစေပြီး သင်ကြားတဲ့         ဘာသာရပ်တွေ အတွက်   အမှတ်ပေးစည်းမျဉ်းနဲ့ အညီ သင်ကြားနိုင်ပြီး အထောက်  အကူဖြစ်စေမှာပါ။
Grade-12   တက္ကသိုလ်ဝင် စာမေးပွဲမှာ    တစ်နိုင်လုံးအဆင့် ထူးချွန်စွာ        အောင်မြင်သူတွေ ထွက်ပေါ်လာစေဖို့ Grade-4 က စပြီး Grade-12 အထိ ကျောင်း တွင်း   တတ်မြောက်မှုရလဒ်တွေ အရ       အမှတ်အများဆုံးရရှိသူ ၁၀ ဦးကို    ထူးချွန်ထက်မြက် တံဆိပ်အဝိုင်းတွေ   ချီးမြှင့်ပေးခဲ့  တယ်။ အဓိကကတော့ မိဘဆရာ ပူးပေါင်းမှုနဲ့   ရလဒ်ကောင်းတွေ ပေါ်ထွက်လာရတာ ဖြစ်ပါတယ်။
မနှင်းကြယ်စင်ထွန်း
အထက(၁)ဒဂုံ၊ မြန်မာတစ်နိုင်ငံလုံး ဒုတိယအဆင့် 
အမှတ်အများဆုံးရရှိသူ
Grade-12  တစ်နှစ်လုံးက ပင်ပန်းခဲ့တာတွေ      အများကြီးရှိ တယ်။   စာကိုလည်း   မနားမနေ ကြိုးစားခဲ့ရတယ်။ အခုလိုရလဒ်ကို  ရတော့လည်း ထိုက်တန်တယ်လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်။ အခုလာမယ့်နှစ် Grade-12  ဖြေဆို မယ့် မောင်တွေ၊ ညီမတွေကိုလည်း ဒီတစ်နှစ် ပင်ပန်းတာကို ရဲရဲဝံ့ဝံ့ နဲ့ရှေ့ဆက်ပြီး     မိမိလိုချင်တဲ့ အနာဂတ်ပန်းတိုင်ကို       ရောက် အောင်    သေချာကြိုးစားခဲ့ရင် ရလဒ်ရဲ့ အသီးအပွင့်တွေကို ခံစား ရမယ်လို့ ပြောချင်တယ်။ ကျောင်း မှာဆိုရင် ဆရာမတွေပြောတာကို သေချာနားထောင်တယ်။   နားမ လည်တာရှိရင်    မိဘတွေရော ဆရာမတွေကပါ   ပံ့ပိုးကူညီပေး တယ်။ ခက်ခဲပေမယ့်လည်း စာကို  နားလည်အောင်   ကြိုးစားနိုင်ခဲ့ တယ်။ ပင်ပန်းပေမယ့်လည်း မိမိ လိုချင်တဲ့        ရလဒ်ရတဲ့အတွက် ကျေနပ်ပါတယ်။
မမေသူထွန်း
အထက(၁)ဒဂုံ၊ 
မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့် အမှတ်အများဆုံးရရှိသူ
အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွင်းမှာ Grade-12 တက္ကသိုလ် ဝင်စာမေးပွဲကို အထက(၁)ဒဂုံ ကျောင်းကနေ  မြန်မာတစ်နိုင်ငံ လုံး   စတုတ္ထအဆင့်   ရရှိခဲ့တာပါ။ တစ်နှစ်ပတ်လုံး    စာဘယ်လို ကြိုးစားခဲ့လည်းဆိုရင်    ဘာသာရပ် အလိုက်တတ်နိုင်သမျှ စာမေးပွဲ ဖြေဖို့အတွက်    အဓိကဦးတည် ပြီး       ပြင်ဆင်ခဲ့တယ်။    အချိန်နဲ့ တစ်ပြေးညီ        ဖြေနိုင်အောင်၊ မေးခွန်းရဲ့ လိုအပ်ချက်နဲ့ကွက်တိ ဖြေနိုင်အောင်    အဓိကကြိုးစား အားထုတ်ခဲ့တယ်။      အခုလိုမျိုး အဆင့်ကောင်းနဲ့ ရလဒ်ကောင်း ရရှိတဲ့အတွက်  ဂုဏ်ယူမိတယ်၊ ဝမ်းမြောက်မိတယ်။      အခုလို ရလဒ်ကောင်းရအောင်   ထောက်ပံ့ အားပေးကြတဲ့  ဆရာ ဆရာမတွေ နဲ့  ပြုစုပျိုးထောင်ပေးခဲ့တဲ့   မိဘ တွေကို  ကျေးဇူးတင်ပါတယ်။
မောင်ဟိန်းလင်းထက်
အထက(၁)ဒဂုံ၊ 
မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့်
အမှတ်အများဆုံးရရှိသူ
၂၀၂၃-၂၀၂၄   ပညာသင်နှစ် Grade-12      တက္ကသိုလ်ဝင် စာမေးပွဲမှာ   ကျွန်တော်   နှစ်စက တည်းက  စာတွေကို   တစ်နေ့စာ တစ်နေ့ပုံမှန်  လေ့လာကျက်မှတ် တယ်။   ကျန်တဲ့အချိန်တွေမှာ သင်ပြီးသမျှ     စာတွေကိုပြန် လေ့လာတယ်။ နှစ်စမှာ စာမကျေ ရင် စာတွေပုံလာမယ်ဆိုရင် စိတ် ဖိစီးမှုတွေ      ဖြစ်လာမယ်။  အိမ်ရောက်ရင်        မှတ်စုတွေ            ပြန်ထုတ်ပြီး   ပြန်လေ့လာတယ်။ မှတ်စုတိုတွေ ရေးပြီး ဆရာတွေကို ပြန်ပြတယ်၊     Grade-12 မှာ အရေးကြီးတာက   စာလေ့လာဖို့ ရယ်၊ အနားယူဖို့ရယ်၊ သူ့အချိန် နဲ့သူရှိရမယ်။         စာတွေကို ဆက်တိုက်မနားဘဲ   လေ့လာရင် ကျန်းမာရေး    ထိခိုက်နိုင်တယ်။  စာမေးပွဲနီးလာရင် သင်ခန်းစာတွေ ကို သင်ပြီးတဲ့အချိန်မှာ တစ်ဘာသာ ချင်းစီအတွက်     ပြန်လေ့လာဖို့ ကြိုတင်အစီအစဉ်ဆွဲဖို့ လိုတယ်။  
မလင်းလက်အိမ်
အထက(၁)ဒဂုံ၊ 
မြန်မာတစ်နိုင်ငံလုံး သတ္တမအဆင့် အမှတ်အများဆုံးရရှိသူ
Grade-12    တက္ကသိုလ်ဝင် စာမေးပွဲကို   ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာက ဆရာ ဆရာမ တွေနဲ့   မိဘတွေရဲ့   ကျေးဇူးတွေ အများကြီးပါပါတယ်။     တစ်နှစ် ပတ်လုံးမှာ              တတ်နိုင်သမျှ အကောင်းဆုံး    ကြိုးစားခဲ့တယ်။ အိပ်ရေးပျက်ခဲ့တဲ့   ရက်တွေလည်း ရှိခဲ့တယ်။ ကျောင်းမှာဆိုရင် ဆရာ ဆရာမတွေရဲ့ ညွှန်ကြားချက်တွေ၊ သင်ကြားမှုတွေကို    လိုက်နာပြီး တတ်နိုင်သမျှ     အကောင်းဆုံး ကြိုးစားခဲ့တယ်။    ဒီအတွက် ကြောင့် အခုလိုမျိုးကောင်းမွန်တဲ့ ရလဒ်ရခဲ့တယ်ဆိုတာကို ဂုဏ်ယူ ပြီး ဆရာ ဆရာမတွေနဲ့ မိဘတွေ ကို       ကျေးဇူးတင်မိပါတယ်။ မောင်ငယ်၊ ညီမငယ်တွေကိုလည်း အတတ်နိုင်ဆုံး  ကြိုးစားရင်းနဲ့ ကိုယ်နဲ့ထိုက်တန်တဲ့    ရလဒ်တွေ ရပါစေလို့ ဆုတောင်းပေးပါတယ်။
မမြတ်သီရိကျော်
အထက(၂) လသာ၊ 
မြန်မာတစ်နိုင်ငံလုံး နဝမအဆင့် 
အမှတ်အများဆုံးရရှိသူ
နှစ်စကတည်းက   ဘာသာစုံ ဂုဏ်ထူးထွက်အောင် ရည်မှန်းပြီး တစိုက်မတ်မတ်    ကြိုးစားခဲ့တာ ပါ။ အခုလိုရတဲ့အတွက် အတိုင်း မသိ ဝမ်းသာပါတယ်။  ဘာသာစုံ ကို နှစ်စကတည်းက တစ်ဘာသာ ချင်း     ဘာမှမလွတ်ရအောင်၊ အားနည်းတဲ့    ဘာသာကိုလည်း ပိုဖိပြီး ကြိုးစားခဲ့တယ်။  မြန်မာစာ က တော်တော်လေး         ကြိုးစားခဲ့ရ တယ်။ ဗဟုသုတစာပေနဲ့ ဖတ်စာ အုပ်ကိုနာနာဖတ်ပြီး ၁၀ မှတ်တန် အပုဒ်ရှည်တွေနဲ့   စာစီစာကုံးကို  လည်း     နေ့စဉ်ပုံမှန်    လေ့ကျင့် ခဲ့တယ်။        အင်္ဂလိပ်စာအနေနဲ့ ဖတ်စာအုပ်ကို    များများဖတ်ပြီး Essay, Latter Grammar တွေကို ပိုင်နိုင်အောင်   နေ့စဉ်လေ့ကျင့်ခဲ့ ရပါတယ်။   သင်္ချာအတွက်က ဖတ်စာအုပ်ကို    အဓိကပိုင်နိုင် အောင်  လုပ်ပါတယ်။ ဓာတု၊ ရူပ၊ ဇီဝဘာသာတွေကိုလည်း     ဖတ် စာအုပ်ထဲက လေ့ကျင့်ခန်းတွေကို တစ်ခန်းချင်း မျှမျှတတ  လေ့လာ မှတ်သားပြီး  မှတ်စုတွေထုတ်ပြီး ချရေး၊ ပုံတွေကိုလည်း     ရေးဆွဲခဲ့ရ တယ်။   ဘာသာစုံကို   အပိုအလို မရှိအောင် နှံ့နှံ့စပ်စပ်နဲ့   ဆရာ  ဆရာမတွေ သင်ကြားတဲ့အတိုင်း  လိုက်နာခဲ့တယ်။ တစ်နှစ်ပတ်လုံး ကျန်းမာရေးကို ဂရုစိုက်ပြီး ပုံမှန်ပဲ ကြိုးစားခဲ့ပါတယ်။   နောင်နှစ်မှာ ဖြေဆိုကြမယ့်   ကျောင်းသား     ကျောင်းသူတွေ စာကို     တစ်နေ့စာ    တစ်နေ့၊  တစ်ပတ်စာတစ်ပတ်    ပုံမှန်ဖတ်သွားမယ်ဆိုရင် လိုချင်တဲ့  အမှတ်တွေရရှိပြီး ကိုယ်လိုချင် တဲ့ပန်းတိုင်ကို      ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဒေါ်ခင်မာလာကျော်
ကျောင်းသားမိဘ
သားလေးက ဒီနှစ်  အထက (၁)ဒဂုံကနေ  မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့်   အမှတ်အများဆုံး ရရှိသူဖြစ်ပါတယ်။   စာတွေကို အနီးကပ်      လုပ်ပေးခဲ့တယ်။ ကျက်စာတွေအကုန်လုံးကို ကျွန်မ ကိုယ်တိုင်စာစစ်ပြီး     မြန်မာစာ၊ ဇီဝဘာသာကအစ   မိဘအနေနဲ့ အနီးကပ်   နေ့စဉ်ပံ့ပိုးကူညီပေး တယ်။ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ တွေကို  ဆရာ   ဆရာမတွေနဲ့ ပေးထားတဲ့ အိမ်စာတွေကို ပုံမှန် အကုန်လုပ်တယ်။ စာစပြီး သင် တယ်ဆိုတာနဲ့ အချိန်ဇယားဆွဲပြီး ပုံမှန်လုပ်တယ်။        ကျွန်မက တစ်ပတ်ကို   တစ်ရက်၊  နှစ်ရက်၊ သုံးရက် ကျက်စာတွေ   စစ်ပေး တယ်။   အနီးကပ်   ကျန်းမာရေး စောင့်ရှောက်ရတယ်။ အဲဒီအတွက် အခုရလာတဲ့  ရလဒ်အတွက်လည်း ဝမ်းမြောက်    ဂုဏ်ယူမိပါတယ်။ ကျောင်းက   ကျောင်းအုပ်ကြီးနဲ့ ဆရာ ဆရာမတွေကလည်း ကူညီ ပံ့ပိုးပေးလို့ အခုလို အောင်မြင်မှု တွေ  ရတာပါ။     ကျေးဇူးတင်ပါ တယ်။             
 သတင်းစဉ်