၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းနှင့် စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ မိသားစုဝင် သား သမီးများအား တိုင်းစစ်ဌာနချုပ်များ၌ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

 

နေပြည်တော်  ဇူလိုင်  ၃၁


၂၀၂၃-၂၀၂၄    ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ    အောင်မြင်ခဲ့သည့်  စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း နှင့် စစ်သည်အစားခန့် အရပ်သား ဝန်ထမ်းများ  မိသားစုဝင်   သား သမီးများအား   ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ခြင်းနှင့်    တက္ကသိုလ် တက်ရောက်နေသော    ကျောင်း သား ကျောင်းသူများအား ပညာ သင်စရိတ်  ပေးအပ်ခြင်းများကို ယနေ့တွင်    နေပြည်တော်တိုင်း စစ်ဌာနချုပ်၊   မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊  အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်၊     အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊   အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊   ရန်ကုန်တိုင်း စစ်ဌာနချုပ်၊   အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊      အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်တို့ရှိ သတ်မှတ် နေရာအသီးသီး၌ ပြုလုပ်ကြရာ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ နှင့်   တာဝန်ရှိသူများ၊   အရာရှိ၊ စစ်သည်များ၊   ဆရာ    ဆရာမ များ၊  ကျောင်းသား   ကျောင်းသူ များနှင့်      မိဘများ     တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးများနှင့် ဒုတိယ တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကား များ အသီးသီး ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများ၊ ဒုတိယ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ၊      ဂုဏ်ပြု မှတ်တမ်းလွှာများ၊   ဂုဏ်ပြုဆု တံဆိပ်များနှင့် ပညာသင်စရိတ် များ ပေးအပ်ကြရာ ထူးချွန်ဆုရ ကျောင်းသား     ကျောင်းသူများ က       လက်ခံရယူခဲ့ကြသည်။ ယင်းနောက် ထူးချွန်ဆုရ ကျောင်း သား  ကျောင်းသူများကိုယ်စား ကျောင်းသား ကျောင်းသူတစ်ဦးစီ ကကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြသည်။
ထို့ပြင် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) ဝင်းအတွင်း၌လည်း ၂၀၂၃-၂၀၂၄     ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှု ထမ်းဆဲနှင့်   စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ မိသားစု ဝင် သား သမီးများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားပြုလုပ် ခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ၊      ဂုဏ်ပြု မှတ်တမ်းလွှာများနှင့်   ဂုဏ်ပြု ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်