၂၀၂၃ အာရှဖလား  တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပထမနေ့  မြန်မာနှင့် တာဂျစ်ကစ္စတန် ယနေ့ကစားမည်

 

 

ရန်ကုန်  ဇွန်  ၇
အာရှဘောလုံးအဖွဲ့ချုပ်က  စီစဉ် ကျင်းပသည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ    အုပ်စု ပထမနေ့ကို  ဇွန် ၈ ရက် (ယနေ့) စတင်မည်ဖြစ်ပြီး စုစုပေါင်း ၁၂ ပွဲ ကျင်းပမည်ဖြစ်သည်။   မြန်မာ အသင်းသည်  တာဂျစ်ကစ္စတန် အသင်းနှင့်  စတင်ကစားရမည်ဖြစ် ပြီး   ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် ကာဂျစ္စတန် နိုင်ငံ၌   ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာအသင်း    ပါဝင်သည့် အုပ်စု (စ) ပွဲစဉ်များကို  ကာဂျစ္စတန် နိုင်ငံ၌ ကျင်းပမည်ဖြစ်ကာ မြန်မာ အသင်းသည် ပထမပွဲကစားရခြင်း ဖြစ်သည်။ အာရှဖလား တတိယ အဆင့်ခြေစစ်ပွဲကို အုပ်စုခြောက်ခု ခွဲ၍                 ကျင်းပမည်ဖြစ်ပြီး
အုပ်စု ပထမနေ့အဖြစ်     ကူဝိတ် နှင့်  အင်ဒိုနီးရှား၊   ဂျော်ဒန်နှင့်   နီပေါ၊   ဖိလစ်ပိုင်နှင့်   ယီမင်၊  ပါလက်စတိုင်းနှင့် မွန်ဂိုလီးယား၊ ထိုင်းနှင့် မော်လ်ဒိုက်၊  ဥဇဘက်ကစ္စတန်နှင့်   သီရိလင်္ကာ၊   ဟောင်ကောင်နှင့် အာဖဂန်နစ္စတန်၊     အိန္ဒိယနှင့် ကမ္ဘောဒီးယား၊ တာ့ခ်မင်နစ္စတန် နှင့်  မလေးရှား၊  ဘာရိန်းနှင့်   ဘင်္ဂလားဒေ့ရှ်၊ တာဂျစ်ကစ္စတန်နှင့်   မြန်မာ၊   ကာဂျစ္စတန်နှင့် စင်ကာပူအသင်းတို့       ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။    မြန်မာအသင်းနှင့်     တာဂျစ်ကစ္စတန်အသင်းသည် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင်လည်း တစ်အုပ်စုတည်း  ကျရောက်ခဲ့ပြီး မြန်မာအသင်းသည်         ပထမအကျော့တွင်  လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရသော်လည်း     ဒုတိယအကျော့တွင်  လေးဂိုးပြတ်   အရေးနိမ့်ခဲ့ သည်။ 
မြန်မာအသင်းအနေဖြင့် ခြေစစ်ပွဲအောင်မြင်ရန် အုပ်စုသုံးပွဲစလုံး ရလဒ်ကောင်းရန်    လိုအပ်နေသည်။   အာရှဘောလုံးအဖွဲ့ချုပ်သည်   ပထမအဆင့်နှင့် ဒုတိယအဆင့်   ခြေစစ်ပွဲများကို အိမ်ကွင်း၊  အဝေးကွင်း စနစ်ဖြင့် ကျင်းပခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  အုပ်စု တစ်ခုကို အိမ်ရှင်နိုင်ငံ တစ်နိုင်ငံရွေးချယ်၍ တစ်ကျော့တည်း   ပြုလုပ် သွားမည်ဖြစ်သည်။
အုပ်စုခွဲဝေထားမှုအရ  အုပ်စု (က) တွင် ဂျော်ဒန်၊ ကူဝိတ်၊ အင်ဒို နီးရှား၊ နီပေါ၊   အုပ်စု (ခ)  တွင် ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ ယီမင်၊ မွန်ဂိုလီးယား၊  အုပ်စု (ဂ)  တွင်  ဥဇဘက်ကစ္စတန်၊ ထိုင်း၊  မော်လ်ဒိုက်၊ သီရိလင်္ကာ၊ အုပ်စု (ဃ)  တွင်   အိန္ဒိယ၊  ဟောင်ကောင်၊  အာဖဂန် နစ္စတန်၊   ကမ္ဘောဒီးယား၊   အုပ်စု (င)  တွင်   ဘာရိန်း၊   တာ့ခ်မင်နစ္စတန်၊ မလေးရှား၊   ဘင်္ဂလားဒေ့ရှ်၊   အုပ်စု  (စ)   တွင်     ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊    မြန်မာနှင့်   စင်ကာပူအသင်းတို့    ပါဝင်နေသည်။  တတိယအဆင့်ခြေစစ်ပွဲကို   အုပ်စုခြောက်ခုခွဲ၍    ပြုလုပ်မည်ဖြစ်ပြီး    အုပ်စုခြောက်ခုမှ  ထိပ်ဆုံးခြောက်သင်းနှင့်    ဒုတိယနေရာရအသင်း များအနက်   အကောင်းဆုံးငါးသင်း   စုစုပေါင်း   ၁၁  သင်း  ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
 ရဲရင့်လွင်