၂၀၂၃ ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်းများ အတည်ပြု

 

ရန်ကုန်   ဇူလိုင်   ၁၄


ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် ၂၀၂၃ ခုနှစ် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွင်   ပါဝင်မည့်   အားကစားနည်းများ  အတည်ပြု လိုက်ပြီဖြစ်သည်။ ဆီးဂိမ်းအဖွဲ့ချုပ် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများကို ဇူလိုင် ၁၂၊ ၁၃ ရက်က  ကမ္ဘောဒီးယားနိုင်ငံ၌  ပြုလုပ်ခဲ့ရာ  အရှေ့ တောင်အာရှနိုငံများမှ   ကိုယ်စားလှယ်များ    တက်ရောက်သည်။

 


(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေ  ၅  ရက်မှ  ၁၆  ရက်အထိ  ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ယင်းအားကစားနည်းများတွင်   ၃၉   မျိုးကိုသာ ဆုတံဆိပ်ချီးမြှင့်မည်ဖြစ်ပြီး Teqball  အားကစား နည်းကို သရုပ်ပြပြိုင်ပွဲအဖြစ်သာ ထည့်သွင်းကျင်းပ မည်ဖြစ်သည်။ ဆုတံဆိပ်ချီးမြှင့်မည့် အားကစားနည်း  ၃၉   မျိုးမှာ   ပြေးခုန်ပစ်၊  ရေကူး၊  ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့် စနူကာ၊ ကာယ ဗလ၊  လက်ဝှေ့၊  စစ်တုရင်၊  ခရစ်ကတ်၊  စက်ဘီး၊ Dance  Sports ၊  E-sports ၊  သုံးမျိုးစုံ၊  ဓားရေး၊ Finswimming ၊ Floorball ၊ ဘောလုံး၊ ဂေါက်သီး၊ ကျွမ်းဘား၊ ဟော်ကီ၊ Jet Ski ၊ ဂျူဒို၊ ကရာတေး၊ Kun Khmer ၊ Martial Arts (ဂျူဂျစ်ဆု၊ ဗိုဗီနမ်၊ ကစ်ဘောင် ဆင်၊ Arnis ၊  Kun Bokator ၊ Martial Arts Korea)၊ Obstacle Race ၊ ပီတန်း၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊ Silat ၊ Soft Tennis ၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ရိုးရာလှေ၊ ဘော်လီဘော၊ အလေးမ၊ နပန်း နှင့် ဝူရှူးအားကစားနည်းတို့ဖြစ်ကြောင်း သိရသည်။ အရှေ့တောင်အာရှနိုင်ငံအများစုအနေဖြင့် မြားပစ်၊ သေနတ်ပစ်၊  စစ်တုရင်  (နိုင်ငံတကာ)၊  ကျွမ်းဘား (Rhythmic)  နှင့်  Kurash   အားကစားနည်းများ ထပ်တိုးကျင်းပရန် တောင်းဆိုထားသည်။

 


မြန်မာအားကစားအဖွဲ့များသည်       လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်ပြင်ဆင်နေ ပြီဖြစ်ပြီး      ပြီးခဲ့သည့်      ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ တွင် ရွှေ ကိုးခု၊ ငွေ ၁၈ ခု၊ ကြေး ၃၅ ခု ရရှိခဲ့သည်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် (၃၁) ကြိမ်မြောက်နှင့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့်ကာလ မှာ တစ်နှစ်သာကြာမြင့်မည်ဖြစ်သည်။


ရဲရင့်လွင်