
နေပြည်တော် ဩဂုတ် ၁၃
၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့ တောင်ပင်လယ်ပုလဲ ရောင်းချပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း၌ ရောင်းချရန် ခင်းကျင်း ပြသထားသည့် ပုလဲအတွဲများ ကို စိတ်ကြိုက်လေ့လာကြည့်ရှု ကြသည်။
ထို့နောက် တင်ဒါအမှတ်(၁)ဖြစ်သည့် ပုလဲအတွဲအမှတ်(၁)မှ အတွဲအမှတ် (၁၁၅) တွဲအထိနှင့် တင်ဒါအမှတ်(၂) ဖြစ်သည့် ပုလဲ အတွဲအမှတ် (၁၁၆) တွဲမှ ပုလဲ အတွဲ အမှတ် (၂၃၀) အထိကို ရတနာကုန်သည်များက ကြည့်ရှု စစ်ဆေးကြကာ ဈေးနှုန်းတင်သွင်း လွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြ သည်။
ယနေ့နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် တောင်ပင်လယ် ပုလဲရောင်းချပွဲ ဗဟိုကော်မတီ နာယက၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိ သူတို့သည် ပြပွဲကျင်းပရာ မဏိ ရတနာ ကျောက်စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲ များရောင်းချနေမှုကို လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တင်ဒါအမှတ်(၁)နှင့် တင်ဒါအမှတ်(၂)တို့မှ ပုလဲ အတွဲပေါင်း (၂၃၀) တင်သွင်း ထားသော ဈေးနှုန်းတင်သွင်းလွှာ များကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲ ပေါင်း ၁၇၇ တွဲ ရောင်းချရကြောင်း ကြေညာသည်။
ပုလဲရောင်းချပွဲ တတိယနေ့ တွင် တင်ဒါအမှတ် (၃) ဖြစ်သည့် ပုလဲအတွဲအမှတ်(၂၃၁)မှ အတွဲ အမှတ်(၃၄၅) အထိ ပုလဲအတွဲ ပေါင်း (၁၁၅)တွဲနှင့် တင်ဒါအမှတ် (၄)ဖြစ်သည့် ပုလဲအတွဲ အမှတ် (၃၄၆)မှ အတွဲအမှတ်(၄၆၀)အထိ ပုလဲအတွဲပေါင်း ၁၁၅ တွဲတို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည် များကို ဆက်လက်ရောင်းချပေး သွားမည်ဖြစ်သည်။
ယခုကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့ တောင်ပင်လယ် ပုလဲရောင်းချ ပွဲကို မဏိရတနာကျောက်စိမ်း ခန်းမ၌ ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၇၀၀၊ ပုလဲအလုံးပေါင်း ၁၇၅၀၀၀ ကို ပြည်တွင်းပြည်ပရတနာကုန်သည် များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်