
ရန်ကုန် ဇူလိုင် ၁၉
(၇၇)နှစ်မြောက် အာဇာနည်နေ့ တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက် လျှော့ချလွှင့်ထူ၍ အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်ဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူ လမ်းရှိ ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး)၌ ကျင်းပသည်။
အခမ်းအနားသို့ (၇၇) နှစ် မြောက် အာဇာနည်နေ့အခမ်း အနား ကျင်းပရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ရန်ကုန် တိုင်းဒေသကြီးစည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် ကော်မတီဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ခရိုင်နှင့် မြို့နယ်များမှ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့ တက်ရောက်ကြ ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကို အလေးပြုကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အလံအား တိုင်ဝက်သို့ လျှော့ချ လွှင့်ထူ၍ နှစ်မိနစ်ငြိမ်သက်စွာ ဂါရဝပြုကြသည်။
ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ဝန်ကြီးများရုံး (ယခင်အတွင်းဝန် ရုံး)ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမ နှင့် ပါလီမန်အဆောက်အအုံတို့ ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ အများပြည်သူ လာရောက် လေ့လာနိုင်ရန် ယနေ့တွင် တစ်ရက် တာ အခမဲ့အထူးဖွင့်လှစ် ပြသခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမ အတွင်း အာဇာနည်ခေါင်းဆောင် များ ကျန်ရှိခဲ့သည့် ပစ္စည်း ၂၈ မျိုး၊ အဆောက်အအုံ သမိုင်းကြောင်း၊ သက်တမ်းရာကျော်ရှိသည့် ပါလီမန် အဆောက်အအုံနှင့် အဆောက် အအုံအတွင်း သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံများ ခင်းကျင်းပြသထားမှု အား အများပြည်သူနှင့် ကျောင်းသား ကျောင်းသူများ အထူးစည်ကားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
သတင်းစဉ်၊ ဓာတ်ပုံ - ကနူး