
နေပြည်တော် မေ ၃၁
၂၀၂၄ ခုနှစ် “ကမ္ဘာ့ဆေးလိပ် မသောက်ရေး နေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာနရှိ Meeting Hall ၌ ကျင်းပပြုလုပ် ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ် ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီနှင့် ပြည်သူ့ကျန်းမာ ရေးဖောင်ဒေးရှင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ နှင့် အခြေခံကျန်းမာရေးဝန်ထမ်း များ တက်ရောက်ကြသည်။
နှစ်စဉ်ကျင်းပဆောင်ရွက်
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ဆေးလိပ် ဆေးရွက်ကြီး သောက်သုံးမှု ကျဆင်းရေးကို ရည်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မေ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့အဖြစ် သတ်မှတ် ကာ အထိမ်းအမှတ်အခမ်းအနား များ နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ၂၀၂၄ ခုနှစ် “ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့” အထိမ်းအမှတ် ဆောင်ပုဒ်မှာ “Protecting Chil-dren From Tobacco Industry Interference” ဖြစ်ကြောင်း၊ မြန်မာဘာသာဖြင့် “ဆေးလိပ် ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ်၊ သတိပြုကာကွယ် တို့လူငယ်” ဟု ဘာသာပြန်ဆိုထားကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် အင်တာနက် နှင့် လူမှုကွန်ရက်စာမျက်နှာ သုံးစွဲမှု မြင့်မားလာသည့်အချက်ကို အခွင့်ကောင်းယူ၍ ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ် ရောင်းချသူများသည် ၎င်းတို့၏ ထုတ်ကုန်များကို သုံးစွဲ လာစေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်လာကြကြောင်း။
တားဆီးကာကွယ်
အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ များမှ လူငယ်များကို ဦးတည် ဆွဲဆောင်လာကြကြောင်း၊ အချို့ သော သုတေသနအဖွဲ့အစည်း များကို ငွေကြေးအမြောက်အမြား ပေးပြီး ၎င်းတို့၏ ထုတ်ကုန်များကို သုံးစွဲခြင်းဖြင့် ကျန်းမာရေးထိခိုက် မှုမရှိဟူသော သတင်းအမှားများ ကို လူငယ်များထံသို့ ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေပေးလျက်ရှိသည့် အပြင် E-cigarette၊ Vape ၊ Heated Tobacco Products အစရှိသည့် အီလက်ထရောနစ် အငွေ့ရှူစက်များကို လူငယ်များ သာမက ကလေးငယ်များအကြိုက် ဖြစ်အောင် ပုံစံအမျိုးမျိုး၊ အနံ့အရ သာအမျိုးမျိုးဖြင့် ထုတ်လုပ်ပြီး ထင်ပေါ်ကျော်ကြား လူသိများသူ များဖြင့် လူမှုကွန်ရက်စာမျက်နှာ နှင့် မီဒီယာများမှ အရောင်း မြှင့်တင်နေကြကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီး ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း WHO Framework Convention on Tobacco Con-trol - article 5.3 အရ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ မူဝါဒများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာစေရန် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ် ရောင်းချသူများက နည်းအမျိုးမျိုးဖြင့် ဟန့်တား နှောင့်ယှက်နေသည့်အပေါ် အဖွဲ့ ဝင်နိုင်ငံများအနေဖြင့် တားဆီးကာကွယ်သွားရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီး ထိန်းချုပ်ရေးအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း WHO Framework Convention on Tobacco Con-trol ကို ၂၀၀၃ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ကွန်းဗင်းရှင်း ပါပြဋ္ဌာန်းချက်များကို အခြေခံ၍ ၂၀၀၆ ခုနှစ်တွင် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြောင်း၊ အသက် ၁၈ နှစ်မပြည့်သေးသူကို ဆေးလိပ်ရောင်းချခြင်း မပြုရန်၊ ကျောင်းပုရဝုဏ် အတွင်းနှင့် ကျောင်းပုရဝုဏ်မှ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်း မပြုရန် ဥပဒေအရတားမြစ်ထား ပြီးဖြစ်ကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင် ခြင်းနှင့် အကျိုးပြုလုပ်ငန်းများ တွင် အထောက်အပံ့ပေးခြင်းများ ကို ဥပဒေအရပြစ်မှု၊ ပြစ်ဒဏ်များ ဖြင့် တင်းကျပ်စွာတားမြစ်ထား ကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေနိုင်သည့်အတွက် အီလက် ထရောနစ် အငွေ့ရှူစက်များအပါ အဝင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု အန္တရာယ်နှင့် ပတ်သက်၍ ကျန်းမာရေ အသိပညာ မြှင့်တင် ပေးခြင်း၊ ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင် လုပ်ကိုင်ဆောင် ရွက်နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် လူငယ်များကို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း ထုတ်လုပ်ရောင်းချသူ များ၏ လှည့်ဖြားမှုအန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန်အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောကြား သည်။
ပြခန်းကြည့်ရှု
ထို့နောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယို ပြသပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အထိမ်း အမှတ်အဖြစ် ခင်းကျင်းပြသထား သည့် ပြခန်းငယ်ကို လှည့်လှည် ကြည့်ရှုခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်