၂၀၂၄ ခုနှစ်၊ ဩဂုတ်လ တတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်

 

နေပြည်တော်   ဩဂုတ်   ၂၀
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။   အနောက်တောင်   မုတ်သုံလေသည်   ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်သည်။
မိုးအခြေအနေနှင့် မိုးရွာရက်
မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊    ဧရာဝတီတိုင်းဒေသကြီး၊  ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ရွာသွန်းမြဲခန့်  မိုးထစ်ချုန်း ရွာနိုင်သည်။
နေပြည်တော်၊  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်။
မြစ်ရေအခြေအနေ
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့ တို့တွင် ပေဝက်မှ တစ်ပေခန့်နှင့်  ပခုက္ကူမြို့၊  ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊  ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတ မြို့နှင့် ဇလွန်မြို့တို့တွင် တစ် ပေမှ နှစ်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်း မြို့နှင့်  မြင်းမူမြို့တို့တွင်  တစ်ပေမှ  နှစ်ပေခန့်   လက်ရှိရေမှတ်များ အောက် ကျဆင်းလာနိုင်သည်။
ချင်းတွင်းမြစ်ရေသည်  ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့်  မော်လိုက်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်နှင့်  ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် သုံးပေမှ လေးပေခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်သည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် နှစ်ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေ သည် သီပေါမြို့၊  ရွှေစာရံနှင့်  မြစ်ငယ်မြို့တို့တွင်  ပေဝက်မှ တစ်ပေခွဲ ခန့်၊      စစ်တောင်းမြစ်ရေသည်    တောင်ငူမြို့နှင့်     မဒေါက်မြို့တွင် ပေဝက်ခန့်စီ၊    ပဲခူးမြစ်ရေသည်  ဇောင်းတူမြို့နှင့်  ပဲခူးမြို့တို့တွင် တစ်ပေမှ   တစ်ပေခွဲခန့်၊  သောင်ရင်းမြစ်ရေသည်  မြဝတီမြို့တွင်   နှစ်ပေခန့်၊   တိုးမြစ်ရေသည်   မအူပင်မြို့တွင်  တစ်ပေခွဲခန့်  လက်ရှိ ရေမှတ်များအထက်    မြင့်တက်လာနိုင်ပြီး      ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊   သံလွင်မြစ်ရေသည်  ဘားအံမြို့တွင်     ပေဝက်ခန့်၊ ငဝန်မြစ်ရေသည်  ငါးသိုင်းချောင်းမြို့၊  သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ပေမှ   နှစ်ပေခန့်နှင့်   ဘီးလင်းမြစ်ရေသည်    ဘီးလင်းမြို့တွင် တစ်ပေခွဲခန့်  လက်ရှိရေမှတ်များအောက်  ကျဆင်း လာနိုင်ပါသည်။
မိုး/ဇလ