၂၀၂၄ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဇွန်   ၁၂
၂၀၂၄ ခုနှစ်    ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့ပတ်လမ်းဘေးရှိ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းမြေနေရာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်၊ ပြည်ထဲရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ  တပ်ဖွဲ့ နှင့် ဦးစီးဌာနများမှ  အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့်  ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က သစ်တော များနှင့် သစ်ပင်များကို    အမြတ်တနိုး တန်ဖိုးထားပြီး  ထိန်းသိမ်းစောင့်ရှောက် ခြင်းနှင့်   ထပ်မံစိုက်ပျိုးခြင်းများသည် တိုင်းပြည်တစ်ပြည်အတွက် ကောင်းကျိုး များစွာကို    ဖန်တီးပေးခြင်းဖြစ်သည့် အတွက် မိုးရာသီသစ်ပင်စိုက်ပွဲတော်များကို နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆောင်ပုဒ်မှာ “ သဲကန္တာရတိုက်ဖျက် ရေးနှင့်   မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဟူ၍ ဖြစ်ပါ ကြောင်း၊ ကမ္ဘာကြီး စိမ်းလန်းစိုပြည်စေ ရန်   လူသားအားလုံး    ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  သစ်ပင်များ စိုက်ပျိုးရာတွင် အချိန်၊‌ ငွေ၊ လုပ်အား၊  အရင်းအနှီးများစွာ စိုက်ထုတ်ဆောင်ရွက် ရသည့်အတွက်  တစ်ပင်စိုက်   တစ်ပင်ရှင်၊ စိုက်သမျှအပင်    ရှင်သန်စေရန်အတွက် စတင်စိုက်ပျိုးသည်မှစ၍ စဉ်ဆက်မပြတ် ပြုစုထိန်းသိမ်းသွားရန်      လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က    ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အထိမ်း အမှတ်သစ်ပင်များကို ဦးဆောင်စိုက်ပျိုး ပေးကြပြီး  ဒုတိယဝန်ကြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့    ရဲချုပ်   ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၏ဇနီး၊   ဒုတိယဝန်ကြီး ဗိုလ်ချုပ်   တိုးရီနှင့်ဇနီး၊    အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများနှင့် ဇနီး များ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများက သတ်မှတ် နေရာများ၌ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှု ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ စိန်ပန်း၊ ငု၊ သပြေ  စသည့်သစ်ပင်စုစုပေါင်း ပျိုးပင် ၁၀၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများ ၏ ရုံးချုပ်များနှင့်တိုင်းဒေသကြီး၊ ပြည်နယ် များရှိ  ရုံး၊ ဌာနများတွင်လည်း   မိုးရာသီ သစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်း ဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင် စားပင်များကို   စုပေါင်းစိုက်ပျိုးလျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုလုံး အနေဖြင့် ယနေ့တွင် သစ်ပင် ၃၂၆၃၉ ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်