
နေပြည်တော် ဩဂုတ် ၁၀
၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်စေလွှတ်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက MAI လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ရာ သုဝဏ္ဏဘူမိလေဆိပ်၌ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် ထူးချွန်ကျောင်းသား ကျောင်းသူများ သည် မြဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး မွန်းလွဲ ၁ နာရီတွင် ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံး သို့ ရောက်ရှိရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးချစ်ဆွေက အုပ်ချုပ်သူများနှင့် ကျောင်းသား ကျောင်းသူများကို ကြိုဆိုနှုတ်ဆက်ပြီး ထူးချွန် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုစကား ပြောကြား၍ ထူးချွန်ကျောင်းသားတစ်ဦးက ကျေးဇူး တင်စကားပြောကြားကာ မြန်မာသံရုံးတွင် မြန်မာ သံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာ ကို သုံးဆောင်ကြသည်။
ယင်းနောက် ထူးချွန်ကျောင်းသားကျောင်းသူများ သည် ဘန်ကောက်မြို့ရှိ Siam Ocean World နှင့် Madame Tussauds Museum သို့ သွားရောက် လေ့လာကြသည်။ ညနေပိုင်းတွင် ကျောင်းသား ကျောင်းသူများသည် Asiatique The Riverfront သို့ ဆက်လက်ထွက်ခွာပြီး Chao Phraya River Cruise ဖြင့် လိုက်ပါစီးနင်းကာ ကျောက်ဖရားမြစ် တစ်လျှောက် ဘန်ကောက်မြို့၏ ညဘက်ရှုခင်းများကို ကြည့်ရှုခံစား၍ ညစာသုံးဆောင်ကြသည်။
ယနေ့ နံနက် ၈နာရီတွင် တည်းခိုရာ Holiday Inn မှ ဘန်ကောက်မြို့ Assumption University သို့ ထွက်ခွာရာ Assumption University မှ တာဝန်ရှိ သူများက ကြိုဆိုပြီး true lab ခန်းမ၌ နှုတ်ခွန်း ဆက်စကားပြောကြားကာ တက္ကသိုလ်နှင့် ပတ်သက် သည့် အချက်အလက်များနှင့် ပို့ချလျက်ရှိသည့် သင်တန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ပရဝဏ်အတွင်း trams ရထားဖြင့် လိုက်လံ ရှင်းလင်းပြသသည်။
ယင်းနောက် ထူးချွန်ကျောင်းသား ကျောင်းသူ များသည် Assumption University မှ ဆက်လက် ထွက်ခွာကြရာ Nongnooch Tropical Garden သို့ ရောက်ရှိကာ ပန်းခြံအတွင်းရှိ ပြကွက်များ ၊ Museum များကို လှည့်လည်ကြည့်ရှုကာ အမှတ်တရဓာတ်ပုံ များ ရိုက်ကြသည်။
မွန်းလွဲပိုင်းတွင် ပတ္တရားကမ်းခြေရှိ Seafood Pattaya တွင် နေ့လယ်စာစားသုံးကြပြီး Najomtien Beach နှင့် ပတ္တရားကမ်းခြေတစ်လျှောက် ကမ်းခြေ အလှကို ကြည့်ရှုခံစားရင်း Pattaya Viewpointတွင် အမှတ်တရဓာတ်ပုံများရိုက်ကာ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာကြသည်။ ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဘန်ကောက်မြို့ tower တွင် ဘန်ကောက်မြို့ ညရှုခင်းအလှကို ခံစားရင်းညစာ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်