၂၀၂၄ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် ဂျပန်နိုင်ငံမှ ပြည်ပဘွဲ့ခံဆရာတော်ကြီးနှစ်ပါးအား မြန်မာသံရုံးက  ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်   မေ   ၂၈


၂၀၂၄ ခုနှစ်အတွက် သာသနာတော် ဆိုင်ရာ     ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် ဂျပန်နိုင်ငံမှ ပြည်ပဘွဲ့ခံဆရာတော် ကြီး  နှစ်ပါးအား  ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက    ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား     ကျင်းပခဲ့ကြောင်း အဆိုပါ သံရုံးမှ အသိပေးထုတ်ပြန် ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက    ၂၀၂၄   ခုနှစ် အတွက်   သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ    ဆက်ကပ် ချီးမြှင့်အပ်နှင်းခဲ့သည့်   ဂျပန်နိုင်ငံ ဟော်ဂိုပြည်နယ်     ကာတိုမြို့ရှိ Nenbutsushu       Sampozan Muryojuji   Temple  ၏   Chief High Priest   နှင့်  President  of  Buddhist  Summit ၏  ဆရာတော်  Most Ven. Dr. Shinkai   KORI  နှင့်  ဂျပန်နိုင်ငံ   ခိတကျူးရှူးမြို့ မိုဂျီ    ကမ္ဘာအေးစေတီကျောင်း၊ မြန်မာ   ဘုန်းတော်ကြီးကျောင်း တိုက်မှ ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ တို့အား    ဘွဲ့တံဆိပ်တော်များ   ဆက်ကပ် ပူဇော်ခြင်းအခမ်းအနား ကို    မေ ၂၅ ရက်တွင်  မြန်မာသံရုံး တိုကျိုမြို့၌    ကျင်းပခဲ့ခြင်းဖြစ် သည်။
အခမ်းအနားသို့ သံအမတ်ကြီး ဦးစိုးဟန်နှင့်  ဇနီး၊    စစ်သံမှူး (ကြည်း၊ ရေ၊ လေ)  ဗိုလ်မှူးချုပ် ကျော်ထွန်း၊     မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊  မိသားစု ဝင်များ၊ မြန်မာဧည့်ပရိသတ်များ၊ ဂျပန်နိုင်ငံမှ ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်  ဒါယကာ၊  ဒါယိကာမများ၊ World   Buddhist    Supreme Conference ,     Nenbutsushu Sampozan Muryojuji Temple နှင့်    ဂျော့ရှင်းအန်း   ဝိပဿနာ တရားရိပ်သာမှ   ထေရဝါဒ   ဗုဒ္ဓ ဘာသာဝင်  ဧည့်ပရိသတ်များနှင့် ဂျပန်နိုင်ငံတွင်   ပညာသင်ကြား နေကြသည့်        မြန်မာအစိုးရ ပညာတော်သင်များ      ပါဝင် တက်ရောက်ခဲ့ကြကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင်ပါရှိသည်။
အခမ်းအနားသို့ တက်ရောက် လာကြသူများက     နမောတဿ သုံးကြိမ်ရွတ်ဖတ်ခြင်းနှင့်  ဂျပန် ဆရာတော်များက       ဘုရား ဂုဏ်တော်များ ရွတ်ဖတ်၍ အခမ်း အနားကို        ဖွင့်လှစ်ခဲ့ကြပြီး ဆက်လက်၍ ဂျပန်နိုင်ငံ၊ အိအိဂျီမ ရပ်ကွက်  ဟိုခိုတမြို့  ထေရဝါဒ ဓမ္မစာရီ      မြန်မာကျောင်းတိုက်၊ ဂျော့ရှင်းအန်း  ဝိပဿနာ  တရား ရိပ်သာမှ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ဉာဏုတ္တရ ထံမှ   သီလခံယူဆောက်တည်ခဲ့ ကြသည်။ ထို့နောက် သံအမတ်ကြီး ဦးစိုးဟန်က     ၂၀၂၄    ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ       ဆက်ကပ်ချီးမြှင့် အပ်နှင်းခံရသည့်     ဂျပန်နိုင်ငံမှ ပြည်ပဘွဲ့ခံဆရာတော်ကြီး နှစ်ပါး အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပရခြင်း   ရည်ရွယ်ချက်နှင့် ဝမ်းမြောက်ဂုဏ်ပြု လျှောက်ထား ပြီး  ၂၀၂၄ ခုနှစ်၊ သာသနာတော် ဆိုင်ရာ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ   ဘွဲ့တံဆိပ်တော် ဆက်ကပ်  ချီးမြှင့်အပ်နှင်းခံရသည့်  ဆရာတော် Most Ven. Dr. Shinkai   KORI    နှင့်    အဘိဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်      ချီးမြှင့်အပ်နှင်းခံရ သည့်  ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ တို့အား   သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့်    အဆောင် အယောင်များ   ဆက်ကပ်ပူဇော်ခဲ့ သည်။
ဆက်လက်၍    ဂျပန်နိုင်ငံမှ Nenbutsushu     Sampozan Muryojuji  Temple   ၏    Chief High Priest   နှင့်  President  of  Buddhist  Summit ၏  ဆရာတော်  Most  Ven. Dr. Shinkai   KORI  နှင့်   ဂျပန်နိုင်ငံ၊  ခိတကျူးရှူးမြို့ မိုဂျီ     ကမ္ဘာအေးစေတီကျောင်း၊ မြန်မာဘုန်းတော်ကြီး    ကျောင်း တိုက်မှ ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ တို့က ဘွဲ့တံဆိပ်တော်များ ချီးမြှင့် ခံရခြင်းအတွက် ဝမ်းမြောက်စကား မိန့်ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာ ကြသည့်    ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ  စိရံတိဋ္ဌတု  သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်းနှင့်    သံအမတ်ကြီးနှင့် ဇနီး၊     သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊    ဧည့်ပရိသတ် များက  ဂုဏ်ပြုခံဆရာတော်ကြီး နှင့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်  နှစ်ပါးတို့အား  နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး   လှူဖွယ်ဝတ္ထုပစ္စည်း များ     ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။ 


MT - ASH