
ရန်ကုန် ဩဂုတ် ၁
၂၀၂၄ ခုနှစ် ဇူလိုင်လ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးလျှောက်ထားသူများအတွက် မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ထုတ်ပေးခွင့် ကျသည့်စာရင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
သံရုံး၏ထုတ်ပြန်ထားသည့် စာရင်းများအရ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ထုတ်ပေးခွင့် ကျသည့် လူဦးရေမှာ ၆၃ ဦးဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်က အသိပေးကြေညာထားချက်အရ သိရသည်။
နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသူများသည် နိုင်ငံရေးစိစစ်ရေးကတ်ပြား(မိတ္တူ)၊ နိုင်ငံကူးလက်မှတ် ပထမစာမျက်နှာ(မိတ္တူ)၊ ပျောက်ဆုံးကြောင်းသံရုံးမှထောက်ခံထားသည့် စာမျက်နှာ(မိတ္တူ)၊ ဘတ် ၄၉၀၀/- ဘဏ်သွင်းထားသည့် ချလန်နှင့်အတူ လူကိုယ်တိုင်လာရောက်၍ ထုတ်ယူရမည်ဖြစ် ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် မေလအတွင်းကလည်း မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးလျှောက်ထားသူများအတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ထုတ်ပေးခွင့်ကျသည့် လူဦးရေ ၁၀ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ဖေဖော်ဝါရီလ အတွင်းက မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံး လျှောက်ထားသူများအတွက် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ထုတ်ပေးခွင့်ကျ သည့် လူဦးရေ ၁၃ ဦး၏ စာရင်းကို လည်းကောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးကြေညာ ခဲ့သည်။
MT