၂၀၂၅ အာရှဖလား ယူ - ၁၇ ခြေစစ်ပွဲ မြန်မာအသင်း အုပ်စုကျပ်အတွင်း ကျရောက်

ရန်ကုန်    ဇွန်    ၁၄
၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇွန် ၁၃ ရက်က မလေးရှားနိုင်ငံ   ကွာလာလမ်ပူမြို့၌   ပြုလုပ်ခဲ့ရာ မြန်မာအသင်းသည် ယီမင်၊ ဗီယက်နမ်၊ ကာဂျစ္စတန်အသင်း တို့နှင့်  အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သည်။
ခြေစစ်ပွဲ အုပ်စုမဲခွဲမှုအရ  အုပ်စု (A) တွင် အီရန်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယား၊အုပ်စု(B)တွင်
အာဖဂန်နစ္စတန်၊   ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မကာအို၊  အုပ်စု (C) တွင် တောင်ကိုရီးယား၊ တရုတ်၊ ဘာရိန်း၊  ဘူတန်၊  မော်လ်ဒိုက်၊ အုပ်စု (D) တွင် ထိုင်း၊ အိန္ဒိယ၊ ဘရူနိုင်း၊ တာ့ခ်မင်နစ္စတန်၊ အုပ်စု (E) တွင် ဥဇဘက်ကစ္စတန်၊ အီရတ်၊ တရုတ်(တိုင်ပေ)၊ ပါလက်စတိုင်း၊ အုပ်စု (F) တွင်   ဂျပန်၊   ကာတာ၊ မွန်ဂိုလီးယား၊ နီပေါ၊ အုပ်စု (G) တွင်  သြစတြေးလျ၊ အင်ဒိုနီးရှား၊ ကူဝိတ်၊ မြောက်မာရီယာနာကျွန်းစု၊ အုပ်စု (H)   တွင်   မလေးရှား၊  လာအို၊  ယူအေအီး၊ လက်ဘနွန်၊  အုပ်စု (I) တွင်  ယီမင်၊   ဗီယက်နမ်၊ ကာဂျစ္စတန်၊ မြန်မာ၊ အုပ်စု (J) တွင် တာဂျစ်ကစ္စတန်၊ အိုမန်၊ စင်ကာပူနှင့်  ဂူအမ်အသင်းတို့ ပါဝင်သည်။ ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ငါးသင်း သုံးအုပ်စု၊ လေးသင်း  ခုနစ်အုပ်စု စုစုပေါင်း  အုပ်စု  ၁၀ ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့် ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၀ သင်းနှင့် ဒုတိယ နေရာရအသင်းများအနက် အကောင်းဆုံး ငါးသင်း၊  စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဆော်ဒီအာရေဗျနိုင်ငံနှင့်အတူ ယှဉ်ပြိုင် ခွင့်ရမည်ဖြစ်သည်။ ခြေစစ်ပွဲ အုပ်စု ၁၀ ခုကို အိမ်ရှင် နိုင်ငံများအဖြစ် အုပ်စု (A) ကို ဂျော်ဒန်နိုင်ငံ၊  အုပ်စု (B) ကို ကမ္ဘောဒီးယားနိုင်ငံ၊  အုပ်စု (C) ကို  တရုတ် နိုင်ငံ၊ အုပ်စု (D) ကို ထိုင်းနိုင်ငံ၊ အုပ်စု (E) ကို တရုတ် (တိုင်ပေ)၊ အုပ်စု (F) ကို ကာတာနိုင်ငံ၊  အုပ်စု (G) ကို ကူဝိတ်နိုင်ငံ၊ အုပ်စု (H) ကို လာအိုနိုင်ငံ၊ အုပ်စု(I) ကို ဗီယက်နမ်နိုင်ငံနှင့် အုပ်စု (J) ကို စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
ယင်းခြေစစ်ပွဲယှဉ်ပြိုင်မည့်    မြန်မာ  ယူ-၁၆ အသင်းကို ဂျပန်နိုင်ငံသား နည်းပြ မီတမီချီတာယုက ကိုင်တွယ်နေပြီး ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့်  အာဆီယံ  ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။   
ရဲရင့်လွင်