(၂၁) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

 

ပဲခူး   ဩဂုတ်   ၂၂


ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်    အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့       အထွေထွေရောဂါကု ဆေးရုံကြီးသို့       သွားရောက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၁)ကြိမ် မြောက်   လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ   ကျန်းမာရေး  စောင့် ရှောက်မှုဆောင်ရွက်ပေးခြင်းအား  တိုင်းဒေသကြီး ဝန်ကြီးချုပ်  သွား ရောက်ကြည့်ရှု အားပေးသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်  (၅၀၀)  ဆံ့   အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကျန်းမာ ရေးစောင့်ရှောက်မှု     လာရောက် ခံယူကြသည့်      အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား   ကျန်းမာရေး ဝန်ထမ်းများက စမ်းသပ်စစ်ဆေး ကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်း များက       ပူးပေါင်းပါဝင်ကူညီ  ဆောင်ရွက်       ပေးနေမှုများကို     လိုက်လံကြည့်ရှုပြီး   ကျန်းမာရေး စောင့်ရှောက်မှုခံယူသည့်  အငြိမ်း စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားပြီး လစဉ်အငြိမ်း စားနိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက် မပြတ် ကျန်းမာ ရေးစောင့်ရှောက် မှုပေးနိုင်ရေးနှင့်  ဆေးဝါးလိုအပ် ချက်မရှိစေရေး         ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအငြိမ်းစား နိုင်ငံဝန်ထမ်း ၉၃၀၀၀ ကျော်ရှိပြီး ပဲခူးမြို့နယ် အတွင်း၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၂၀၀၀    ကျော်   နေထိုင်လျက်ရှိ ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)