
နေပြည်တော် ဩဂုတ် ၂
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်း အမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေး လုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဆပ်ကော်မတီများမှ အတွင်း ရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံက မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပခဲ့သည့် ကာလသည် ငွေရတု ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်သည့် အတွက် ငွေရတုအထိမ်းအမှတ် အစဉ်အလာအတိုင်း ထိုက်သင့် သည့်အလျောက် ခမ်းခမ်းနားနား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီအလိုက် တင်ပြ ထားသည့် သုံးစွဲငွေများထဲမှ ချိန်ဆ၍ အခမ်းနားဆုံး ကျင်းပ သည့်ပွဲနှင့်အညီ လိုက်လျော ညီထွေရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး ဘတ်ဂျက်အနေဖြင့်လည်း အတတ်နိုင်ဆုံး စိစစ်ချွေတာ၍ သုံးစွဲရမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာသူများက ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ တွဲဖက် အတွင်းရေးမှူး၊ အနုပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဆပ်ကော်မတီများ မှတင်ပြလာသော အသုံးစရိတ်နှင့် စက်သုံးဆီ လျာထားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေး သို့ တက်ရောက်လာကြသော ဆပ်ကော်မတီများဖြစ်သည့် လုံခြုံ ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပ ရေး၊ အခမ်းအနား ပြင်ဆင်ရေးနှင့် အကဲဖြတ်အမှတ်ပေး ကြီးကြပ် ရေး ဆပ်ကော်မတီ၊ ပြိုင်ပွဲစိစစ် ရေး ဆပ်ကော်မတီ၊ ဖိတ်ကြား ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေး ရေး၊ ကြိုဆိုရေးနှင့်ဂုဏ်ပြုညစာ စားပွဲကျင်းပရေး ဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး၊ ဆုချီးမြှင့်ရေး နှင့် အခမ်းအနားများကျင်းပရေး ဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့်လှုံ့ဆော် ရေးဆပ်ကော်မတီ၊ တည်းခိုမည့် နေရာအုပ်ချုပ်ရေးဆပ်ကော်မတီ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် MICC(II)တို့မှ တာဝန် ရှိသူများက ၎င်းတို့တင်ပြထား သည့် အသုံးစရိတ်နှင့် စက်သုံးဆီ လျာထားချက်များနှင့် ပတ်သက်၍ စိစစ်သုံးစွဲနိုင်ရေး ဆွေးနွေးတင်ပြ ကြရာ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးက ဆွေးနွေးတင်ပြချက် များအပေါ် ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်