
နေပြည်တော် ဩဂုတ် ၁၉
(၂၈) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး များ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ (MICC-I)၌ ကျင်းပသည်။
အစည်းအဝေးသို့ အစိုးရအစု အဖွဲ့မှ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦးနှင့် ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစု အဖွဲ့မှ စဝ်စိုင်းငင်း(RCSS)၊ ပဒိုစောတာ ဒိုမူး(KNU)၊ ဦးမျိုးဝင်း (ABSDF)၊ စောမြရာဇာလင်း (ALP)၊ ခွန်မြင့်ထွန်း (PNLO)နှင့် နိုင်အောင်မငေး(NMSP)၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးနိုင်ငံလင်း(NLD)၊ ဦးမြင့်စိုး(USDP)၊ စိုင်းကျော်ညွန့် (SNLD)၊ တာလှဖေ (တအာင်း (ပလောင်))၊ ဦးသိန်းထွန်း (NUP) နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း (၃) ကိစ္စ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့် လိုက်လုပ်ငန်းစဉ်များ နှင့် အဆင့်လိုက် အကောင်အထည်ဖော် မှုများ (ဇယား-၁)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘော တူညီချက်၊ ညီလာခံဆိုင်ရာ ကိစ္စရပ် များဖြစ်သည့် ညီလာခံ တတိယနေ့ အစီအစဉ်၊ ညီလာခံတွင် လုပ်ငန်း တာဝန်ခွဲဝေမှုနှင့် သဘောတူစာချုပ် တွင် လက်မှတ်ရေးထိုးသူများ၊ အသိ သက်သေများ၊ အကြိမ် (၂၀)မြောက် UPDJC အစည်းအဝေး အစီအစဉ်နှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
သတင်းစဉ်