၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ထွက်ရှိ

 

နေပြည်တော်   ဩဂုတ်    ၂၂
၁၉၇၃ ခုနှစ် ဇူလိုင်လမှ  စတင်ထုတ်ဝေခဲ့ပြီး  နှစ်ပေါင်း  ၅၀  ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်   ဒီဇင်ဘာလမှစ၍   သုတပဒေသာနှင့်   လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊  အကြောင်းအရာ နှင့်    စာအုပ်အပြင်အဆင်တို့    အပြောင်းအလဲများ    ပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို    ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။  နိုင်ငံတကာထုတ် စာအုပ်စာစောင် များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့်  ယခုလအတွက် ဖော်ပြသည့် “စာကြည့်တိုက်များ  ရေရှည်တည်တံ့ရေး  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး”  မျက်နှာဖုံးဆောင်းပါးကြီးများပါဝင်သော   သုတ ပဒေသာနှင့်  လူငယ်ရေးရာစာစောင် (ဩဂုတ်လ)  ကို  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။


၂ဝ၂၄ ခုနှစ်  ဩဂုတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်တွင်     ဒေါက်တာခင်မောင်ညို၊    K.M.A ၊  မောင်ခင်ညို (မန်းတက္ကသိုလ်)တို့၏  “စာကြည့်တိုက်များ  ရေရှည်တည်တံ့ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး” မျက်နှာဖုံးဆောင်းပါးများ၊ ကောင်းသန့်၊ မောင်ဒီပ(ပညာရေး)၊  ညီညီဖေ၊  ညီမော်သိမ်း၊  မြသိန်း၊  နေသူရိန်၊ ကိုကိုအောင်(အလုပ်သမား)၊  စန်းနီလာဝင်း၊  ဇလွန်ကျော်ဦးတို့၏ လူငယ်ရေးရာဆောင်းပါးများ၊  အေးထွန်းမင်း၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါး၊ ထက်ဝေအောင် (စစ်ကိုင်း)၏  သိပ္ပံနှင့် နည်းပညာ ဆိုင်ရာဆောင်းပါး၊ လဲ့လဲ့ဝင်း(သတ္တဗေဒ)၊ အန်ကယ်စိုးတို့၏ သဘာဝ ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာဆောင်းပါးများ၊  ဒေါက်တာ ကောင်းစံ ၏ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်းပါး၊  ကိုဇော်ဌေး (ယဉ်ကျေးမှု) ၏   မူးယစ်ဆေးဝါးဆိုင်ရာဆောင်းပါး၊   မောင်မောင် မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ စောနိုင် (အသုံးချဘောဂဗေဒ) တို့၏ စီးပွားရေးဆိုင်ရာ  ဆောင်းပါးများ၊ ဒေါက်တာမြင့်သန်း၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၊ ဒေါက်တာလွင်သန့်၊ ကြည်လွင် ဦး(ရေနံ)တို့၏   ကျန်းမာရေးဆိုင်ရာဆောင်းပါးများ၊  ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိုးစိုး(ပန်းတောင်း)၊  စိန်ဝင်းနွယ်၊ ဆောင်းဝင်းလတ်၊ နွေကံ့ကော်(မြို့လှ)၊  ဒေါက်တာစန်းဦး၊  မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်၊  ဝတ္ထုတိုနှင့်  အထွေထွေကဏ္ဍများကို  ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။


သုတပဒေသာနှင့်    လူငယ်ရေးရာစာစောင်ကို    တစ်အုပ်လျှင် ငွေကျပ် ၂၅၀ဝ  နှုန်းဖြင့်  စာပေဗိမာန်စာအုပ်အရောင်းဆိုင်   အမှတ် (တ-၅၅)  သပြေကုန်းဈေး  နေပြည်တော်စာအုပ်ဆိုင်  ဖုန်း ၀၉- ၄၄၉၅၄၀၆၆၇၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်း ဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်   ၈၆  လမ်း၊  ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း  ၀၂-၄၀၃ဝ၁၈၆၊   ရန်ကုန်မြို့ရှိ    စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး   လက်ကားမှာယူလိုပါက  စာပေဗိမာန်စာအုပ် အရောင်းဆိုင်အမှတ်   (၅၂၉-၅၃၁)၊   ကုန်သည်လမ်း    ရန်ကုန်မြို့  ဖုန်း ၀၁-၈၂၄၉၀၃၁၊   ၀၁- ၈၃၈၁၄၄၈   သို့   ဆက်သွယ်မှာယူနိုင် ကြောင်း သိရသည်။                                            

သတင်းစဉ်