
ဗီယက်နမ် မေ ၁၄
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ တွင် ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂေါက်သီး၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ စစ်တုရင်၊ Rowing ၊ ဝူရှူးနှင့် ဖူဆယ်ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ ပြိုင်ပွဲများအနက်မှ Cau Giay Gymnasium ၌ ကျင်းပ လျက်ရှိသော ကာယဗလ ကာယ အလှအားကစားပြိုင်ပွဲ (+70) kg တွင် မောင်ရဲထွန်းနောင်က ပထမ ဆု ရွှေတံဆိပ်ကို ထိုက်ထိုက် တန်တန်ဖြင့် ဆွတ်ခူးရရှိခဲ့ပြီး (+80) kg တွင် မောင်မင်းဇော်ဦး နှင့် (+85) kg တွင် မောင်ခင်မောင် ကျော်တို့က ဒုတိယဆု ငွေတံဆိပ် တစ်ခုစီကိုလည်းကာင်း၊ Trinh Hoai Duc Gymnasium ၌ ကျင်းပ လျက်ရှိသော ဝူရှူး(ထောက်လု) အားကစားနည်းမှ အမျိုးသမီး တစ်ဦးချင်း (ချန်းစု) ပြိုင်ပွဲတွင် မစန္ဒီဦးက ဒုတိယဆု ငွေတံဆိပ်ကို လည်းကောင်း၊ Hai Phong ၌ ကျင်းပလျက်ရှိသော အနောက် တိုင်း လှေလှော်ပြိုင်ပွဲ အမျိုးသမီး နှစ်တက်လှော်ပြိုင်ပွဲတွင် နီလာ ဝင်းနှင့် ရွှေစင်လတ်၊ အမျိုးသမီး လေးတက်လှော်ပြိုင်ပွဲတွင် မအိဖြူ၊ မစန္ဒာရွှေ၊ မချစ်ဖူးငုံနှင့် မဝင်း သူဇာသိန်းတို့က တတိယဆု ကြေးတံဆိပ်တစ်ခုစီကို လည်း ကောင်း ဆုများအသီးသီးရရှိကြသည်။
အဆိုပါပြိုင်ပွဲများသို့ မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/ နည်းပြများ၊ မြန်မာ အားကစားအဖွဲ့များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
(၃၁) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် လေးခုနှင့် ကြေးတံဆိပ် ခုနစ်ခုတို့ကို ဆွတ်ခူး ရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် ၁၄ ခုဖြင့် နိုင်ငံအလိုက်အဆင့် ရပ်တည်မှု အဆင့် (၇) တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်