(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး  ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားသမားအဖွဲ့ ပထမအသုတ်အား ကြိုဆို

 

 

ရန်ကုန်    မေ    ၁၆
ဗီယက်နမ်နိုင်ငံ     ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် မေ  ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပ ပြုလုပ်နေသည့် (၃၁) ကြိမ်မြောက်  အရှေ့တောင်အာရှ   အားကစား ပြိုင်ပွဲတွင်    ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော မြန်မာအားကစားသမား အဖွဲ့  ပထမအသုတ်သည်  ယနေ့ ညနေ   ၅  နာရီတွင်    ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ်သို့  မြန်မာ့လေကြောင်း   စင်းလုံးငှား လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိ လာရာ ရန်ကုန်မြို့တော်စည်ပင်  သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာ          ဝန်ကြီး    ဦးဇော်ဝင်း၊   ဒုတိယ မြို့တော်ဝန်၊  မြန်မာနိုင်ငံကာယဗလနှင့်  ကာယ အလှ   အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ   ဦးညီညီ၊ အားကစားနှင့်    လူငယ် ရေးရာဝန်ကြီးဌာန အားကစားနှင့်    ကာယပညာဦးစီးဌာနမှ  တာဝန် ရှိပုဂ္ဂိုလ်များနှင့်     မိဘပြည်သူ များက ပန်းစည်းများဖြင့် ဝမ်းပန်း တသာ ဂုဏ်ပြုကြိုဆိုကြသည်။
အဆိုပါ   ပြန်လည်ရောက်ရှိ လာသည့် မြန်မာအားကစားအဖွဲ့ တွင် ပြိုင်ပွဲအသီးသီး၌ ငွေတံဆိပ် ဆုရရှိခဲ့ကြသည့်            Kurash အားကစားနည်း(73 Kg) ပြိုင်ပွဲဝင် ဖြိုးဆွေဇင်ကျော်၊ ဝူရှူးအားကစား နည်းမှ   အမျိုးသမီး   တစ်ဦးချင်း ချန်းဆုပြိုင်ပွဲဝင် စန္ဒီဦး၊ ဆန်းဆို (60Kg)    ပြိုင်ပွဲဝင်   စုလှိုင်ဝင်း၊  ကာယဗလနှင့်     ကာယကြံ့ခိုင်မှု အားကစားနည်းမှ    (+80Kg) ပြိုင်ပွဲဝင်   မင်းဇော်ဦး၊   (+85Kg) ပြိုင်ပွဲဝင် ခင်မောင်ကျော်နှင့် ကြေး တံဆိပ်ဆု  ရရှိခဲ့ကြသည့် Kurash        အားကစားနည်းမှ       (48 Kg) ပြိုင်ပွဲဝင် ခင်ခင်စု ၊ (70 Kg) ပြိုင်ပွဲ ဝင် စိုးမြင့်ထွန်း ၊ ပီတန်းအားကစား နည်းမှ Men Shooting ပြိုင်ပွဲဝင် ဝင်းသူရိန်ထွန်း၊        လှေလှော် အားကစားနည်းမှ အနောက်တိုင်း လှေလှော်အမျိုးသမီး နှစ်ယောက် တွဲပြိုင်ပွဲဝင် ရွှေစင်လတ် + နီလာ ဝင်း ၊ (အရန်) စန္ဒာရွှေ၊  အနောက် တိုင်း         လှေလှော်အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲဝင်     ရွှေစင် လတ် + နီလာဝင်း ၊ (အရံ) အိဖြူ၊ အမျိုးသမီး လေးတက်လှော် ပြိုင်ပွဲ ဝင် အိဖြူ + စန္ဒာရွှေ + ချစ်ဖူးငုံ + ဝင်းသူဇာသိန်း၊    ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားနည်းမှ (55Kg) ပြိုင်ပွဲဝင် ကျော်မင်းသန်း၊ ဝူရှူး အားကစားနည်းမှ ဆန်းဆို (55Kg) ပြိုင်ပွဲဝင် ချယ်ရီသန်း၊ ဆန်းဆို (70Kg) ပြိုင်ပွဲဝင် မျိုးမင်း ထက်တို့နှင့်အတူ     E-Sports၊ ပြေးခုန်ပစ်၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများ၊ အပြည် ပြည်ဆိုင်ရာ     ဒိုင်လူကြီးများ ပြန်လည်    လိုက်ပါလာကြောင်း သိရသည်။
နိုင်ငံတော်မှ  ပြိုင်ပွဲတွင်  နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရေး        အတွက် အစွမ်းကုန် ကြိုးစားနေကြသော ပြိုင်ပွဲဝင်   အားကစားသမားများ အား       ဆုတံဆိပ်ရရှိသည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲကွင်းအတွင်း မှာပင်   တစ်ဦးချင်းပြိုင်ပွဲ     ရွှေ တံဆိပ်တစ်ဆုလျှင်    အမေရိကန် ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ်တစ်ဆု လျှင် အမေရိကန်ဒေါ်လာ ၂၀၀၀၊ ကြေးတံဆိပ်တစ်ဆုလျှင်   အမေ ရိကန်ဒေါ်လာ  ၁၀၀၀   နှုန်းဖြင့် လည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲ များတွင်  ရွှေတံဆိပ်ဆုရရှိပါက  တစ်ဦးချင်းစီ အမေရိကန် ဒေါ်လာ ၁၀၀၀၊      ငွေတံဆိပ်ဆုရရှိပါက တစ်ဦးချင်းစီ အမေရိကန်ဒေါ်လာ ၇၅၀၊   ကြေးတံဆိပ်ဆုရရှိပါက တစ်ဦးချင်းစီ အမေရိကန်ဒေါ်လာ ၅၀၀ နှုန်းဖြင့် ထပ်ဆောင်း ချီးမြှင့် ပေးကြောင်းသိရသည်။ 
အာကာစိုး