
ရန်ကုန် မေ ၁၃
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်မည့် (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင် ရန်အတွက် မြန်မာအားကစား အဖွဲ့ စတုတ္ထအသုတ်သည် ယနေ့နံနက် ၇ နာရီတွင် ဗီယက် နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ့လေကြောင်း စင်းလုံးငှား လေယာဉ် ဖြင့် ထွက်ခွာသွားသည်။
(၃၁) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ စတုတ္ထ အသုတ်တွင် လက်ဝှေ့အားကစား နည်းမှ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး၊ သေနတ်ပစ် အားကစားနည်းမှ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ငါးဦး၊ တိုက်ကွမ်ဒို အားကစားနည်းမှ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ခြောက်ဦး၊ ကနူး/ကယက်လှေ လှော် အားကစားနည်းမှ အမျိုး သား ၁၄ ဦး၊ အမျိုးသမီး ငါးဦးနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ အဖွဲ့တို့ လိုက်ပါသွားသည်။
အဆိုပါ အားကစားအဖွဲ့များ ကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူ များ၊ အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများက ပို့ဆောင်နှုတ်ဆက်ကြသည်။
“ကျွန်မတို့ ၁၆ ရက်နေ့မှာ ကကွက်ပြိုင်ပွဲအကုန်လုံး ဖိုင်နယ် အထိ ပြိုင်မယ်။ တစ်ခါတည်း အဖြေထွက်မယ်ပေါ့။ အတိုက် ပြိုင်ပွဲကတော့ မေ ၁၇ ရက် စတင်မှာပါ။ ဆုတံဆိပ်မျှော်မှန်းမှု အနေနဲ့တော့ လောလောဆယ်မှာ ကကွက် တစ်ခု၊ အတိုက်တစ်ခု တော့ မှန်းထားပါတယ်” ဟု မြန်မာတိုက်ကွမ်ဒို အားကစား အဖွဲ့မှ အုပ်ချုပ်သူ ဒေါ်ဝါဝါထွန်း က ပြောသည်။
အဆိုပါ တိုက်ကွမ်ဒိုအားကစား ကကွက်ပြိုင်ပွဲတွင် အမျိုးသမီး တစ်ဦးချင်း ကကွက်ပြိုင်ပွဲ၊ အမျိုး သားတစ်ဦးချင်း ကကွက်ပြိုင်ပွဲ၊ အမျိုးသားအသင်းလိုက် ပြိုင်ပွဲ၊ အတိုက်ပြိုင်ပွဲတွင် အမျိုးသား - ၆၃ ၊ -၆၈၊ -၇၄၊ - ၈၀၊ -၈၇ ကီလို တန်းများတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး