(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ပီတန်းအားကစားနည်းမှ မခင်ချယ်ရီသက် ဆွတ်ခူးရရှိ

 

ဗီယက်နမ်    မေ   ၁၃


ဗီယက်နမ်နိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ   အားကစားပြိုင်ပွဲ ပီတန်း     (အမျိုးသား/ အမျိုးသမီး)အားကစားပြိုင်ပွဲ   ပွဲစဉ်များကို   ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့ရှိ National Sports Training Center ၌ ကျင်းပရာ  မြန်မာနိုင်ငံ     အိုလံပစ် ကော်မတီဥက္ကဋ္ဌ  အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်း မြင့်ဦးနှင့်   တာဝန်ရှိသူများ၊    မြန်မာ အားကစားအဖွဲ့များက    တက်ရောက် ကြည့်ရှုအားပေးကြသည်။

 


အဆိုပါပြိုင်ပွဲတွင် ပီတန်းအားကစား သမား  မခင်ချယ်ရီသက်သည် မြန်မာနိုင်ငံ အတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိသည်။  ပွဲဦးထွက်ပြိုင်ပွဲတွင် မခင်ချယ်ရီသက်သည် ပြိုင်ဘက်အသင်း ဖြစ်သော  ငါးနိုင်ငံမှ   အသင်းများဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရမှတ်အများဆုံးဖြင့် နံပါတ်(၁)နေရာရရှိခဲ့ပြီး နံပါတ် (၄) နေရာ မှ ကမ္ဘောဒီးယားနိုင်ငံဖြင့် ဆီမီးဖိုင်နယ် ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားရာတွင် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ သည်။ 

 


ထို့နောက်   ဗိုလ်လုပွဲ      ပွဲစဉ်တွင် လာအိုအသင်းမှ      အားကစားသမား နှင့်  ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ မခင်ချယ်ရီသက်က   လာအိုအားကစား သမား   Kip Thepphakan  ကို  အနိုင် ရရှိခဲ့ပြီး   မြန်မာနိုင်ငံအတွက်   ဒုတိယ မြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန် တန်   ဆွတ်ခူးရယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ပီတန်းအားကစားသမား မောင်ဝင်းသူရိန် ထွန်းကလည်း ကြေးတံဆိပ်ဆု ရရှိခဲ့ကြ သည်။

 


ဆက်လက်ပြီး   Hoai Duc Gymn-asium  ၌  Kurash  အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို   ကျင်းပရာ (-၇၀)ကီလိုတန်း အမျိုးသမီးပြိုင်ပွဲတွင် မဖြိုး ဆွေဇင်ကျော်သည် ဗီယက်နမ် အားကစား သမားကို   အနိုင်ရရှိခဲ့ပြီး   မြန်မာနိုင်ငံ အတွက် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ (-၇၃) ကီလိုတန်း   အမျိုးသားပြိုင်ပွဲတွင် မောင်စိုးမြင့်ထွန်းက    ကြေးတံဆိပ်ဆု ကိုလည်းကောင်း    အသီးသီးရရှိခဲ့ကြ သည်။

 


ယနေ့နံနက်ပိုင်းတွင် Hai Phong မြို့ ၌  Rowing    အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ရာ အမျိုးသမီး  နှစ်တက်လှော် ပြိုင်ပွဲတွင် မရွှေဇင်လတ်နှင့် မနီလာဝင်း တို့က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Ha Noi National Sports Training Center ၌ ကျင်းပလျက်ရှိသော   ကာယ ဗလ ကာယအလှအားကစားပြိုင်ပွဲ (၅၅) ကီလိုတန်းတွင်   မောင်ကျော်မင်းသန်း က    ကြေးတံဆိပ်ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း       သတင်းရရှိ သည်။

သတင်းစဉ်