၃၇ နှစ်ကြာ နယ်နှင်ဒဏ်ပေးခံရပြီးနောက် ဆီးရီးယားသမ္မတ၏ဦးလေး နိုင်ငံအတွင်းပြန်လာ

 

ဒမတ်စကတ်  အောက်တိုဘာ  ၉


ဆီးရီးယားသမ္မတ     ဘတ်ရှာ အယ်အာဆတ်၏   ဦးလေးဖြစ်သူ ရီဖတ်အယ်  အာဆတ်သည်  ၃၇  နှစ်ကြာ  နယ်နှင်ဒဏ်    ပေးခံရပြီး နောက်       ဆီးရီးယားနိုင်ငံသို့ ပြန်လာပြီဖြစ်ကြောင်း အောက်တို ဘာ ၈ ရက်  ညပိုင်းတွင်   အယ်ဝါ တန်       အွန်လိုင်းသတင်းစာတွင် ဖော်ပြထားသည်။ 


ဦးလေးဖြစ်သူ ပြန်လာနိုင်ရေး  အတွက်   သမ္မတ   အာဆတ်က ခွင့်ပြုပေးခဲ့သည်ဟု ဖော်ပြထား သည်။ ရီဖတ်အယ်အာဆတ်သည်  ဆီးရီးယားသို့ အောက်တိုဘာ ၇ ရက်တွင် ရောက်ရှိခဲ့ပြီး နိုင်ငံရေး နှင့် လူမှုရေး ရာထူးများ ယူထား ခြင်းမရှိဟု သိရသည်။ 


ပြင်သစ်တရားရုံးက  ၎င်းကို  ဘဏ္ဍာရေးပြစ်မှုဖြင့် ထောင်ဒဏ် လေးနှစ်        ချမှတ်ပြီးနောက် ဆီးရီးယားနိုင်ငံသို့   ပြန်လာခြင်း ဖြစ်သည်။ 
၎င်းပိုင်ဆိုင်သည့်  အမေရိကန် ဒေါ်လာ ၁၀၆ သန်းနှင့် စပိန်နိုင်ငံရှိ ပိုင်ဆိုင်မှုများကိုလည်း ပြီးခဲ့သည့် နှစ်       အနည်းငယ်အတွင်းက နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်းယူ ခံခဲ့ရသည်။ 


ဆင်ဟွာ