(၄၂)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ


 

နေပြည်တော် အောက်တိုဘာ ၂၁


(၄၂) ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Blue Jeans Application အသုံးပြု၍ Virtual Meeting အဖြစ် ကျင်းပသည်။
အစည်းအဝေးတွင် ကမ္ဘောဒီးယား နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Veng Sakhon က သဘာပတိအဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်ကြ၍ စားနပ် ရိက္ခာဖူလုံရေး၊ အစားအစာ ဘေး အန္တရာယ် ကင်းရှင်းစေရေးနှင့် အာဟာရ ပြည့်ဝစေရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့အတွက် ကိုဗစ်- ၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်နိုင်မှု တို့အပေါ် အာဆီယံနိုင်ငံများက တုံ့ပြန်ဆောင်ရွက်နေသည့် နည်းလမ်း များကို ဆွေးနွေးကြသည်။
အစည်းအဝေး၌ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒမူဘောင်အရ ဆောင်ရွက်ခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို တင်ပြရာတွင် ကိုဗစ်- ၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ၏ အဆို ပြုချက်များကို ၂၀၂၀ပြည့်နှစ် ဧပြီ ၁၅ရက်တွင် သဘောတူထုတ်ပြန်ခဲ့ ခြင်း၊ အာဆီယံ စားနပ်ရိက္ခာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာ မျှော်မှန်း ချက်နှင့် နည်းဗျူဟာ အစီအစဉ် (၂၀၁၆- ၂၀၂၀)အား ကာလတို ပြန်လည်သုံးသပ်ခြင်း၊ အပင်ပိုးမွှား ရောဂါကင်းစင်ရေးဆိုင်ရာအပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းများ အကောင် အထည်ဖော်မှုအတွက် အာဆီယံဒေသ ဆိုင်ရာ လမ်းညွှန်ချက်များကို အတည် ပြုခြင်း၊ အသားကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁- ၂၀၂၅)ကို အတည်ပြုခြင်း၊ သီးနှံကဏ္ဍအတွက် အာဆီယံနည်းဗျူ ဟာ လုပ်ငန်းစဉ် (၂၀၂၁- ၂၀၂၅)ကို အတည်ပြုခြင်း၊ ငါးကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁- ၂၀၂၅)ကို အတည်ပြုခြင်း၊ Fall Army Worm ဖျက်ပိုးအား ထိန်းချုပ်၊ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ် (၂၀၂၀- ၂၀၂၅) ကို အတည်ပြုခြင်း၊ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ရေရှည် တည်တံ့စေရေးအတွက် စီမံခန့်ခွဲမှု ဆိုင်ရာ လမ်းညွှန်ချက်အား အတည်ပြု ခြင်းများ ဆောင်ရွက်ကြသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်မည့် Key deliverables များအနက် အသားကဏ္ဍတွင် ဇီဝ သတင်းအချက်အလက်၊ နယ်စပ် ဖြတ်ကျော် တိရစ္ဆာန်ရောဂါများ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုန်သွယ် မှုအစီအစဉ်များ၊ ဇီဝလုံခြုံမှုဆိုင်ရာ အစီအမံများနှင့် အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာ ဒေသဆိုင်ရာ ရည်ညွှန်းဗဟိုဌာန တည်ထောင်ခြင်း၊ သီးနှံကဏ္ဍအတွက် သီးနှံများ တင်သွင်းရာတွင် အာဆီယံအပင် ရောဂါပိုးမွှား ကင်းစင်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ခြင်း၊ ငါးကဏ္ဍအတွက် ရေချိုငါးမွေးမြူရေး တွင် AMR Anti- microbial Resistance နှင့် သက်ဆိုင်သော လုပ်ငန်းစဉ် များ ချမှတ်ခြင်း၊ အာဆီယံ အစား အစာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာမူဝါဒနှင့် နည်းဥပဒေ မူဘောင် အတွက် သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ စားနပ်ရိက္ခာ၊ စိုက်ပျိုး ရေးနှင့် သစ်တောကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မိတ်ဖက် အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုတွင် ဩစတြေးလျ၊ တရုတ်၊ ဂျာမဏီ၊ အိန္ဒိယ၊ဂျပန်၊ ကိုရီး ယား၊ ရုရှားတို့နှင့်လည်းကောင်း၊FAO, OIE, Grow Asia တို့နှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် (၄၂)ကြိမ် မြောက် အာဆီယံ လယ်ယာစိုက်ပျိုး ရေးနှင့်သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး၏ ပူးတွဲ ကြေညာချက်အပေါ် အတည်ပြုခဲ့ပြီး (၄၃) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ West Java ရှိ Bandung မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်