၉/၁၁ တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ရသူများအတွက်  အောက်မေ့တမ်းတဖွယ် အခမ်းအနားပြုလုပ်


 

နယူးယောက်  စက်တင်ဘာ   ၁၁


အမေရိကန်   ပြည်ထောင်စုတွင် ၂၀၀၁  ခုနှစ် စက်တင်ဘာ   ၁၁ ရက်တွင်   အကြမ်းဖက်တိုက်ခိုက် မှုအတွင်း       သေဆုံးခဲ့ရသူများ အတွက်  အောက်မေ့သတိရဖွယ် အခမ်းအနားကို  စက်တင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ပြီး အနှစ် ၂၀ ပြည့်သွားပြီဖြစ်သည်။ 
ပြန်ပေးဆွဲခံရသည့် လေယာဉ် ဖြင့်   တိုက်မိမှုကြောင့်  ကမ္ဘာ့ ကုန်သွယ်ရေးစင်တာ   ပြိုကျမှု ကြောင့် သေဆုံးခဲ့ရသည့် မီးသတ် သမားများနှင့်     ရဲအရာရှိများ အတွက် အမှတ်တရ  အခမ်းအနား ကို နယူးယောက်မြို့တွင် ပြုလုပ် ခဲ့သည်။ 
အဆိုပါ       အကြမ်းဖက် တိုက်ခိုက်မှုအတွင်း  သေဆုံးသွား ရသူအယောက် ၄၀၀ ၏ ဓာတ်ပုံ များကို  နံရံပေါ်တွင်  ချိတ်ဆွဲထား ခဲ့သည်။ 
လာရောက်ကြသူများက ပန်း များဖြင့်       ဂုဏ်ပြုကြသည်။ ပန်ဆယ်ဗေးနီးယား  ပြည်နယ် တွင်လည်း လေယာဉ် ပြန်ပေးဆွဲမှု တွင်            ပါဝင်သွားသည့်     လူအယောက်   ၄၀   အတွက် အမှတ်ရဖွယ် အခမ်းအနားပြုလုပ် ခဲ့သည်။
အင်န်အိတ်ချ်ကေ