AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍  မဟုတ်မမှန်သတင်းများထုတ်လွှင့်နေမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ 
မဟုတ်မမှန်သတင်းများထုတ်လွှင့်နေမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
 

AA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့  စစ်တွေမြို့နယ်  ဗျိုင်းဖြူ ကျေးရွာ ကိစ္စနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေ တာကို   တွေ့ရပါတယ်။  ဒီ စစ်တွေမြို့နယ်   ဗျိုင်းဖြူကျေးရွာရဲ့ မြောက်ဘက်မှာရှိနေတဲ့ ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ်ပေါ့ ၊ ဗျိုင်းဖြူ ကျေးရွာဟာလည်း စစ်တွေမြို့နယ်ရဲ့မြောက်ဘက်မှာပဲရှိတာပါပဲ။ ဒီရွာတွေကနေပြီးတော့  AA အကြမ်းဖက်သောင်းကျန်းသူတွေ ခိုအောင်းပြီးတော့   စစ်တွေမြို့ထဲကို  Drone  တွေနဲ့  Drop  Bomb လာချတာတွေ၊ အဝေးကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ကို  ယခင်ထဲကတိုင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက် ပြီးတော့ ဗျိုင်းဖြူကျေးရွာ၊ ခုနကပြောတဲ့ကံပြင်ရွာဟောင်း၊ ကံပြင် ရွာသစ်မှာ AA အကြမ်းဖက်သောင်းကျန်းသူတွေ ရောက်ရှိနေတယ် ဆိုတဲ့ ဒေသခံတွေရဲ့ မြေပြင်သတင်းပေးချက်အရ တပ်မတော်အနေနဲ့ မေလ ၂၉ ရက်နေ့မှာ ဗျိုင်ဖြူကျေးရွာမှာ ဝင်ရောက်နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တယ်။  နယ်မြေလုံခြုံရေး   ဆောင်ရွက်ခဲ့တဲ့နေရာမှာ ရွာထဲဝင်သွားတုန်းကတော့  အေးအေးဆေးဆေးပါပဲ၊   ရွာထဲမှာ ရောက်တဲ့အခါမှာ ရွာသားမဟုတ်တဲ့ မသင်္ကာတဲ့လူတွေကို ခေါ်ယူ မေးမြန်းနေတယ်၊ ခေါ်ယူမေးမြန်းနေတဲ့ အချိန်မှာပဲ ဗျိုင်းဖြူရွာသား မဟုတ်တဲ့ ရွာသား သုံးဦးပေါ့၊ ဗျိုင်းဖြူရွာသား မဟုတ်တာတော့ သေချာတယ်၊ အဲဒီလူသုံးယောက်က လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သေနတ်ကို လုယူပြီးရန်ပြုဖို့ကြိုးစားတယ်။ ဒါကြောင့်မို့လို့ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရတယ်။ ပစ်ခတ်ခဲ့တဲ့နေရာမှာ ခုနက သေနတ်လုယူတဲ့ အမျိုးသား သုံးဦးသေဆုံးခဲ့တာရှိတယ်။ အဲဒီအထဲမှာ မသင်္ကာတဲ့သူ လူ ၂၀ လောက်ကို ခေါ်ယူထိန်းသိမ်းပြီးတော့မှ စစ်ဆေး လျက်ရှိတယ်။ အဲဒီအထဲမှာ ပါတဲ့  AA ရဲ့  ယုတ်မာကောက်ကျစ်ပြီး  ဝါဒဖြန့်မှုဖြစ်တဲ့   လူ   ၄၀   လောက်  သေဆုံးတယ်တို့၊   အမျိုးသမီး တွေကို    အဓမ္မပြုကျင့်သွားတယ်ဆိုတဲ့  ကိစ္စမျိုး   ဖြစ်ပျက်ခဲ့ခြင်း မရှိပါဘူး။ 
AA အနေနဲ့ ဒါတွေဘာလို့လုပ်သလဲဆိုတော့ AA အနေနဲ့က ရခိုင် ပြည်နယ်မြောက်ပိုင်း  ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဘင်္ဂါလီတွေ ကို သတ်ဖြတ်ခဲ့တယ်။ ဘင်္ဂါလီတွေရဲ့  အိမ်တွေကို    မီးရှို့ခဲ့တဲ့  ကိစ္စနဲ့ ပတ်သက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ကမ္ဘာ့အဖွဲ့ အစည်းအချို့က၊ နိုင်ငံတကာအဖွဲ့အစည်းအချို့က သူတို့ကို ဖိအား ပေးတဲ့အချိန်မှာ  မဟုတ်မမှန်  လုပ်ကြံစွပ်စွဲခြင်းသာ  ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့မှာဆိုရင် မေလ ၁၇ ရက်နေ့၊ ၁၈ ရက်နေ့ အဆိုးဆုံး ပါပဲ။ မေလ ၁၇ ရက်နေ့ ည ၉ နာရီခွဲလောက်ကဆိုရင် AA အနေနဲ့ ဘူးသီးတောင်မြို့ထဲကို ဝင်ရောက်လာတဲ့အကြောင်း သတင်းရတယ်။ ပြီးရင် ဘင်္ဂါလီတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့ပြီး ဘင်္ဂါလီ အားလုံးကို ထွက်သွားဖို့ဆိုပြီး    နှင်ထုတ်ခဲ့တာမျိုး    ရှိပါတယ်။   ဒါ့အပြင် ဘူးသီးတောင်နားလေးမှာရှိတဲ့ ကျေးရွာတွေ အိုးသည်ရွာတို့၊ ပြီးရင် ဘူးသီးတောင်အရှေ့ဘက်မှာရှိတဲ့ရွာတို့ အားလုံးကို ဘင်္ဂါလီတွေရဲ့ ရွာများကို    မီးရှို့ခဲ့တာဖြစ်တယ်။  ဒါ့အပြင်  အစုလိုက်  အပြုံလိုက် သတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့    သတင်းတွေလည်း   ရရှိပါတယ်။ အထောက်အထား ခိုင်လုံစွာနဲ့ ရရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဖုံးကွယ်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်တယ်။ 
ဒါကို ကျွန်တော် ယခင်တစ်ခါလည်းပြောခဲ့ပြီးပါပြီ၊ AA အနေနဲ့က တစ်ဖက်သတ်အစွန်းရောက်  လူမျိုးရေးခွဲခြားမှု၊  တစ်ဖက်သတ် အစွန်းရောက်  လူမျိုးရေးလှုံ့ဆော်မှုတွေနဲ့ ဆောင်ရွက်နေတာဖြစ်ပါ တယ်။ တည့်တည့်ပြောရရင် ဒီ AA အဖွဲ့အစည်းဟာ ဗမာမုန်းတီးရေး၊ ဘင်္ဂါလီမုန်းတီးရေး၊ ဒါ့အပြင် အဲဒီမှာရှိနေတဲ့  လူမျိုးစုငယ်တွေဖြစ်တဲ့  မြို၊ ခမီ၊ သက်၊  ဒိုင်းနက်စတဲ့ တိုင်းရင်းသားလူမျိုးစုနွယ်တွေကိုပါ   မုန်းတီးရေးလုပ်နေတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မူးယစ် ဆေးဝါးနဲ့ရပ်တည်နေတဲ့  အဖွဲ့အစည်း ဖြစ်ပါတယ်။ ယခင်ကလည်း ကျွန်တော်တို့ AA ကနေပြီး AA တပ်ဖွဲ့ဝင်တွေ၊ AA ကိုထောက်ပံ့နေတဲ့ အဖွဲ့တွေရဲ့  မူးယစ်ဆေးဝါး  သယ်ဆောင်မှုတွေ၊   ဖြန့်ဖြူးမှုတွေ အကြောင်း ပြောခဲ့ပြီးပါပြီ။ အခု အနီးဆုံးအနေနဲ့ မတ်လ ၂၁ ရက်နေ့ မှာဆိုရင် AA ရဲ့ ထောက်ပံ့ရေး တာဝန်ခံ  တရားခံပြေး သန့်ဇင်ဦးက ဘူးသီးတောင်မြို့မှာနေတဲ့ AA သောင်းကျန်းသူအဖွဲ့ရဲ့ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်းနဲ့ ချိတ်ဆက်ပြီးတော့ မူးယစ် ဆေးဝါးတွေ   ရန်ကုန်ကနေတစ်ဆင့် စစ်တွေ၊  ဘူးသီးတောင်ကို ပို့ဆောင်ဖို့ လုပ်ဆောင်နေတဲ့အကြောင်း တာဝန်သိပြည်သူတစ်ဦးရဲ့ သတိပေးချက်အရ ရန်ကုန် တာမွေမြို့နယ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ တယ်။ တရားခံ ထွန်းသိန်းအောင်နဲ့ သူ့ရဲ့ဇနီး နှစ်ယောက် ဖမ်းမိပါ တယ်။  သူတို့ရဲ့  ထွက်ဆိုချက်အရ  ကျွန်တော်တို့  ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဆိပ်ကမ်းမှာရှိတဲ့ အမှတ် (၂) တံတား မှာ ဆိုက်ကပ်ထားတဲ့  ရန်ကုန်- စစ်တွေ ပြေးဆွဲနေတဲ့ အမ်ဗွီ- စိန်ပြည့် မင်း ကုန်တင်သင်္ဘောကို ဝင်ရောက်စစ်ဆေးတဲ့အခါမှာ စက္ကူဖာတွေ အတွင်းက  WY  စာတန်းပါ   စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းနဲ့ ကာလတန်ဖိုးငွေ တစ်ဘီလီယံကျပ်ခန့် ဖမ်းဆီးရရှိခဲ့တာ ဖြစ်တယ်။ သူတို့ကို ကျွန်တော်တို့  ဖမ်းဆီးတဲ့နေရာမှာ  စစ်တွေမြို့ ဘောက်သီးစု ရပ်ကွက်မှာရှိတဲ့ တရားခံပြေး သန့်ဇင်ဦးကနေ ရန်ကုန်ကနေ   စစ်တွေ ကို   ပို့ပေးရင်  ငွေပေးမယ်ဆိုပြီး သဘောတူ လက်ခံခဲ့တာ ဖြစ်တယ်။ ပြီးရင်ဒီ အမ်ဗွီ-စိန်ပြည့်မင်း သင်္ဘောပေါ်မှာ တင်ခဲ့တာဖြစ်တယ်။  
၂၀၁၆  ခုနှစ်ကနေ ဒီမတ်လအတွင်း   AA သောင်းကျန်းသူအဖွဲ့နဲ့ ဆက်စပ်တဲ့     မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု   ကိုးကြိမ်    ရှိခဲ့တယ်။ မူးယစ်ဆေးဝါးကာလတန်ဖိုး ၂၉၄ ဒသမ ၈၂ ဘီလီယံ ကျပ်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ မေလ ၂၉ ရက်နေ့မှာလည်း AA အကြမ်းဖက်အဖွဲ့ကို ပို့မယ့် ရန်ကုန်ကနေ  ပြည်ကို  မောင်းနှင်လာတဲ့   မော်တော်ယာဉ် တစ်စီးပေါ့။  အဲဒီမှာ  ထွန်းထွန်းဝင်း၊  တေဇ သူတို့ သယ်ဆောင်လာတဲ့ အုတ်ခဲတွေနဲ့ရောသယ်ဆောင်လာတဲ့    ကားတစ်စီးကို   စစ်ဆေးခဲ့ တယ်။ အဲဒီမှာ WY စာတန်းပါ မူးယစ်ဆေးဝါး အုတ်ခဲပုံ အထုပ် ၂၀ စီပါတဲ့ အိတ် ၁၀ အိတ်၊ အုတ်ခဲပုံအထုပ်၁၀ ခုစီပါတဲ့ အိတ် ကိုးအိတ် WY စာတန်းပါ ဆေးပြားစုစုပေါင်း ၂၉ သိန်း၊ ကာလတန်ဖိုးငွေကျပ် သိန်း နှစ်သောင်းလောက် ဖမ်းဆီးရမိခဲ့ပါတယ်။  AA   အကြမ်းဖက် သောင်းကျန်းသူများအနေနဲ့ ခုနကပြောသလို လူမျိုးရေးအစွန်းရောက် လှုံ့ဆော်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှု တွေကို  ရခိုင်ပြည်နယ်အတွင်းမှာ  လုပ်ဆောင်နေတဲ့အပြင်၊   ရခိုင် ပြည်နယ်အတွင်းမှာ တစ်မျိုးသားလုံးလူညွန့်တုံးစေဖို့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ၊   ဖြန့်ဖြူးတာတွေ   ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။ 
တိုင်းရင်းသား မိဘညီအစ်ကို မောင်နှမများ၊  ပြည်သူများအနေနဲ့ သူတို့ရဲ့    အစွန်းရောက်လုပ်ရပ်တွေ၊   ရခိုင်တစ်မျိုးသားလုံးကို   လူညွန့်တုံးစေမယ့်  မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုလုပ်ငန်း တွေ    လုပ်ဆောင်နေတဲ့   ဒီအကြမ်းဖက်သောင်းကျန်းသူ  AA အဖွဲ့ ကို  သတိရှိဖို့လိုပါတယ်။    ဒီဟာတွေကို   ဆောင်ရွက်နေခြင်းဟာ  ရခိုင်ပြည်နယ်     ရခိုင်ပြည်သူလူထု   ကျွန်တော်တို့    မြန်မာနိုင်ငံ မြန်မာနိုင်ငံသူ     နိုင်ငံသားတွေအတွက်   အကျိုးယုတ်စေမယ့်   လုပ်ငန်းတွေပဲဖြစ်လို့  အားလုံးက  ဝိုင်းဝန်းဆန့်ကျင်ကြဖို့  သတိပေး ပြောကြားလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။